(သခင်သာလျှင်) မှလိုက်လှဲစွာကြိုဆိုပါတယ်နော်

ကျွှန်တော်ရဲ့ဆိုဒ်မှာတင်သမျှပို့စ်များသည်မူပိုင်မဟုတ်ပါ တစ်ခြားခြားသော ဆိုဒ်များမှ ကူးယူတင်ပြခြင်းသာဖြစ်သည် တစ်ခြားဘာကိုမှ မရည်ရွယ်ပါ ကျွှန်တော်လိုအပ်တဲ့အခါ အလွယ်သုံးနှိုင်ရန်ယူထားခြင်းဖြစ်သည်

သခင်သာလျှင်

ဘ၀မှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ မလဲကျဖူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်လဲကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်တယ်..... ဆန္ဒနဲ့ရည်မှန်းချက်တို့သည် ပစ္စုပ္ပန်၌ ကျွှန်ုပ်တို့၏ ဘ၀ရှင်သန်ကြီးပွားအောင်မြင်အရေးအတွက် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အခြေခံအကြောင်ပင်ဖြစ်ပါကြောင်း မှတ်သားအပ်ပါသည်။

{သခင်သာလျှင်}မှလိုက်လှဲစွာကြိုဆိုပါတယ်နော်

ကျွှန်တော်ရဲ့ဆိုဒ်မှာတင်ပေးထားသောpostများသည်မိမိမူပိုင်မဟုတ်ပါ တစ်ခြားသောဆိုဒ်များမှကူးယူထားခြင်းဖြစ်သည် ဘာကိုမှမရည်ရွယ်ပါ လိုအပ်သောအခါ အလွယ်သုံးပြုနှိုင်ရန်သာယူထားခြင်းဖြစ်ပါသည်

( သခင်သာလျှင် )

နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ဘ၀သစ်ကို တည်ဆောက်နှိုင်ကြပါစေလို့ (သခင်သာလျှင်) ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

(သခင်သာလျှင်)အမြဲကြိုဆိုလျှက်ပါနော်(lovingbird) fb သို့သွားလိုပါက ဒီပုံကို နှိပ်ပါ

အားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့.....သခင်သာလျှင်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်

1

(မန်ဘာဝင်ရောက်ခြင်းဖြင့်အားပေးကြပါနော်)

Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

2/17/14

"ကျောင်းတော်ကြီးကသူငယ်ချင်းများ"

"ကျောင်းတော်ကြီးကသူငယ်ချင်းများ"

ဆုံစည်းရပ်ဝန်း ကျောင်းတော်ကြီးမှာ
 ကျောင်းတက်ရက်တွေတဖည်းဖြည်းနဲ့
 အမှတ်တမဲ့ကုန်ဆုံး သွားလည်း....
 ပြောမဆုံးပေါင်တောသုံးထောင်က
ငယ်ချင်းတို့ရဲ့အကြောင်းတွေပါ
အကြောင်းဖန်လို့
ဒီနေရာကိုငါ့တစ်ယောက်တည်းရောက်ရှိ တိုင်းလည်း
တို့တစ်တွေရဲ့ရှင်သန် နေဆဲအငွေ့အသက် ကိုရှုရှိုက်မိတိုင်း
 ကျောင်းတော်ကြီးမှ ခင်ခဲ့ရတဲ့ သူငယ်ချင်းတွေကိုလွမ်းမိပါရဲ့
အရာရာဟာမှုန်ဝါးသွားလည်း
ခင်မင်မှုစစ်အရောင် မညစ်ဘဲ
ခံစားချက်နဲ့နံရံတွေပေါ်
ရေးခြစ်ခဲ့တဲ့ကဗျာတွေဟာ
ယခုထိတိုင်မပျောက်ပျက်ဘဲ
သစ္စာရှိစွာတည်နေဆဲပါ
တစ်ချိန်ချိန်မှာအသက်ရွယ်ကြောင့်
ငါ့ဦးနှောက်ကမေ့သွားခဲ့လည်းနှလုံးသား ကမှတ်မိနေမှာ
ငယ်ချင်းတို့ရဲ့အကြောင်းတွေပါ


