(သခင်သာလျှင်) မှလိုက်လှဲစွာကြိုဆိုပါတယ်နော်

ကျွှန်တော်ရဲ့ဆိုဒ်မှာတင်သမျှပို့စ်များသည်မူပိုင်မဟုတ်ပါ တစ်ခြားခြားသော ဆိုဒ်များမှ ကူးယူတင်ပြခြင်းသာဖြစ်သည် တစ်ခြားဘာကိုမှ မရည်ရွယ်ပါ ကျွှန်တော်လိုအပ်တဲ့အခါ အလွယ်သုံးနှိုင်ရန်ယူထားခြင်းဖြစ်သည်

သခင်သာလျှင်

ဘ၀မှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ မလဲကျဖူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်လဲကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်တယ်..... ဆန္ဒနဲ့ရည်မှန်းချက်တို့သည် ပစ္စုပ္ပန်၌ ကျွှန်ုပ်တို့၏ ဘ၀ရှင်သန်ကြီးပွားအောင်မြင်အရေးအတွက် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အခြေခံအကြောင်ပင်ဖြစ်ပါကြောင်း မှတ်သားအပ်ပါသည်။

{သခင်သာလျှင်}မှလိုက်လှဲစွာကြိုဆိုပါတယ်နော်

ကျွှန်တော်ရဲ့ဆိုဒ်မှာတင်ပေးထားသောpostများသည်မိမိမူပိုင်မဟုတ်ပါ တစ်ခြားသောဆိုဒ်များမှကူးယူထားခြင်းဖြစ်သည် ဘာကိုမှမရည်ရွယ်ပါ လိုအပ်သောအခါ အလွယ်သုံးပြုနှိုင်ရန်သာယူထားခြင်းဖြစ်ပါသည်

( သခင်သာလျှင် )

နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ဘ၀သစ်ကို တည်ဆောက်နှိုင်ကြပါစေလို့ (သခင်သာလျှင်) ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

(သခင်သာလျှင်)အမြဲကြိုဆိုလျှက်ပါနော်(lovingbird) fb သို့သွားလိုပါက ဒီပုံကို နှိပ်ပါ

အားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့.....သခင်သာလျှင်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်

1

(မန်ဘာဝင်ရောက်ခြင်းဖြင့်အားပေးကြပါနော်)

2/1/14

တက္ကသိုလ်ဝင်တန်း အသက် ၆၃ နှစ် အမျိုးသား ဝင်ရောက် ဖြေဆိုမည်

ကော့သောင်း၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုမည့် အသက် ၆၃ နှစ်အရွယ်ရှိ ဦးအောင်ရွှေသည် စာမေးပွဲ ဖြေဆိုရန် လပိုင်း အလိုအထိ စိတ်ကြိုက် မြန်မာစာ ပုံနှိပ်စာအုပ် မရသေးဟု ကာယကံရှင် ဦးအောင်ရွှေထံမှ သိရသည်။

၎င်းသည် ၁၉၇၃ ခုနှစ်က တစ်ခါ ဖြေဆိုခဲ့ဖူးပြီး အကြောင်းအမျိုးမျိုးကြောင့် မဖြေဖြစ်တော့ရာမှ ၂၀၁၁ - ၂၀၁၂ ပညာသင်နှစ်မှ စပြီး ပြန်လည် ဖြေဆိုခဲ့ကြောင်း၊ ဝိဇ္ဇာအတွဲ(၄)နှင့် စိတ်ကြိုက် မြန်မာစာကို ယူထားသော်လည်း ပြန်လည် ဖြေဆိုသည့်နှစ်မှ စပြီး ယခုနှစ် သုံးနှစ်မြောက်အထိ စိတ်ကြိုက် မြန်မာစာ ပုံနှိပ်စာအုပ်ကို လက်ဝယ် မရရှိသေးကြောင်း ဦးအောင်ရွှေက ပြောကြားသည်။

“မြို့နယ် ပညာရေးမှူးရုံး၊ တိုင်းပညာရေးမှူးရုံး၊ တက္ကသိုလ်က မြန်မာစာ ဌာနတွေကို မေးတယ်။ သူတို့မှာလည်း မရှိဘူး။ အခုထိ စိတ်ကြိုက် မြန်မာစာကို မလေ့လာရသေးဘူး။ တခြားဘာသာတွေက အခက်အခဲ မရှိဘူး” ဟု ဦးအောင်ရွှေက ဆိုသည်။

တနင်္သာရီတိုင်းတွင် စိတ်ကြိုက် မြန်မာစာဘာသာကို ဖြေဆိုသူမှာ ဦအောင်ရွှေ တစ်ဦးသာရှိပြီး ယင်းပုံနှိပ်စာအုပ်ကို မိမိ ကိုယ်တိုင်လည်း မမြင်ဖူးကြောင်း၊ ဖြစ်နိုင်လျှင်ဘာသာရပ် ပြောင်းပြီး ဖြေဆိုစေ လိုကြောင်း ကော့သောင်း မြို့နယ် ပညာရေးမှူးက ပြောကြားသည်။

ပုံနှိပ်စာအုပ် မရှိသည့်အတွက် မြန်မာ့အလင်းတွင် ပါသည့် စိတ်ကြိုက် မြန်မာစာ ဖြေဆိုပုံ ဖြေဆိုနည်းကိုသာ လေ့လာနေရကြောင်း၊ ယခင် ဒသမတန်း တက်ရောက်စဉ်က စိတ်ကြိုက် မြန်မာစာ ဘာသာကို ယူထားသည့်အတွက် ပြန်ဖြေသည့် အချိန်တွင် ယင်းဘာသာကို ယူလိုက်ခြင်း ဖြစ်ကြောင်း ဦးအောင်ရွှေက ပြောဆိုသည်။

လူငယ်များ၊ ကျောင်းသူ ကျောင်းသားများအနေနှင့် ပညာ၏ တန်ဖိုးကို အလေးအနက် ထားလာရန်၊ ပညာလို အိုသည်မရှိ ဟူသည်ကို သိလာရန် ရည်ရွယ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြန်ဖြေခြင်း ဖြစ်ကြောင်း ဦးအောင်ရွှေက ဆိုသည်။

ကော့သောင်းမြို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူများသည် သိပံ္ပဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲ(၁)၊ ဝိပ္ပံဘာသာတွဲ (၇) များကိုသာ အများစု ဖြေဆိုကြကြောင်း ကော့သောင်း အ.ထ.က (၁) မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် စိတ်ကြိုက် မြန်မာစာ ဖြေဆိုသူ နှစ်ဦးသာရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ရုံးထံမှ သိရသည်။

ဦးအောင်ရွှေသည် လက်ရှိတွင် တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းသဘာပတိ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

Dawei Watch
The Voice Weekly 

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

သခင်သာလျှင်မှတင်သမျှကို fb မှာဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ

ရွင်လန်းချမ်းမြေ့ပါစေ..............



