(သခင်သာလျှင်) မှလိုက်လှဲစွာကြိုဆိုပါတယ်နော်

ကျွှန်တော်ရဲ့ဆိုဒ်မှာတင်သမျှပို့စ်များသည်မူပိုင်မဟုတ်ပါ တစ်ခြားခြားသော ဆိုဒ်များမှ ကူးယူတင်ပြခြင်းသာဖြစ်သည် တစ်ခြားဘာကိုမှ မရည်ရွယ်ပါ ကျွှန်တော်လိုအပ်တဲ့အခါ အလွယ်သုံးနှိုင်ရန်ယူထားခြင်းဖြစ်သည်

သခင်သာလျှင်

ဘ၀မှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ မလဲကျဖူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်လဲကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်တယ်..... ဆန္ဒနဲ့ရည်မှန်းချက်တို့သည် ပစ္စုပ္ပန်၌ ကျွှန်ုပ်တို့၏ ဘ၀ရှင်သန်ကြီးပွားအောင်မြင်အရေးအတွက် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အခြေခံအကြောင်ပင်ဖြစ်ပါကြောင်း မှတ်သားအပ်ပါသည်။

{သခင်သာလျှင်}မှလိုက်လှဲစွာကြိုဆိုပါတယ်နော်

ကျွှန်တော်ရဲ့ဆိုဒ်မှာတင်ပေးထားသောpostများသည်မိမိမူပိုင်မဟုတ်ပါ တစ်ခြားသောဆိုဒ်များမှကူးယူထားခြင်းဖြစ်သည် ဘာကိုမှမရည်ရွယ်ပါ လိုအပ်သောအခါ အလွယ်သုံးပြုနှိုင်ရန်သာယူထားခြင်းဖြစ်ပါသည်

( သခင်သာလျှင် )

နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ဘ၀သစ်ကို တည်ဆောက်နှိုင်ကြပါစေလို့ (သခင်သာလျှင်) ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

(သခင်သာလျှင်)အမြဲကြိုဆိုလျှက်ပါနော်(lovingbird) fb သို့သွားလိုပါက ဒီပုံကို နှိပ်ပါ

အားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့.....သခင်သာလျှင်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်

1

(မန်ဘာဝင်ရောက်ခြင်းဖြင့်အားပေးကြပါနော်)

12/14/13

ဖြတ်၊ညှပ်၊ကပ် လိုသလို သုံးနိုင်မဲ့ AndroVid Pro Video Editor v2.3.3 [PREMIUM] [£1.59 in Play Store] [9.2MB]

မှတ်ချက်။  ဒီဟာလေးကိုတော့ မောင်(စွယ်စုံကျမ်း)ဆိုဒ်မှကူးယူတင်ပြတာပါ သခင်သာလျှင် မှာပြန်တင်တာက ကျွှန်တော်လိုအပ်လာတဲ့အချိန်အလွယ်တစ်ကူပြန်ယူလို့ရအောင်ပါ ကျန်တာဘာမှ မရည်ရွယ်ပါဘူး


ဖြတ်၊ညှပ်၊ကပ် လိုသလို သုံးနိုင်မဲ့ AndroVid Pro Video Editor v2.3.3 [PREMIUM] [£1.59 in Play Store] [9.2MB]



အားလုံးကို Video Editor ကောင်းကောင်းလေး မျှဝေပေးလိုက်ပါတယ်နော်.. Video တွေကို ဖြတ်၊ညှပ်၊ကပ် လုပ်မလား၊ Format တစ်ခုကနေ တစ်ခုကို ပြောင်းမလား၊ Frame လေးတွေ ထည့်မလား၊ Affect လေးတွေ ထည့်မလား၊ Music တီးလုံးလေးတွေထည့်မလား၊ ကြိုက်တာ လုပ်လို့ရပါတယ်..
APK လေးကို စမ်းကြည့်တာ အဆင်ပြေတာ တွေ့ရတာမို့ တင်ပေးလိုက်ပါတယ်. PlayStore မှာ £1.59 ပေးရတဲ့ ကောင်လေးဖြစ်ပါတယ်.. Size ကလည်း 9 MB ကျော်ကျော်လေးပဲ ရှိတာမို့ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.. MiloShare ကနေ တင်ပေးထားတာမို့ Add To My Account ထဲထည့်ထားလို့ရတာပေါ့... အောက်မှာ ဒေါင်းလိုက်ပါနော်..

:: Useful Tips For Downloading ::
Download Link ကို နှိပ်ကြည့်လို့ Adfly လင့်ထွက်မလာလျှင် Download Link ကို Open In New Tap ဖွင့်ပြီး Download ပြုလုပ်ပါ..
ထို့နောက် 5 Sec မျှ စောင့် ပြီး ညာဖက် အပေါ်ထောင့်မှာ Skip AD ဆိုသည်ကို နှိပ်ပြီး Download Page ကိုရောက်အောင်သွားပါ...
Download Page တွင် Start Download ကိုနှိပ်ပြီး ဒေါင်းပါ.. Android အတွက် ADM ,  PC အတွက် IDM တို့ ရှိက အဆင်ပြေသည်။။