မူရင်း.....Than Sin 
မှတ်ချက်။ ကဗျာနဲ့လှိုက်ဖက်အောင် ပုံကို google chrome မှယူထားပါသည်။



2/14/14

လွမ်းငွေ့ တစ်ဝေေ၀ တက္ကသိုလ်မြေ


(လွမ်းငွေ့ တစ်ဝေေ၀ တက္ကသိုလ်မြေ)


မြိတ်တက္ကသိုလ်မှာ

ပေါင်းဖော်လာခဲ့တဲ့


အပေါင်းအသင်း သူငယ်ချင်းတို့ရေ


ပူလောင်လှပါတဲ့ စိတ်မကြည်သာ


မြိတ်နယ်မြေမှာ သုံးနှစ်တာကာလ


ပညာသင်ကြပြီးခါမှ


အခုလိုခွဲရမယ်ဆိုတော့လည်း 


ဝမ်းနည်းမိတယ် ဘဝတစ်တွေ့မှာ


ခဏသာတွေ့ခဲ့ရပေမဲ့ ထာဝရမမေ့ပါဘူး


ရွှေဖြူပင်တွေဝန်းရံ ပါတဲ့


ငါတို့ကျောင်းတော်ကြီး 


ရှုမငြီးတဲ့ပေတစ်ရာလမ်း 


ငါတို့အခန်း (103) နှင့် 


စိန်ခြယ်ပင်အောက်က 'canteen'


 နောက်ပျင်းရင်မြင်ယောင်ကြည့်

အရမ်းလွမ်းမိမှာပါ

ကျောင်းတက်ချိန်ကာလစနောက်ကြနှင့်


ရသမျှအချိန်မှာ စကားပြောကြ


အတန်းလည်းမတက် 


စာကြည့်တိုက်သွားခဲ့ တဲ့ရက်တွေ


ဘယ်လိုလုပ်မေ့ရက်မလဲ


ကျောင်းတော်ကြီးသီချင်းသံလေး 


အဆောင်ရှေ့မှာညံလို့ 


ကျောင်းပိတ်ခါနီးမှာ


ကြားကြားရတာ စိတ်မရွှင်ပါ


သိပ်ခင်မင်တတ်လို့ပါ့


တစ်နယ်စီခြားကွာ ဝေးသွားလည်း


အမြဲယုံကြည် ကံမကုန်သရွေ့


ငါတို့ပြန်ဆုံတွေ့ကြဦးမယ်လေ


ကျောင်းပြီးလို့တစ်ပေါင်းတစ်စည်းတည်း 


မဖြစ်တော့ပေမဲ့


ကျောင်းပိတ်လို့ နောင်အတိတ်ကို


တွေးမိတိုင်း ကဗျာရူးစာရူး


ငါ့ကိုသာမင့်တို့ပြန်သတိရကြည့်


ငါအရမ်းကျေနပ်မိမှာပါ


ဝေးကွာသွားရင်လေ


နင့်တို့ငါ့ကိုသတိပဲရရ


မေ့ရင်လည်းမေ့နေကြ 


ငါကတော့လေအနာဂတ်မှာ


ကဗျာတွေစပ်ရင်း 


မင့်တို့ပျော်စေကြော
င်း အမြဲဆုတောင်းပေးနေမယ်


မှတ်ချက်။....Than Sin ရဲ့ကဗျာလေးကို ခံစားတင်ပြပေးလိုက်ပါတယ်


သခင်သာလျှင်သို့လာရောက်လည်ပတ်ကြသော သူငယ်ချင်းအပေါင်း ထာဝရပျော်ရွင်ချမ်းမြေ့ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

12/31/13

(သခင်သာလျှင်)