1/31/14

"ဇာဂနာသို့ ပြန်ကြားစာ"



 အခုတလော လူမှုအင်တာနက်ကွန်ရက် facebook စာမျက်နှာတွေပေါ်မှာလူရွှင်တော်ဇာဂနာရဲ့ သံဃာတော်များအားစော်ကားထားသည့်Statueကိုခပ်စပ်စပ်လေးတွေ့နေရပါတယ်။ဘာသာရေးအဆင့်မူကြိုမျှပင်မရှိပဲ ဗုဒ္ဓဘာသာအမည်ခံယုံသာရှိတဲ့ အတ္တကြီးမားငါ့စွဲဝါဒီလစ်ဘရယ်တယောက်ရေးတဲ့ စာမို့လို့ ၄င်းအတွက်စိတ်မကောင်းယုံကလွဲလို့ထူးပြီးမအံ့သြမိပါဘူး။ ဒါပေမဲ့ ဒကာဇဂနာရေးထားသည့် Statueဟာကိုယ်လိုရာကိုဆွဲယူပြီးတဖက်သန်ဆန်စွာသာသနာတော်နှင့်သံဃာတော်တို့အားအသုံးချရေးသားထားသည့်စာမို့ ယခုလို ပြန်လည်၍စာရေးလိုက်ရခြင်းဖြစ်ပါတယ်။
         ဒကာဇာဂနာက၂၀၀၇ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာသံဃာတော်တွေကိုဖမ်းစီးထောင်ချ၊စော်ကားတာဟာ NLD ပါတီဝင်တွေမဟုတ်ဘူး၊ ကြံဖွတ်တွေဖြစ်တယ်၊ဒါ့ကြောင့်သံဃာတော်တွေနဲ့ NLD တွေအခုလိုအမျိုးဘာသာသာသနာနဲ့ပတ်သက်၍ထိပ်တိုက်သဘောဖြစ်နေတာတွေဟာသံဃာတော်တွေနဲ့မြန်မာပြည်သူတွေကပဲတဖက်သတ်မှားနေသယောင်ရွှေဝါရောင်ကိုဆွဲယူထည့်ရေးထားတာကိုတွေ့ရပါတယ်။
မှန်ပါတယ်၂၀၀၇ရွှေဝါရောင်တုန်းကသံဃာတော်တွေကိုဖမ်းဆီးထောင်ချ၊စော်ကားခဲ့ကြတာဟာစစ်ဘီလူအာဏာရှင်တွေပါ၊သို့သော်သံဃာတော်တွေဟာ၂၀၀၇ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးကို အသက်တွေ၊ဘ၀တွေပေးဆပ်ပြီး လှုပ်ရှားခဲ့တာဟာ NLD ပါတီအတွက်မဟုတ်ပါဘူး၊ မြန်မာပြည်ြ ကီးစစ်ဘီလူ အာဏာရူး၊အာဏာရှင်တွေလက်အောက်ကလွတ်မြောက်ပြီး၊အေးအေးချမ်းချမ်း ကြော င့်ကြမှုကင်းပြီး ချမ်းအေးသာယာစွာ နေကြဘို့အတွက် စွန့်လွှတ်အနနစ်နာခံပြီး လှုပ်ရှားခဲ့ကြခြင်း သာဖြစ်ပါတယ်။
ဘယ်ပါတီ၊ဘယ်အဖွဲ့အစီးပဲ အာဏာရရ၊သမ္မတဖြစ်ဖြစ် သံဃာတော်တွေဟာတစ်ပါးမှ အနိမ့်ဆုံး (၁၀)အိမ်ခေါင်တောင်မဖြစ်ပါဘူး၊ အမိမြန်မာပြည်သာယာလှပဖို့အတွက်”ရလိုမှုမရှိ၊ ပေးဆပ်မှုသက်သက်နဲ့”လှုပ်ရှားခဲ့ကြတာပါ၊ ဒီတော့ ရလိုမှုမပါ စေတနာသီးသန့်နဲ့ လှုပ်ရှားတဲ့ သံဃာတော်တို့၏ ရပ်တည်ချက်ဟာ အာဏာမမက် ကရုဏာသက်သက် မို့အမြဲတမ်း မှန်ကန်သန့်စင်နေပါတယ်။ ပါတီအတွက်နိုင်ငံရေးလုပ်နေတဲ့သူတွေအဖို့ကတော့ ငါပါတီအတွက်၊ ငါနေရာရဖို့အတွက်၊စတဲ့ကိုယ်ကျိုးကိုဦးစားပေးတဲ့ စိတ်ဓါတ်တွေနဲ့မို့ အမြဲတမ်းမမှန်နိုင်ပါဘူး။
          စစ်အာဏာရှင်လက်ထက်မည်သူမှ ရဲရဲမလှုပ်ရှားရဲ့အချိန်မှာ သံဃာတော်တွေဟာ ဒကာကြီး တို့လို ပြည်ပမည်သည့်အဖွဲ့အစည်းကမှ ထောက်ပန့်မှု၊ပေးကမ်းမှုတွေမရှိပဲ အများအတွက်အနစ် နာခံလှုပ်ရှားခဲ့ရတာ ဒကာကြီးတို့ အသိဆုံးဖြစ်မှာပါ။
စစ်အစိုးရလက်ထက်ကဆိုရင် “ပြည့်သူ့ဘုန်းဘုန်း…တို့ဘုန်းဘုန်း” “ဘုန်းဘုန်းကယ်မှ တိုင်းပြည်လှ”ဆိုပြီး ဒကာကြီးတို့ပဲ အားပေါင်အာရင်းသန်သန်နဲ့ အားပေးအားမြောက်ပြုခဲ့ကြတာ မဟုတ်ပါလား။
          ရွှေဝါရောင်တော်လှန်ရေးကာလတုန်းကလည်း ဒကာကြီးတို့အဖွဲ့ဟာ ကြေးသွန်းဘုရားကြီးမှာပဲ ဆွမ်းကပ်ပြီးနေခဲ့ကြပေမဲ့၊ ဦးဇင်းတို့ကတော့ နေပူပူ၊မိုးထူးထူးမှာ အပင်ပန်းခံချီးမြောက်ကြွချီခဲ့ကြတာ ဟာ သံဃာတော်တွေပါ၊ စစ်အာဏာရှင်စစ်ဘီလူတွေက ဗုံးနဲ့ထု၊သေနပ်နဲ့ပစ်၊သေနပ်ဒင်းနဲ့ထုနေတဲ့အ ချိန်မှာ ဒကာကြီးတို့သံဃာတော်တွေနဲ့ အတူတကွရှိမနေတာကိုလည်း သားနဲ့သမီး နဲ့ မိသားစုနဲ့မို့ ဦးဇင်းတို့အနေနဲ့ နားလည်ခွင့်ပေးခဲ့သသည့်အပြင် သံဃာတော်တွေဟာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးနေရတဲ့ကြားက ဒကာကြီးတို့နဲ့ ဒကာကြီးတို့ရဲ့ မိသားစုတွေအတွက် စိုးရိမ်တကြီးရှိခဲ့ကြပါတယ်။
          စစ်အစိုးရကော၊ဒကာကြီးတို့အတိုက်အခံတွေကပါ သံဃာတော်တွေကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်နေကြတယ်ဆိုတာကို ဟိုအရင်ကတည်းက သံဃာတော်အဆက်ဆက်ဟာ သိမြင်နားလည်ကြပါတယ်။ ဒါပေမဲ့လည်း ငါတို့တိုင်းပြည်နဲ့ လူမျိုးကောင်းစားဖို့ အသုံးချခံရတာ ခံပျော်ပါတယ် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ သိသိကြီး အသုံးချခံခဲ့ကြတာပါ။
          စစ်အစိုးရလက်ထက်တုန်းက နည်းနည်လေးးအခက်တွေ့အခက်ကြုံတိုင်း“သံဃာနဲ့ပြည်သူ ၊နိုင်ငံရေးနဲ့ သံဃာ့အရေးဟာ လုံးဝခွဲခြားလို့ မရပါဘူး” ဆိုပြီး အန္တရာယ်ထူပြောလှတဲ့ စစ်အစိုးရခေတ် နိုင်ငံရေး လမ်းကြောင်းထဲကို သံဃာတော်တွေအား ဦးတည်းပေးခဲ့သော ဒကာကြီးတို့၏ ပါးစပ်ေ တွဟာ အခုအခါမှ သံဃာတွေနိုင်ငံရေးမလုပ်သင့်ပါဘူးဆိုတဲ့ အပြောတွေဟာ ယုတ္တိမတန် မူမမှန်တာကြောင့် ဒကာကြီးရဲ့ အတွင်းစိတ်ဟာ မြင်သာ၊သိသာလွန်းလှပါတယ်။
          ဒီနေရာမှာ ဒကာကြီးကို “အတ္တ(လုပ်စား)နိုင်ငံရေး နဲ့ ပြည်သူ့နိုင်ငံရေး”တနည်း “ပါတီနိုင်ငံရေးနဲ့ အစစ်အမှန်နိုင်ငံရေး”ကိုရှင်းပြချင်ပါတယ်။ ပါတီနိုင်ငံရေးခေါ်အတ္တဗဟိုပြုနိုင်ငံရေးဆိုတာက ငါ့ပါတီ၊ငါ့ အသိုင်းအ၀န်း၊ငါ့ဆွေမျိုး၊ငါနဲ့ အဘောထားတိုက်ဆိုင်သူတွေမှ အကောင်း၊အခြားသဘောထားမတိုက် ဆိုင်သူတွေ အားလုံးအမှား၊ငါ့ပါတီ၊ငါ့ဝါဒသာအမှန်၊ငါနဲ့ဝါဒတူတွေသာ အာဏာရစေရေး စတဲ့အတ္တကို ဗဟိုပြုတဲ့ အောက်တန်းကျတဲ့ နိုင်ငံရေးပါ၊ ဒီလိုနိုင်ငံရေးမျိုးကို ဒကာကြီးသိပ်မုန်းတဲ့ စစ်အစိုးရ အာ ဏာရှင်တွေ အသုံးပြုခဲ့ကြတာပေါ့၊ ဒါပေမဲ့ အခုအချိန်မှာ ဦးဇင်းတို့နဲ့ တိုင်းပြည်တစ်ပြည်လုံးက သိပ် ချစ်ပါတယ်၊ ပြည်သူတွေနဲ့တစ်ထပ်ထည်းရှိပါတဲ့ဆိုတဲ့ ဒကာကြီးတို့ဟာ စစ်အာဏာရှင်တွေအသုံးပြုတဲ့ ပါတီနိုင်ငံရေးကိုမသိမသာကျင့်သုံးနေပြီးအမွေဆိုးဆက်ခံနေပြီးလားလို့တောင်သံသယ၀င်လာမိပါတယ်။ ဘာ့ကြောင့်လဲဆိုတာကိုတော့ ဘက်လိုက်မှုကင်းစွာနဲ့ ပြန်လည်ဝေဘန် ဆန်းစစ်ကြည့်ရင် အမှန်တိုင်းကိုယ့်အမှားကို ကိုယ်တွေ့မြင်ရမှာဖြစ်ပါတယ်။
ပြည်သူ့နိုင်ငံရေးခေါ် အစစ်အမှန်နိုင်ငံရေးဆိုတာကတော့ ငါ့ပါတီ ငါ့ဝါဒကိုအဓိကမထားပဲ ဘယ်ပုဂ္ဂုလ်၊ဘယ်ပါတီ ဘယ်သူတွေပဲဖြစ်စေ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိမယ်ဆိုရင် ၀မ်းမြောက် ၀မ်းသာဖြစ်ပြီး တာဝန်ကျတဲ့နေရာက တာဝန်ကျေအောင်ဆောင်ရွက်ပေးတဲ့ နိုင်ငံရေးမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် အမှိုက်သိမ်းတဲ့သူတွေဟာလည်း နိုင်ငံတော်သန့်ရှင်းလှပအောင် တာဝန်ယူဆောင်ရွက် ပေးရသူမို့ သူဟာပြည်သူနိုင်ငံရေးသမား(သို့)အစစ်အမှန်နိုင်ငံရေးသမားဖြစ်ပါတယ်။
ထို့အတူပဲကားဆရာတွေ၊ကျောင်းဆရာတွေဟာလည်း နိုင်ငံတော်အတွက်လိုအပ်တဲ့ ကဏ္ဍမှာဖြည့်ဆည်းတာဝန်ယူနေကြသူတွေမို့တကယ့်ပြည့်သူ့နိုင်ငံရေးသမားစစ်စစ်တွေပါ။ ဒကာကြီးတို့နိုင်ငံရေးသမားတွေကိုလည်းသံဃာတော်တွေနှင့်ပြည်သူအားလုံးကပြည့်သူနိုင်ငံရေးသမားတကယ့်နိုင်ငံရေးသမားစစ်စစ်တွေဖြစ်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ မျှော်လင့်ခဲ့ကြလို့လည်း အသက်တွေ၊စည်းစိမ်တွေ ဘ၀တွေရင်းပြီး ဒကာကြီးတို့ကိုဝန်းရံခဲ့ကြတာမဟုတ်ပါလား။
          ဒကာကြီးတို့ကိုအားကိုးတကြီးနဲ့ခေါင်းဆောင်နေရာပေးတာဟာ ပြည်သူတွေကိုယ်စား နိုင်ငံနဲ့ လူမျိုးရဲ့ အစီးအပွားကိုပြုလုပ်ပေးဖို့ နေရာပေးခဲ့တာပါ၊ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျား ထက်ဆိုး ဆိုသလို ဒကာကြီးဆို့ဟာ ပြည်သူတွေပေးတဲ့ခေါင်းဆောင်နေရာကို ငါ့အပိုင်လို သဘော ထားကြသည့်အတွက် ပြည်သူတွေနဲ့ အခုလိုထိပ်တိုက်တွေ့နေကြရတာပါ။