တစ်ခါတစ်ရံ နားလည်ပေးလွန်းလို့

ငါ့ကိုငါတောင် သြချ ရတဲ့အဖြစ်။

ခွင့်လွှတ်ပေးဖို့ အကြိမ်ကြိမ်ကြိုးစားရင်းနဲ့


ဒူးထောက်ရတဲ့ ငါ... ။


မမြင်ချင်ယောင် ဆောင်နေမှန်းသိလျှက်နဲ့


သခင့်ခြေရင်းဒူးထောက်ခစားမြဲပါပဲကွယ်

ပူတာကိုသိပေမယ့်လည်း မီးပုံထဲတိုးကာဝင်တဲ့


ပိုးဖလန်ငယ်မပါ သခင်ရဲ့ခြေဖ၀ါးအောက်က


မြေမှုန့်မျှသာ တန်ဖိုးထားလည်း


သခင့်အလိုကျ အပြုံးမပျက်ခဲ့ပါဘူး


ဖြစ်ချင်တာကို ရင်မှာသိုသိပ်


သခင်ပြောသမျှ ခေါင်းညိတ်ခဲ့တာ


အသဲနှစ်အောင် ချစ်လို့ပါ...


ချစ်သူရယ်.........


တကယ်ချစ်ရင် အချစ်ဆိုတဲ့ ဆူးက


ဒီရင်ကို စူးစေတာလားဟာ။


ငါ အရမ်းချစ်လို့ ချစ်လွန
လို့

မျက်လုံးစုံမှိတ် ကြိတ်ပြီးငိုခဲ့တာလဲ များပါပြီ။

အိပ်မရတဲ့ညတွေ ငါ့အတွက်


အဆိပ်တစ်ခွက်လို ပြင်းလှပါတယ်။


အချစ် အလွမ်း တမ်းတ ခြင်းတွေ


ငါ့ရင်မှာ နေရာ အနှံ့ ဘာလို့ စိုးမိုးထားရတာလဲ။


ဆုံးရှုံးခြင်းဆိုတဲ့ စကားလုံး


ဝေးကွာခြင်းဆိုတဲ့ စကားလုံး


လမ်းခွဲခြင်းဆိုတဲ့ စကားလုံးေ
တွ

ငါ မကြားချင်ဆုံး အကြောက်ဆုံးတွေပါ။

တို့နှစ်ယောက်တစ်သက်မခွဲဘူး


သက်ရှူသံတွေရပ်တန့်မှ


တို့ရဲ့အချစ်တွေရပ်ကျမယ်လို့


တိုင်တည်ကာ ထားပေမယ့်လည်း


ကံကြမ္မာ အလှည့်ပြောင်းမှာ


ကံဇာတ်ဆရာ အလိုကျ


ကြိုးဆွဲရာ က လို့ ဝေးသွားခဲ့ရင်.....


ငါ့နှလုံးသားကိုထုတ်


အသဲကို မြေမြုပ်လို့


ငါ့ဝိဥာဉ်တွေ သခင်နဲ့အတူ သယ်သွားပါတော့.....


ငါ အရမ်းချစ်တယ်


ငါ အရမ်းမြတ်နိုးတယ်


ငါ ပြောမပြတတ်အောင်


သခင့်ပေါ်ထားတဲ့ သံယောဇဉ် တွေ


နှောင်ကြိုးတွေ အထပ်ထပ်နဲ့


ခိုင်မြဲလွန်းနေလို့ပါ ။


သခင့်ရဲ့နား အရိပ်တစ်ခုလို


အမြဲရှိနေချင်လို့ပါ။


ဝိဥာဏ်ဖြစ်လည်း သခင့်ရဲ့နှလုံးသားမှာ


ကျေးကျွှန်အဖြစ် ခစားပါရစေနော်....

.
ခွဲမသွားနှိုင်လို့ပါ..................


( lovingbird)........