         သံဃာတော်ပြည်သူနဲ့တို့နဒကာကြီးတို့နဲ့အခုလိုထိပ်တိုက်သဘောတွေ့ကြတာဟာသံဃာနဲ့ပြည်သူက ဒကာကြီးတို့ကို တဖက်သတ်စပြီးထိပ်တိုက်တွေ့တာမဟုတ်ပါဘူး။ အခြေအနေအချိန်အခါ အရ မြန်မာပြည်ကိုကာကွယ်ပေးတဲ့သူတွေနည်းပါးနေလို့ သံဃာတော်တွေဟာ ထုံးစံအတိုင်း ပေး ဆပ်မှုသက်သက်နဲ့ ပြည်သူတွေဘက်က အကာအကွယ်ပေးခဲ့တာပါ။ ဒါကို အတ္တဗဟိုပြု ပါတီနင်ငံရေး သမား လစ်ဘရယ်တွေဟာ စစ်အစိုးရက သံဃာ့နဲ့ပြည်သူအပေါ်ကျင့်သုံးခဲ့နည်းအတိုင်း အာဏာ ရှင်ဆန်ဆန် သူခိုးဓါးရိုးကမ်း လူမိုက်အားပေးပြုလုပ်ခဲ့လို့သာ သံဃာပြည်သူတို့နဲ့ ဒကာကြီးတို့ထိပ်တို က်တွေ့ခဲ့ကြခြင်းဖြစ်ပါတယ်။ဒီမိုခရက်တစ်ပါတီ၊NLDP.NDF,စတဲ့ပါတီကြီးတွေနဲ့ ထိပ်တိုက်မတွေ့ပဲ ဒကာကြီးတို့လစ်ဘရယ်အဖွဲ့နဲ့သာထိပ်တိုက်တွေ့နေရခြင်းဟာအများကမှားသလား၊အနည်းကမှားသလားဆိုတာ အဖြေကပေါ်လွှင်ထင်ရှားနေပါတယ်။
          ပြည်သူအတွက်နိုင်ငံရေးလုပ်တာမှန်က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ နိုင်ငံလူမျိုး အတွက်အာဏာအစိုးရကောအတိုက်အခံအားလုံးကပါအပြည့်အ၀အကာအကွယ်ပေးရမှာဖြစ်ပါတယ်။  ကိုယ့်နိုင်ငံမှာမို့ တဖက်သတ်အဂတိလိုက်စားအနိုင်ကျင့်ရမည်လို့ဆိုလိုတာ မဟုတ်ပါဘူး၊ သူစိမ်တွေ မှားရင်သူစိမ်းကိုအပြစ်ပေး၊အပြစ်တင်ပြီး၊ အိမ်ရှင်မှားက အိမ်ရှင်ကို အပြစ်ပေးအပြစ်တင်ကာ မှန်မှန် ကန်ကန်ရပ်တည်ပေးလျှင်ကိုအခုလိုဒကာကြီးအနေနဲ့ပြည်သူတွေနဲ့ထိပ်တိုက်တွေ့စရာအကြောင်းမရှိပါဘူး။
          ပြည်တွင်းကော ပြည်ပမှာပါ တိုင်းတပါးသားတွေက ကိုယ်တိုင်းပြည်ကိုယ်လူမျိုးတို့၏ အသက် စည်းစိမ်တွေကို ရန်ရှာနေချိန်မှာ နှာစေးနေပြီး၊ ပြည်သူတွေကပြည်လည်ခုခံကာကွယ်သည့်အချိန်မှာ သူခိုးဓါးရိုးကမ်းခြင်းနဲ့၊ ဘာသာရေးအကြောင်းပြ ဘင်္ဂလီနယ်ချဲ့တို့က ပြည်တွင်းကော ပြည်ပပါနည်း လမ်းပေါင်းစုံးနဲ့ အမိတိုင်းပြည်ကိုသိက္ခာကော မြေနေရာပါကျဆုံးအောင်လုပ်နေချိန်မှာ ပြည်သူတွေ ဘက်က အမှန်အတိုင်းမရပ်တည်ကြပဲ နယ်ချဲ့ဘင်္ဂလီတို့နှင့် တစ်သံတည်း တစ်လေတည်းဖြစ်နေခြင်း ဒကာကြီးတို့လစ်ဘရယ်ဒီမိုအုပ်စုပြည်သူနဲ့ဝေခွားသွားရခြင်းအဓိကအကြောင်းအရင်းထဲကတခုပင်ဖြစ်ပါတယ်။
          နောက်ဆုံးအနေနဲ့ သံဃာတော်တွေ၏ သဘောထားရပ်တည်ချက်ကို ပြောပြလိုပါတယ်။ သံဃာတော်တွေဟာပါတီမပါ၊အာဏာမမက်၊ဘက်လိုက်မှုအဂတိကင်းတဲ့ပါရမီမြောက်ပြည်သူ့နိုင်ငံရေးသမားတွေပီပီ မည်သည့်အဖွဲ့အစည်း၊မည့်သည့်ပါတီပဲတက်တက် ပြည်သူဘက်မှ တိုင်းပြည်နှင့် လူမျိုးဘက်မှ ထာဝရ ရလိုမှုမျှော်လင့်ချက်ကင်းစွာ ရပ်တည်ကာကွယ်ပေးနေဦးမှာဖြစ်ပါတယ်။“ဆားနှင့်ပက်သည့်အခါအနာရှိသောသူသည်သာစပ်၍အနာမရှိသောသူကတော့မည်သည့်ခံစာမှုဝေဒနာမှ ဖြစ်ပေါ်မည်မဟုတ်ချေ”  သံဃာပြည်သူတို့နှင့် ထိပ်တိုက်မတွေ့ချင်လျှင် တိုင်းပြည်နှင့်လူမျိုးအတွက် ပါတီ၊အာဏာ၊ရာထူးအစွဲကင်းကင်းနှင့် တိုင်းပြုပြည်ပြုလုပ်ငန်းများကိုဆောင်ရွက်ကြဖို့ပင်ဖြစ်၏။ဆားစပ်မှာကြောက်လျှင် အနားမရှိအောင် ဂရုပြုနေထိုင်ကြဖို့ပင်ဖြစ်ပါတယ်။
          ဒကာကြီးပြောခဲ့သလို ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်မှုမှာ သံဃာတော်ကို ဖမ်းဆီးထောင်ချ၊ နှိပ်စက်ခဲ့ကြသူတွေဟာ စစ်အာဏာရှင် အာဏာရူးတွေဖြစ်ပေမဲ့လည်း ကိုယ့်လူမျိုးတွေက ထောင်ချ အနိုင်ကျင့်ကြတာမို့ ဦးဇင်းတို့တတွေ ခံနိုင်ပါတယ်ဒကာကြီး၊ ကိုယ့်နဲ့လူမျိုးတူတဲ့သူတွေဟာ ဘယ်ေ လာက်ပင်ရက်စက်ကြမ်းကြုပ်ပါစေ ကိုယ့်လူမျိုးပျောက်ကွယ်သွားအောင်တော့ ပြုလုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံကိုယ့်နေရာမှာ အခြားတိုင်းတပါးသားတွေက ဦးသောဘိတ၊မသီတာထွေ စသည်သူတွေကဲ့သို့ လည်လှီးမီးရှို့ပြီးရက်ရက်စက်စက်သတ်ဖြစ်တာကိုတော့တွေး၍ ကြောက်မိပါသဖြင့် လုံးဝမခံနိုင်ကြောင်းပါဒကာတော် ဦးဇဂနာရေ………..။
          ဒကာတော်နှင့်အပေါင်းအပါတစ်သိုက်၊ အမြင်မှန်ရ၍ ကျန်ရှိသည့်ဘ၀အချိန်ပိုင်းမှာ တိုင်းပြည်နဲ့လူမျိုးအကျိုး၊ အမှန်တကယ် အသုံးချနိုင်ကြသူများဖြစ်နိုင်ကြပါစေဟု ဆုတောင်းပတ္ထနာပြုလျှက်……………………။

(ပါတီနိုင်ငံရေး အနံ့တောင်မခံတဲ့ ဥပဇင်း)

ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ
Website;www.ashintejaniya.com

မှတ်ချက်။...ရွေပါရမီပညာဒါန ဆိုဒ်မှကူးယူဖော်ပြပါသည်။

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

သခင်သာလျှင်မှတင်သမျှကို fb မှာဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ

သူငယ်ချင်းအပေါင်း ရွင်လန်းချမ်းမြေ့ကြပါစေလို့...........

1/30/14

ကိုယ်တင်လိုက်တဲ့ဖိုင်တွေနဲ့အတူထည့်ဖို့ Blog အတွက် Shotrcut လေး


Blogging နဲ့ပတ်သက်တာလေးတွေ မရေးဖြစ်တာ နည်းနည်းကြာသွားလို့
Blogger မှာ အသုံးတည့်မယ့် နည်းပညာလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်
သိပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ နည်းပညာလေးတော့မဟုတ်ပေမယ့် ..
မသိသေးသူတွေအတွက်တော့ အသုံးတည့်မှာပါ ..
ကျွန်တော်တို့ဟာ တစ်ခါတစ်ခါမှာ အွန်လိုင်းကနေ ဖိုင်လေးတွေကို
ဒေါင်းယူလိုက်တဲ့အခါမှာ အဲဒီ ဖိုင်တွေနဲ့အတူ Browser Shortcut လေးတွေ ပါပါလာတာကို သတိထားမိဖူးမှာပါ ..

များသောအားဖြင့် အဲဒီ Shortcut တွေမှာ ရေးထားလေ့ရှိတာက
"For More Free Softwares" စသည်ဖြင့်ပေါ့ဗျာ ..




ကိုယ်က အဲဒါဘာဖိုင်လေးပါလိမ့်လို့ သိချင်တာနဲ့ ဖွင့်လည်း ဖွင့်လိုက်ရော
အဲဒီဖိုင်ကို တင်ပေးထားတဲ့ မူရင် Website ပွင့်သွားပါလေရော ..
ကိုယ့် Website ကို လိပ်စာရေးပေးထားစရာမလိုတဲ့အပြင်
ကိုယ်တင်ထားတဲ့ဖိုင်ရဲ့ Download Link ကိုပဲ ယူသုံးထားတာမျိုးတွေ ရှိခဲ့ရင်
တကယ်တမ်းဖိုင်ကိုဖြည်လိုက်တဲ့အခါမှာ Visitor တွေအနေနဲ့ အဲဒီဖိုင်ကို မူလတင်ခဲ့တဲ့
Website/Blogger ကို သိသွားစေနိုင်မယ့် နည်းလမ်းလေးတစ်ခုပဲ ဆိုပါတော့
ကဲ ... ကိုယ်တင်လိုက်တဲ့ဖိုင်တွေနဲ့အတူ ချုံ့ဖိုင်ထဲမှာ တစ်ခါတည်းရောထည့်ပေးလိုက်ဖို့
အဲဒီလို ကိုယ့်ရဲ့ Website ကို တိုက်ရိုက်ရောက်သွားစေမယ့် Browser Shortcut လေး
လုပ်တဲ့ နည်းပညာလေးတစ်ခုကို မျှဝေပေးမှာပါ ..
ကဲ .. စလိုက်ကြစို့ ..
၁။ Desktop ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက New >> Shortcut လို့
ဆွဲယူပြီး နှိပ်လိုက်ပါ ..




အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..



အဲဒီထဲမှာ ကိုယ့်ဘလော့ရဲ့ URL ကို ထည့်ပေးပါ ..
ဥပမာ - ကျွန်တော့်ဘလော့အတွက် လုပ်မယ်ဆိုရင် ပုံမှာမြင်တဲ့အတိုင်း
http://itmotesoeway.blogspot.com လို့ ရိုက်ထည့်ပေးလိုက်ပါတယ်
ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ ..
အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..





အဲဒီထဲမှာ Shortcut အတွက် ကိုယ်ပေးချင်တဲ့ နံမည်ကို ပေးလိုက်ပါ ..
ဥပမာ - For More Full Softwares  ပေါ့ဗျာ
ပြီးရင် .. Finish ကိုနှိပ်ပေးလိုက်တာနဲ့ .. ကိုယ့်ဝင်းဒိုးမှာ Default ထားထားတဲ့ Browser ရဲ့
Shortcut လေး ရောက်လာပါမယ် .. အဲဒီ Shortcut ရဲ့ နံမည်ကတော့ ကိုယ်ပေးထားတဲ့အတိုင်း
For More Full Softwares ပေါ့ ...
အဲဒါလေးကို Double Click နဲ့ Run လိုက်ရင် ကိုယ့်ရဲ့ Default ထားထားတဲ့ Browser နဲ့အတူ
ကိုယ့်ရဲ့ ဘလော့စာမျက်နှာလေးဆီကို ရောက်သွားပါလိမ့်မယ် ..
အဲဒီမှာမှ အိုင်ကွန်ပုံကို ပြောင်းချင်သေးတယ်ဆိုရင် အဲဒီ Shortcut ပေါ်မှာ Right Click နှိပ်ပြီး
ပွင့်လာတဲ့ထဲက Property ကိုနှိပ် ..  အောက်ကပုံအတိုင်းပွင့်လာမယ် ..




အဲဒီထဲက Change icon ကိုနှိပ် .. အောက်ကပုံအတိုင်းပွင့်လာမယ်


အဲဒီထဲကမှာ ကိုယ်လိုချင်တဲ့ icon ကို ကလစ်ပေး ဒါမှမဟုတ် ထပ်ရှာချင်သေးတယ်ဆိုင် Browse ကိုနှိပ် ပွင့်လာတဲ့ထဲက ကိုယ်နှစ်သက်တဲ့ icon ကို ကလစ်ပေးပြီး Ok နှိပ် ..
 နောက်ကျန်နေတဲ့ Box ထဲက Apply နှိပ် Ok နှိပ် ..