ပျော်ရွင်ကြပါစေ.......





သခင်သာလျှင်လည်ပတ်လိုပါက ဒီမှာ နှိပ်ပါ




12/26/13

(ကျရှုံးသူရဲ့ ရင်ဖွင့်သံ)

အချစ်ဆိုတာကို အထားအသို မှားခဲ့တော့ သတ်ပုံတွေက အလွဲလွဲ ချော်ချော်။

 ခံစားတတ်တဲ့ ဝေဒနာက ဒီဘဝမပြောနဲ့ နောင်ဘဝရောက်ရင်တောင် အလွတ်ပေးမှာ မဟုတ်ဘူး။

 ခက်တော့လည်း ခက်တယ် နှလုံးသားရဲ့ အားနည်းချက်က အမုန်းတရား မရှိဘူး ထိလွယ် ရှလွယ် ကြေကွဲလွယ်တဲ့ ရင်ဘတ်ကြီးက

 အရှုံးဆိုတာကို ခံယူဖို့ အဆင်သင့် မဖြစ်ခင်မှာဘဲ ရက်စက်စွာ ထားခဲ့လေပြီ။

 ခွင့်လွတ်ပါတယ်... ကြည်ဖြူပါတယ်...

 တွယ်တာလိုသူ ငါ့လိုလူမှ ကံတရားက မညှာတာ အကြင်နာ လမ်းအချိုးမှာ

ဝေဒနာပန်းပျိုးခဲ့မိလေတော့...

 ရှိပါစေလေ... မျက်ရည်ပြို ဒီတစ်ပွဲလည်း အရှုံးနဲ့သာ ကျန်ရစ်သည်။ 







ညီလေး Khaing Myat Sue ကဗျာကိုပြန်ပြီးခံစားတာပါ.....

12/9/13

ကဗျာများ

တွေ့ချင်ပေမယ့်
မစွမ်းသာတစ်ကယ်ပါ
တွေးနေယုံကျေနပ်
နေတတ်ချင်လည်း
မှားယွင်းမှုတွေ
အလီလီဖြစ်မှာကို
စိုးထိတ်ပိုကဲ
အလွမ်းတိုးကာ
နွမ်းလျမှာစိုး....

ညတွေညတွေ
ထထထိုင်နေ
တွေးလို့ယောင်မှား
စိတ်ချောက်ခြားခဲ့
သက်တန့်ရယ်
ငှက်ကလေးရယ်
အမှောင်ထဲကမျက်နှာ
ရင်မခုန်လည်းကျေနပ်
နင်မယုံလည်း
မဖြေတတ်ပါကွယ်......။ ။


{မရိုးမရွစိတ်ကူးတွေနဲ့}

လှိုင်းခတ်ရာကို

ကမ်းလို့ထင်ပြီး

ကူးမိခဲ့ပါတယ်...............

အမောနွံထဲ

လက်ပန်းကျတော့မှ

အရမ်းဖြူစင်တဲ့

လက်တစ်စုံကို

ဘယ်လိုအားနဲ့များ

ကမ်းရက်မှာလဲ.................

နေပါစေတော့နော်

ငါစုံစုံမမြုပ်ခင်

ခဏလေးပဲ

ဖေးလို့ကူပေးပါ.........................

အဆိပ်လိုခါးတဲ့

ငါ့ကိုသာ

မြိုမချမိပါစေနဲ့......................

ထွေးဖို့အန်ဖို့

ခက်ခဲတဲ့စကားလုံးတွေကို

မင်းနားမလည်တဲ့

ဘာသာနဲပဲ

နေ့စဉ်ချပြမယ်နော်...........................

ငါ့ရင်ဝမှာ

စိုက်နေတဲ့မြားက

နှစ်ချောင်းဆိုရင်တောင်မှ

မင်းခွင်းခဲ့တဲ့

မြားကမှ

နာကျင်ခြင်းကင်းခဲ့တာ.......................