ဒါဆိုရင် သူငယ်ချင်းတို့ရဲ့ Website ကို တိုက်ရိုက်အလည်လာနိုင်မယ့် Shortcut လေးတစ်ခုကို စိတ်တိုင်းကျ ရလာပါမယ် ..
အဲဒါကိုမှ ကိုယ်တင်မယ့်ဖိုင်တွေနဲ့အတူရောပြီး ချုံ့ဖိုင်တွေထဲမှာ ထည့်ပေးလိုက်ရုံပဲပေါ့ ..

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး


How to create a web document shortcut for your website

In some of the downloaded files from online, you may have ever seen a browser shortcut.
Whenever you click double on that shortcut, a browser will open and you are sure that you have  to visit to a website to which the shortcut you clicked has been intended.
It is the website at which the shortcut have been linked by the admin.




How had it been done? Let me share about it. Lets start.

Right click on your desktop and click New >> Shortcut in context menu. Check out my
screenshot below.



If you had finished it, a windows as shown below will open.



In the box, fill the URL of your WEBSITE. As for me, I typed and filled my blog's UTL,
" http://itmotesoeway.blogspot.com " .
Then, click " Next ".
The windows as shown below will open.



In the box, fill the name for your shortcut as you like. As for me, I filled it with
" For More Full Softwares " .
And then, click " Finish ".
A shortcut named " For More Full Software " will be seen on your desktop.
Moreover, if you want to change icon to your web document shortcut, right click on your shortcut icon. And click again " Property " in context menu.
A windows as shown will open.



Click on " Change icon " , and another windows will pop up.



Here, either click on the icon you like or click " Browse " for more icons.
If you finish choosing the icon you like, click " Ok ".
In the rest windows, click " Apply " and "Ok".



That it is.
When you prepare to upload a file to a hosting site, added your web document shortcut to the file or files which you preparing to upload.
Be pleasure!
If you have either some question for this post or some tricks to share, feel free write on comment.
But, No spam, please.
Thanks for your visiting.
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
 www.aungsanmks.com
www.ledimye.blogspot.com
www.ninilayy.blogspot.com

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

သခင်သာလျှင်မှတင်သမျှကို fb မှာဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ

1/29/14

Facebook Fan Page ကိုမလိုခြင်ပြန်ဖျက်နည်း

 ဘလော့ကာမိတ်ဆွေများအတွက်  မိမိတို့ လုပ်မိထားသော ဘလော့ကာရဲ့ facebook fan page အပိုတွေကို ဖျက်လိုပါက  ဖျက်နိုင်ရန်  နည်းလမ်းလေးကို တင်ပြလိုက်ရပါတယ်နော်... အလွယ်လေးပါ
                             
    အမြန်ဖျက်ချင်ရင် ဒီကို နှိပ်လိုက် - https://www.facebook.com/pages/Delete

 အောက်မှာ ပုံလေးနဲ့တစ်ကွ ရှင်းပြပေးထားပါတယ်.....


 မိမိတို့ facebook ကနေ ဖျက်လိုသော  ပေ့ကိုကလစ်ပေးလိုက်ပါ..အပေါ်ပုံကပြထားသလိုပေါ့..နော်

 အပေါ်ပုံတိုင်းကျလာမယ်..အဲခါမှာ Edit Page ကနေကလစ်ပြီး Manage Permissions ဆိုတာကိုကလစ်ပါ.
အပေါ်ပုံတိုင်းထပ်ကျလာတာနဲ့ အောက်နားမှာ Delete For .....မိမိဘလော့ပေ့အမည်... ဆိုပြီးရှိပါတယ်
အဲတာကိုကလစ်ပြီး ဖျက်ပေးလိုက်တာနဲ့  ok  ပေါ့နော်.... အဆင်ပြေကြပါစေ....

အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
www.aungsanmks.com

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

သခင်သာလျှင်မှတင်သမျှကို fb မှာဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ


ဘလော့တွေ..ဆိုဒ်တွေ ရဲ့မှားယွင်းမှုကို ရှာဖွေပေးတဲ့နေရာလေး

မင်္ဂလာပါနော်  ခုတင်မည့်နည်းပညာလေးကေတာ့ ဘေလာ့ကာတိုင်းလိုအပ်ပါတယ်... မိမိတို့ဘလော့လေးကို   Scan your website FOR FREE  လုပ်ပေးတဲ့ နေရာလေးပါ...
မဖြစ်မနေလုပ်ပေးသင့်တာလေးပေါ့ဗျာ....
                   ကဲ လုပ်မယ်ဆို         သည်နေရာ     ကိုသွားလိုက်ပါနော်...


                                မိမိတို့ ဆိုဒ်ရဲ့ URL ကိုထည့်ပြီး scan လိုက်ပါနော်


                             ခုလိုဆိုဒ်မှာ ရှိတဲ့ လင့်အမှားတွေကိုရှာဖွေပေးပါတယ်
နောက်အဲလင့်တွေကို မိမိတို့ဆိုဒ်ရဲ့  HTML  မှာဘဲရှာဖွေပြီး ဖျက်ပေးလိုက်ရမှာဖြစ်ပါတယ်... တချို့တော့
ပို့စ်တွေတင်တဲ့အခါမှာ မှားယွင်းတတ်ကြတာလည်းကြုံကြရမှာပါ.. ဘာဖြစ်ဖြစ်  ရှာတွေ့လာသမျှ ကုဒ်တွေ
လင့်တွေကို ရှင်းလင်းပေးခြင်းဖြင့် မိမိတို့ ဆိုဒ်လေး ပေါ့ပါးသွက်လက်မြန်ဆန်လာစေပြီးးးး
ဂွတ်....ရှယ်....လာမယ်ဂျာာာာ
                           ယုံဘူးနားးး စမ်းကြည့်ပေါ့.....အနော်တော့ လက်တွေ့ကြည့် လယ်တီမြေမှာစမ်းတာ
အညားးးကြီးးတွေ့လယ်...ေိေိ...  ပျော်စရာ...

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။
 လယ်တီမြေသား www.ledimye.blogspot.com
ဘလော့ခရီးသည် http://aungsanmks.com/
ဓမ္မနှင့်စာပေနန်းတော် www.ninilayy.blogspot.com/

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

သခင်သာလျှင်မှတင်သမျှကို fb မှာဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ

Computer အတွက်လုပ်သင့်သော နည်းလမ်းများ (၁)



မဂ်လာပါနော်သည်နေ့ ရေးမဲ့ နည်းပညာလေးကတော့  ကွန်ပျူဆာ ဆားဗစ် ဆရာတွေအတွက် ရီစရာဖြစ်ကောင်းဖြစ်နေမှာပါ  ဒါပေမယ့် ကျွန်တော်လို မလည်မ၀ယ်...ယောင်ဝါး ပညာသင်ဘ၀လေးတွေအတွက်  နည်းလမ်းလေးတစ်ခု တိုးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခြင်းဖြစ်ပါတယ်  သိသူ ကျော်သွားး မသိသူဖေါ်စားပေါ့နော်..ေိေိ
ဘာလဲဆိုတော့ မိမိတို့ကွန်ပျူတာကို  လုပ်ဆောင်သင့်တဲ့အချက်အလက်လေးတွေ များစွာထဲက  တစ်ခု
လို့ဆိုကြပါစို့... အထူးသဖြင့် ၀င်းဒိုးတင်ပြီးစ စက်များအား  မဖြစ်မနေ လုပ်ပေးသင့်တယ်လို့ ယူဆမိပါတယ်... နောက် လိုအပ်ချက်လေးတွေကို  နံပါတ်စဉ်လိုက်  တင်ပေးသွားပါ့မယ်... ဒါကတော့
နံပါတ် (၁) အနေနဲ့ပေါ့နော်...