မိုးလေ၀သ အထူးသတင်း

အချစ်သက္ကရာဇ် ၁၅၀၀ ခုနှစ်

ယနေ့ အချစ်လဆန်း ၁ ရက်နေ့ ၅း ၂၈ မိနစ် တိုင်းထွာချက်အရ ချစ်သူအခြေအနေကို ဗဟိုပြု ၍ နှလုံးသားမြို့နှင့် အနီးတစ်ဝိုက်တွင် အမုန်းမုန်တိုင်းတစ်ခု အားပြုလျှက်ရှိပါသည်။



ထိုမုန်တိုင်းသည် ပိုမိုအားကောင်းလာကာ မျက်ဝန်းကမ်းရိုးတန်းတစ်လျှောက်နှင့် မျက်စိပင်လယ်တို့တွင်

ရံဖန်ရံခါ မိုးသက်လေးပြင်းများ ကျရောက်ပြီး ဝေဒနာလှိုင်းများ ကြီးနိုင်ပါသည်။



မုန်တိုင်းကျချိန် ဝေဒနာရေပြင် လေပြင်၏ ရင်ခုန်နှုန်း အတိုင်းတာသည် တစ်စက္ကန့်လျှင် အကြိမ် ၁၅၀၀ ထိ ပြင်းထန်စွာ တိုက်ခတ်နိုင်ပါသည်။

သို့ပါ၍ နှလုံးသားမြို့မှ အလွမ်းရွာသို့ အထီးကျန်လှေစီးပြီး ကြေကွဲခြင်းလှော်တက်ဖြင့်လှော်ကာ ဝေဒနာ

မြစ်ကြောအတိုင်း အဆွေးပင်လယ်သို့ရောက်အောင် ကြိုတင် သွားရောက်နေထိုင်ပါရန် လေးစားစွာဖြင့်

အသိပေးနှိုးဆော်အပ်ပါသည်။

အချစ်လေဗေဒဦးစီးရေးဌာန၊

မေတ္တာရေးဝန်ကြီးဌာန



ရိုးရိုးကျင့်လို့

မြင့်မြင့်ကြံဟု
ငယ်ငယ်တုန်းက
စာအံသံတွေ
နှလုံးသားမှာ
စူးနှစ်မြဲစွာ
ဒုကွအပေါင်း
သရဖူဆောင်း
အနာဂါတ်မှာ
နာကျင်ခြင်းနဲ့
ဆူးခင်းလမ်းမှာ
ဖိနပ်မပါပဲ
လျှောက်လှမ်းရကာ
ကူညီတောင်းဖို့
အနားမှာလဲ
ဘယ်သူမှမရှိ
ဆက်လျှောက်လှမ်းကာ
ဆူးတွေနှိမ့်စက်
နာကျင်လှလည်း
ကြိတ်မှိတ်ခံလျှက်
ဆုံးခန်းတိုင်အောင်
လျှောက်နေမြဲတည်း။.....
........lovingbird




လုံးပါးပါးဆဲ

ငါ့ဘ၀ကို
ဖောက်ပြန်မှု့များ
သည်ဆောင်လာတဲ့
ခါသီးမှု့နဲ့
နေ့ရက်များမှာ
တနေ့တစ်ခြား
တိုးတက်လာတဲ့
ဒုကွတွေကို
ထုခွဲရောင်ငြီး
မပြောင်းလွဲသော
မနက်ဖြန်မှာ
ချိုမြိန်ခြင်းကို
ငတ်မွတ်တမ်းတ
တရစ်ဝဲ၀ဲ
လမ်းဟောင်းထဲမှာ
စမ်းတ၀ါးဝါး
မျော်လက်ချက်တို့
ပြီးဆုံးသွားသော
နေ့ရက်များတောင်
နှစ်တွေအဖြစ်
အလီလီပြောင်းခဲ့ပြီ....။
..................lovingbird