အဆင့် (၁)  အနေနဲ့ကတော့...............
ကဲစမယ်ဗျာ..... ပထမဆုံး  မိမိတို့  ကွန်ပျူတာ Start  ကနေ ဖြစ်ဖြစ်   Win + R ကိုဘဲ တွဲကလစ်လစ်
run box ကိုခေါ်လိုက်ပါနော်.. အဲကျလာတဲ့ ဘောက်ထဲမှာ regedit  ဆိုတာလေးထည့် enter (သို့)
ok  ပေးလိုက်ပါနော်..အောက်မှာပုံလေးတိုင်းပေါ့.....။


အိုကေ  အဲလို ခေါ်လိုက်တာနဲ့  regedit ဆိုတဲ့ ဇယားကြီးတစ်ခုကျလာမှာ ဖြစ်ပါတယ်...ကြည့်လိုက်ပါ



 အတိုခေါက်အနေနဲ့  ( HKCU/Control Panel/Desktop  ) ပါ...
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....
HKEY-CURRENT-USER  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့ 
Contro Panel  နောက် ထပ် Desktop ဆိုပြီး တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ  တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 0 )..သုည   ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်

အဆင့်  (၂)  အနေနဲ့ကတော့...အောက်မှာ ဆက်ကြည့်ပါ.. သည်နေရာကဘဲ  ပြန်စမှာဖြစ်ပါတယ်..
                regedit ဇယားကြီးကို မဖျက်လိုက်ပါနဲကနော်..အဲထဲကဘဲဆက်သွားမယ်....



 အတိုခေါက်အနေနဲ့ကတော့   ( HKLM/SYSTEM/CurrentControlSet/Control )  ပါ။။။
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....
HKEY-LOCAL-MACHINE  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
Syatem  နောက် ထပ် CurrentControlSet  နောက် Control ရဲ့ ညာဘက်ခြမ်းမှာရှိသော”Wait
toKill Services TimeOut”ကလစ်ပေးလိုက်ပါ ( နှစ်ချက်ကလစ်ပါ)
  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 50 )..ငါးဆယ်  ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်


အဆင့်   (၃)  အနေနဲ့ကတော့  ဆက်လက်ကြည့်လိုက်ပါနော်...



အတိုခေါက်အနေနဲ့ကတော့    ( HKEY-USER/S-1-5-19/Control Panel/Desktop )
ပုံသေးနေရင် ကလစ်လိုက်ပါနော်...ဒါပေမယ့် သည်လို အစဉ်လိုက် သွားပေးပါ  လွယ်ပါတယ်....

HKEY-USER  ဆိုပြီးရှိမယ်  အဲတာကို ကလစ်ပါ...နောက် သူ့အောက်က..ပေါ်လာမဲ့
S-1-5-19 နောက် ထပ် Control Panel အဲနောက် Desktop   တဆင့်ခြင်းနံပါတ်လေးတွေပြထားသလို ကလစ်ပေးလိုက်ပါ
ပြီးတာနဲ့ ညာဘက်ခြမ်းမှာ ရှိနေတဲ့ MenuShoeDelay ဆိုတဲ့စာတန်းလေးရှာပါ  တွေ့တာနဲ့ Double ကလစ်ပေးလိုက်ပါ  ဘောက်သေးသေးလေးကျလာမယ်.. ကျလာတဲ့ဘောက်ထဲက Value data နေရာက
နံပါတ်ကို  ဘာဘဲ ကျလာလာ   ( 0 )..သုည   ဟုပြောင်းပေးပြီး ok ပေးလိုက်ပါ...နော်

မှတ်ချက်...........
အပေါ်ကပြထားတဲ့အတိုင်း  HKEY-USER/S-1-5-19/Control Panel/Desktop  ကိုလုပ်ခဲ့သည်လိုဘဲ...
S-1-5-19  ရဲ့အောက်မှာကျန်နေသေးတဲ့  S-1-5-20  ကိုလည်းပဲ  အလားဆူ လုပ်ဆောင်ပေးလိုက်ပါ
ကဲ ဗျာ...ပီးသွားရင်တော့ Registry ထဲမှာ အနည်းငယ်လုပ်ပီးသွားပြီလို့ ဆိုရမယ်ဗျာ..…ကျွန်တော်တို့Window7မှာတော့ Registry
ပိုင်းကို အများကြီးလိုက်ပြင်ပေးစရာမလိုပါဘူး အကယ်လို့ သင်ဟာ WindowXP User ဆိုရင်တော့ တော်တော်လေး များမယ်ထင်တယ်..နော်...

ဆက်လက်လေ့လာရန်
============

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

သခင်သာလျှင်မှတင်သမျှကို fb မှာဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ

သခင်သာလျှင်သို့လာရောက်လည်ပတ်ကြသော သူငယ်ချင်းအပေါင်း ထာဝရပျော်ရွင်ကြပါစေလို့.....



Android Devices အားလုံးနဲ့ ကိုက်ညီစေတဲ့ PDAnet ADB Auto-Driver



ဒီ Driver လေးကတော့ Android Devices အားလုံးနဲ့ ကိုက်ညီတဲ့ Driver လေးပါ... တချို့စက်တွေမှာ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်တဲ့အခါ Driver မရှိလို့ မသိတာမျိုးတွေ ကြုံဖူးကြမှာပါ ..  Driver မသိလို့ Driver မျိုးစုံကို Install လုပ်ပေးရတတ်ပါတယ် ... အဲ့ဒီ ပြဿနာကို ဒီ PDAnet ADB Driver လေးက ဖြေရှင်းပေးပါလိမ့်မယ်..။ နာမည်ကြီး Android Devices အမျိုးအစားတ်ာတော်များများနဲ့ China ထုတ် Android အမျိုးအစား တွေကို ကောင်းကောင်း Support လုပ်နိုင်ပါတယ်..။ Android Devices ကိုင်ဆောင်ထားသူတွေ Mobile Service သမားတွေ  အတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ Driver ပါ..။


(or)

(or)

 Download PDAnet ADB MTK Drivers


ကြိုက်နှစ်ရာကို ဒေါင်းပြီး အောက်ပါအတိုင်း Install  လုပ်ပေးလိုက်ပါ..။

Zip ဖြည်ပါ..
Setup.exe ကို Run ပါ..
 Select ‘Yes’ to continue. 
 

Select ‘Others’


Select ‘Install anyway’



OK.