(အခုတော့....ငါ့ဘ၀)

မိးတောက်ငယ်မို့
သတိမထား
အနားကပ်လို့
အားထားခိုလှုံ
လုံခြုံမိခဲ့
မိးတောက်ကြီးက
တစ်စစပွား
လောင်ကျွှမ်းလာသော်
အို..ပူလှချည်
လောင်လှချည်ရဲ့
အမိုက်သားငါ
လောင်မြိုက်မိပြီ
မငြိမ်းသတ်နှိုင်
ကြီးစွလောင်မီး
ငါခနွ့ာမှာ
လောင်စာအဖြင့်
လောင်မြိုက်ပြီးကာ
ပြာကျပျက်စီး
ငါ့ဘ၀ကြီး
ရလဒ်မဲ့ကာ
ဆုံးခန်းတိုင်ခဲ့ပြီ.....။
.....lovingbird




ဥယျဉ်မှုး

ရေလောင်းပေါင်းသင်
စိုက်ပျိုး အပင်
ပြုစုမွေးလည်း
ကောင်းသည့်ဟန်နဲ့
ဟိုသည်ယိမ်းငဲ့
မခိုင်ကျည်ဘဲ
မပန်ကောင်းသော
ပန်းများသာပင်
ဖူးပွင့်လာရ်ျ
ရင်ထုမနာ
ဥယျဉ်မှုးမှာ
တိုက်တိုက်တိုးတိုး
ခိုခိုက်ဆိုးရ်ျ
နာကျင်ခြင်းများ
ရင်ထဲပြည့်လျှံ
ရူးသလိုဟန်နဲ့
မျော်လင့်ချက်များ
မဆုပ်မနစ်ပဲ
ဘ၀၀င်ကဘာ
လူ့ဝန်းကျင်မှာ
ချာလည်ပတ်ကာ
ထွက်ပေါက်မတွေ့ခဲ့....။
(မှတ်ချက်) စာလုံးဆက်ရိုက်မရလို့စာကိုပြင်ပြီးဖတ်ပါရန်
.....lovingbird




(မှန်လား)
လူတို့ပြည်ရွာ
ဤကမ္ဘာမှာ
ပျောက်ကွယ်ရှားပါး
အမှန်တရား
ရိုးသားသူလည်း
အရူးထင်လို
မှားနေပါလည်း
လက်မခံလို
မိုက်ရဲသူကို
ဆရာကြီးဆို
ငွေသာရလျှင်
ကောင်းဆိုးမမြင်
ငွေသည်သာပင်
လောကဘုရင်
လးတိုင်းချစ်ခင်
တန်ခိုးကြီးရှင်
ပြုနှိုင်စွမ်းငင်
ဘ၀လိုအင်
သူခိုင်းစေရာ
ငိုသူတွေငို
ရည်သူတွေရည်
ပြုကြရပေသည်။
......lovingbird




တိမ်ညိုမှိုင်းမှိုင်း
တေားအုပ်ဆိုင်းဆိုင်း
သားရှိုင်းထူပြော
တေားတွင်းနန်းမှာ
နိဗွာန်မသိ
အမှားများစွာ
လောဘလွမ်းခြုံ
မေားဟဘုံမှာ
အတ်တများနဲ့
အလင်းမမြင်
ခရီးအမှောင်မှာ
မျော်လင့်ချက်များ
မှုံဝါးခဲ့ပြီ
မဆုတ်မနစ်
ယုံကြည်ချက်များ
လမ်းရွေးမှားကာ
မုဆိုးထောင်ထား
ကျော့ကွင်းထဲသို့
သက်ဆင်းခဲ့ပြီ
ငါ့ဘ၀တည်း။............
...(မှတ်ချက်)...စာလုံးဆင့်ရိုက်လို့မရသောကြောင့် စာကိုပြင်ဖတ်ပေးပါရန်
.....lovingbird




(လူ့ဘ၀တစ်ခုရဲ့အစ)

ဘ၀မှာ ရှင်သန်ရပ်တည်နှိုင်ဖို့အိမ်တစ်လုံးမရှိမဖြစ်လိုအပ်တယ် အိမ်ဆိုသည်မှာလူ့ဘ၀ရဲ့ အရေးကြီးဆုံးဟုလည်းဆိုနှိုင်သည်အိမ်ရှိနေပေမယ့်လည်းဒီအိမ်ဟာ အကြာကြီးနေထိုင်ရဖို့အတွက် ခိုင်ခံ့မှု့ရှိရမယ် အမိုးလှုံရမယ် အကာဆီးကောင်းမွန်ရမယ်ထိုမှသာလျှင် ဘ၀တစ်ခုအတွက် စိတ်ချလက်ချ နသုံးဝင်တဲ့အိမ်တစ်လုံး ဖြစ်လိမ့်မယ်
သင့်ဘ၀လမ်း
အစပြုဖို့ရန်
လိုအပ်သည့်အိမ်
လှပခိုင်ခံ့
အမိုးလုံခြုံ
အကာဆီးမှာ
ကောင်းသည့်ဟန်တူ
ရှိပေသော်ကား
စိတ်ချလက်ချ
သင့်ရဲ့ဘဝ
ရောင်ရဲတင်းတိမ်
မရှိမဖြစ်အိမ်...

....lovingbird





ငါ့..(အနာဂါတ်)
မီးတောက်ငယ်မို့
ငါ့ပေါ့ဆလို့
လောင်ကျွှမ်းနှိုင်တာ
သတိမထား
အနားကပ်လို့
အားထားခိုလုံ
လုံခြုံမိခဲ့
မီးတောက်ကြီးမား
တစ်စစပွား
ကိုက်မြိုဝါးစား
အိုပူလှချည်
လောင်လှချီရဲ့
နှောင်မှသိခဲ့
အမိုက်သားငါ
လောင်မြိုက်မိပြီ
မငြိမ်းသတ်နှိုင်
ကြီးစွာလောင်ကာ
တစ်စစနဲ့
လောင်စာမီးဖြစ်
လောင်ကျွှမ်းပြီးကာ
ငါ့ဘ၀ကြီး
ထိုမီးလောင်စာ
ပြာကျပျက်သုန်း
အနာဂါတ်ဆုံးခဲ့ပြီပေါ့............
..............................lovingbird