အခြား USB Driver တွေ လိုအပ်ခဲ့ရင် ဒီနေရာမှာ ဒေါင်းယူနိုင်ကြပါတယ်..။

ဖုန်း Driver မသိတဲ့ ပြဿနာမှ ကင်းဝေးကြပါစေ..

                                                             ဝင်းကမ္ဘာကျော်                                                                                    www.winkabarkyaw.net

မှတ်ချက်။.......ညီနေမင်းဆိုဒ်မှ ကူးယူဖော်ပြပါသည်။

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

သခင်သာလျှင်မှတင်သမျှကို fb မှာဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ

သခင်သာလျှင်သို့လာရောက်လည်ပတ်ကြသော သူငယ်ချင်းအပေါင်း ထာဝရ ပျော်ရွင်နှိုင်ပါစေလို့.........


1/28/14

ဘလော့ပို့စ်တွေကို Facebook ပေါ်ရှယ်နည်း( c-box တောင်းဆိုမှု)


 အားလုံး မင်္ဂလာပါဗျာ သည်နည်းပညာလေးကတော့ သိပ်မထူးဆန်းပေမယ့်  တယောက်သောသူ လာရောက်မေးမြန်းတောင်းဆိုထားတဲ့အတွက်  မသိသေးသူများလည်း သိနိုင်စေရန်အတွက်
တင်ပြလိုက်ရပါတယ်...
တောင်းဆိုသူကတော့.........

mgminntar: ဆိုဒ်ကနေရှယ်လိုက်တာကို ဖန်းဖ်ပေ့မှာကော် ရိုးရိုးနာမည်ဖေ့မှာကော်ပေါ်အောင်ဘယ်လိုလုပ်လည်း

 အဆင်ပြေအောင် ပုံလေးတွေနဲ့ သေခြာ ရှင်းပြပါ့မယ်...နော်...ပထမဆုံး ကျွန်တော် တင်ထားတဲ့
Share ဘောင်လှလှလေးကို မိမိတို့ ဘလော့မှာ ထည့်ထားဖို့ လိုပါမယ်..အဲအတွက် ထည့်ရမဲ့ နေရာနဲ့  ထည့်နည်း ကုဒ်ရယူနည်းကို  အောက်မှာ သွားကြည့်ပြီး လ်ုပလိုက်ပါနော်..


ဘလော့အတွက် share box လှလှလေး လုပ်ဖို့   သည်နေရာ  ကိုသွားလုပ်လိုက်ပါ။
ဘလော့အတွက် share ဘောင်လေး ရယူနည်းကိုတော့   သည်မှာ    လေ့လာလိုက်ပါ။

 စမယ်နော်....
အဆင့်  (၁)  အနေနဲ့  အောက်ကပုံလေးကို ကြည့်လိုက်ပါ။


 ရှယ်ဘောင်လေး မိမိတို့ ဘလော့ပေါ် ရရှိပြီဆိုတာနဲ့  share ဆိုတာလေးကို မောက်တင်လိုက်ပါ။
မောက်တင်လို့ အောက်ကပုံအတိုင်းရှယ်ဘောင်လေး တက်မလာပါက  ကလစ်ပေးလိုက်ပါ..
များသောအားဖြင့်တော့ ပမထဆုံး ရှယ်ဖို့တော့ မောက်တင်တာနဲ့ ပေါ်လာပါတယ်.. နောက်ပို့စ်တွေ ရှယ်မယ်ဆို ကလစ်ပေးမှာ ထွက်လာတတ်ပါတယ်...


အဆင့်  (၂)  အနေနဲ့ အောက် ကပုံကိုကြည့်လိုက်ပါ
အပေါ်ကလို ကလစ်တာနဲ့ ရှယ်နိုင်တဲ့ ဘောင်လေးတက်လာမှာ ဖြစ်ပါတယ်... အဲခါမှာ
်Facebook ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...နော်... မိမိတို့ စက်မှာ fb sing in ၀င်ထားပြီးဆို တန်းပေါ်လာမယ်.. မ၀င်ရသေးရင် ၀င်ပေးရမှာပါ...

အဆင့်  (၃)  အနေနဲ့...အောက်ကတိုင်းဆက်လုပ်ပေးလိုက်ပါ


ခုလိုလေး  fb စာမျက်နှာ ကျလာပါမယ်.. အဲခါမှာ..(၁) မိမိတို့ ကိုယ်ပိုင် စာမျက်နှာပေါ်  ရှယ်လိုလားး
(၂) သူငယ်ချင်းစာမျက်နှာပေါ် ရှယ်ပေးလိုလား 
(၃) fb  group တွေအပေါ်ရှယိလိုသလားး
(၄) မိမိတို့ ကိုယ်ပိုင် fan page ပေါ်ပြန်ရှယ်မလားး
          စိတ်ကြိုက် ရွေးချယ်လိုက်ပါ...သည်လောက်ဆို ရှင်းပါတယ်နော်..
ပြီးတာနဲ့  Share Link ဆိုတာကိုကလစ်ပေးလိုက်ပါ.... ရောက်ပါ့မယ်ဗျာ......
                           အဆင်ပြေကြပါစေ     
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<< မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော် >>>
ဘလော့ခရီးသည်

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ

သခင်သာလျှင်မှတင်သမျှကို fb မှာဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ

တင်ထားသမျှပြန်ကြည့်ရန်

နည်းပညာများ (81) ဘလော့ပညာများ (44) သတင်း (44) ဖုန်းနည်းပညာ (14) Ebooks (11) Computer ဆိုင်ရာ (7) Wifi ဆိုင်ရာများ (7) ကဗျာများ (5) ဖုန်းဆော့ဝဲလ် (5) ဗဟုသုတများ (4) ဘုရား၊တရား၊သံဃာ (3) Android ဆိုင်ရာများ (2) Window ဆိုင်ရာ (2) စာပေများ (2) ဓမ္ဓ ကျမ်းစာများ (2) ဓါတ်ပုံ (2) သီချင်းများ (2) အွန်လိုင်းငွေရှာနည်း (2) ဆော့ဝဲ (2) ၀တ္ထုရှည် (2) (facebook hacker) (1) Facebook ဖျက်နည်း (1) Wifi Hack တဲ့ခါ ဘာတွေလိုအပ်လဲ (1) YoutubeမှဗီဒီယိုDownloadယူနည်း (1) facebook Cover photos (1) ios ဆိုင်ရာများ (1) zawgyi font for windows 8 (1) ကွန်ပြူတာမှviber သို့ (1) တရားတော်များ (1) ဖုန်း Myanmar Font (1) ဘန်ကောက် စာပေဟောပြောပွဲ(၁) (1) သီးသန့်စုဆောင်းထားခြင်း (1) အထွေထွေ (1) ရွှေပါရမီပညာဒါန (1) အောင်ဆန်း-အက်တလီ စာချုပ် (1) မြန်မာ ဇော်ဂျီ၁ (1) မြန်မာစာ facebook (1) နိုင်ငံရေး စာအုပ်များ အွန်လိုင်းမှာဖတ်ရန် (1)