.. (ပဒုမ္မာ)...နှိုင်ငံရပ်ခြားဤ ဝေးမြေမှာဒုက္ခတွေကြားရောက်နေငြားလည်းကိုယ်ကျိုးမငဲ့အများကျိုးကိုဆောင်ရွက်ပိုးလို့ပန်းလှမေတ္တာပဒုမ္မာလိုမုန်တိုင်းလေထန်တိုက်ခတ်ကြမ်းလည်းပျက်စီးမကြွေလန်းနေမြဲပေရနံ့ပြယ်လေနှောက်လူငယ်များကျင့်မှတ်သားလို့ပဒုမ္မာပန်းထာဝရလန်းထိုပန်းပွင့်ကိုနှိုင်းဆခြေခံကျင့်မှတ်သားကသင့်ဘ၀ချမ်းသာပန်းမျိုးပဒုမ္မာ............lovingbird
အလွမ်းကဗျာ
မျက်နှာ နေလမမြင်ရတဲ့ အခါဘ၀ဟာ မှောင်အတိအလှမရှိတော့ပြီ....
မျှော်လင့် ရင်မှာ
နွမ်းလျ ပူလောင်
အားလျော့ စိတ်ပန်း
အလွမ်း လက်တို့
နွမ်းဖို့ နမိတ်လေလား
သောက ..ရက်
ဝေဒနာ..ရက်
ခံစားရတဲ့...ရက်
တဖြည်းဖြည်း များလာရင်
ဝေးကွာခြင်း အသိ
စိုးထိတ် ရင်ထဲ
လှောင်မြှိုက် အသဲကို
သဲကျွမ်း ခံစား
လွမ်းရ ဝေဒနာ
အစုစုကို..........
လွမ်းကဗျာ အဖြစ်ဖန်တီးရင်း
ခရီးဆက်ကာ........
ကဗျာရှည်တစ်ပုဒ်...ငါဆက်ရေးနေတော့မည်။
မျှော်လင့် ရင်မှာနွမ်းလျ ပူလောင်အားလျော့ စိတ်ပန်းအလွမ်း လက်တို့နွမ်းဖို့ နမိတ်လေလားသောက ..ရက်ဝေဒနာ..ရက်ခံစားရတဲ့...ရက်တဖြည်းဖြည်း များလာရင်ဝေးကွာခြင်း အသိစိုးထိတ် ရင်ထဲလှောင်မြှိုက် အသဲကိုသဲကျွမ်း ခံစားလွမ်းရ ဝေဒနာအစုစုကို..........လွမ်းကဗျာ အဖြစ်ဖန်တီးရင်းခရီးဆက်ကာ........ကဗျာရှည်တစ်ပုဒ်...ငါဆက်ရေးနေတော့မည်။မျှော်လင့် ရင်မှာနွမ်းလျ ပူလောင်အားလျော့ စိတ်ပန်းအလွမ်း လက်တို့နွမ်းဖို့ နမိတ်လေလားသောက ..ရက်ဝေဒနာ..ရက်ခံစားရတဲ့...ရက်တဖြည်းဖြည်း များလာရင်ဝေးကွာခြင်း အသိစိုးထိတ် ရင်ထဲလှောင်မြှိုက် အသဲကိုသဲကျွမ်း ခံစားလွမ်းရ ဝေဒနာအစုစုကို..........လွမ်းကဗျာ အဖြစ်ဖန်တီးရင်းခရီးဆက်ကာ........ကဗျာရှည်တစ်ပုဒ်...ငါဆက်ရေးနေတော့မည်။




တင်ထားသမျှပြန်ကြည့်ရန်

နည်းပညာများ (81) ဘလော့ပညာများ (44) သတင်း (44) ဖုန်းနည်းပညာ (14) Ebooks (11) Computer ဆိုင်ရာ (7) Wifi ဆိုင်ရာများ (7) ကဗျာများ (5) ဖုန်းဆော့ဝဲလ် (5) ဗဟုသုတများ (4) ဘုရား၊တရား၊သံဃာ (3) Android ဆိုင်ရာများ (2) Window ဆိုင်ရာ (2) စာပေများ (2) ဓမ္ဓ ကျမ်းစာများ (2) ဓါတ်ပုံ (2) သီချင်းများ (2) အွန်လိုင်းငွေရှာနည်း (2) ဆော့ဝဲ (2) ၀တ္ထုရှည် (2) (facebook hacker) (1) Facebook ဖျက်နည်း (1) Wifi Hack တဲ့ခါ ဘာတွေလိုအပ်လဲ (1) YoutubeမှဗီဒီယိုDownloadယူနည်း (1) facebook Cover photos (1) ios ဆိုင်ရာများ (1) zawgyi font for windows 8 (1) ကွန်ပြူတာမှviber သို့ (1) တရားတော်များ (1) ဖုန်း Myanmar Font (1) ဘန်ကောက် စာပေဟောပြောပွဲ(၁) (1) သီးသန့်စုဆောင်းထားခြင်း (1) အထွေထွေ (1) ရွှေပါရမီပညာဒါန (1) အောင်ဆန်း-အက်တလီ စာချုပ် (1) မြန်မာ ဇော်ဂျီ၁ (1) မြန်မာစာ facebook (1) နိုင်ငံရေး စာအုပ်များ အွန်လိုင်းမှာဖတ်ရန် (1)