Download | Mirror



<<How To Download>>




မှတ်ချက်။  ဒီဟာလေးကိုတော့ မောင်(စွယ်စုံကျမ်း)ဆိုဒ်မှကူးယူတင်ပြတာပါ သခင်သာလျှင် မှာပြန်တင်တာက ကျွှန်တော်လိုအပ်လာတဲ့အချိန်အလွယ်တစ်ကူပြန်ယူလို့ရအောင်ပါ ကျန်တာဘာမှ မရည်ရွယ်ပါဘူး

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးခေတ်သုံး ကြေးအကြွေစေ့များတူးဖော်ရရှိ

ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးခေတ်သုံး ကြေးအကြွေစေ့များတူးဖော်ရရှိ




မော်လမြိုင် ဒီဇင်ဘာ ၁၂

မော်လမြိုင်မြို့ မောင်ငံရပ်ကွက် အောင်တော်မူအမက(လွန်) ကျောင်း ဝင်းအတွင်း၌ ကလေးငယ်များ ဆော့ကစားရာမှ မြေကြီးအတွင်း နစ်မြုပ်နေသော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအားတွေ့ရှိခဲ့ရပြီး ကျောင်း အုပ်ဆရာကြီးနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့က ဆက်လက်တူးဖော် ခဲ့ရာ ဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေး ဟောင်းကြေးအကြွေ စေ့များအား တူးဖော်ရရှိခဲ့သည်။

ယခုလ ၉ ရက် နေ့လယ် ကျောင်းဆင်းချိန်တွင် မော်လမြိုင် မြို့ မောင်ငံရပ်ကွက် ဂျီဝါးဝင်းနေ မောင်ဥက္ကာဦး(ဘ)ဦးစံညွန့် (၁၃) နှစ်မှ အောင်တော်မူ အမက(လွန်)နေ ညီဖြစ်သူထံသို့ ထမင်းချိုင့်သွား ရောက်ပို့ဆောင်စဉ် ကျောင်းနေ ဘက်သူငယ်ချင်းများနှင့်အတူ ဆော့ ကစားရာမှ မြေကြီးတွင် ဦးခေါင်း ပိုင်းပေါ်နေသော ဗုဒ္ဓရုပ်ပွားတော် အားတွေ့ရှိသဖြင့် ဆက်လက်တူး ဖော်ရာ စုစုပေါင်းဗုဒ္ဓရုပ်ပွားတော် ၁၃ ဆူနှင့် အန်းကုန်းရုပ်တုတစ် ခုအား တွေ့ရှိခဲ့သည်။

ညနေပိုင်းတွင် အောင်တော်မူ အမက(လွန်) ကျောင်းအုပ်ဆရာ ကြီးက မောင်ငံရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်တိုင်ပင်ပြီး ည ၇ နာရီ တွင် ဗုဒ္ဓရုပ်ပွားတော်တွေ့ရှိခဲ့ သော အောင်တော်မူအမက(လွန်) အနောက်ဘက်၌ မောင်ဥက္ကာဦး အား ခေါ်ယူပြသစေပြီး ဆက်လက် တူးဖော်ခဲ့ရာ ဗုဒ္ဓရုပ်ပွားတော် ၁၁ ဆူအပါအဝင် ဇော်ဂျီရုပ်တုတစ်ခု၊ ခြင်္သေ့ရုပ်တုတစ်ခု၊ ဘိုးဘိုးအောင် နှင့် ဘိုးမင်းခေါင်ရုပ်တုနှစ်ခု၊ ဆင်ရုပ်တုတစ်ခု၊ ရှင်သီဝလိတစ်ဆူ၊ အန်းကုန်းရုပ်တုတစ်ခုနှင့် ရှေး ဟောင်းကြေး အကြွေစေ့ ၅၁၈ စေ့တို့အား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

သားဇော်(ရာမည) 
The Union Daily

နည်းပညာ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲရန် စီစဉ်

နည်းပညာ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲရန် စီစဉ်




(နည်းပညာတက္ကသိုလ် (သန်လျင်) တွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ်)
အဆင့်မြင့် ပညာကဏ္ဍ၌ နည်းပညာ တက္ကသိုလ်များ၏ ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲနိုင်ရန် စီစဉ်နေကြောင်း အဆင့်မြင့်ပညာ သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံ တစ်ဝန်းရှိ နည်းပညာ တက္ကသိုလ်များ၏ သင်ကြားနည်း ပုံစံဖြစ်သည့် A.G.T.I သင်တန်းတွင် နှစ်နှစ် B.Tech သင်တန်းတွင် နှစ်နှစ်၊ BE သင်တန်းတွင် နှစ်နှစ်ဖြင့် သင်ကြားနေသည့် သင်ကြားရေး ပုံစံအား ပြောင်းလဲရန် စီစဉ်နေခြင်းဖြစ်သည်။

''ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ သင်ကြားရေး အရည်အသွေး တိုးမြှင့်ဖို့အတွက် နည်းပညာ တက္ကသိုလ်တွေမှာ သင်ကြားနေတဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ပြင်ဆင်ပြီး ရေးဆွဲသွားဖို့ စီစဉ်နေပါတယ်။ သင်ကြားရေး ပုံစံထဲကမှ B.Tech သင်တန်းတွေကို ရပ်နားဖို့အတွက် အသေးစိတ် ဆွေးနွေးနေပါတယ်'' ဟု အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ B.Tech သင်တန်းများအား ထားရှိတော့မည် မဟုတ်ပါက နည်းပညာ တက္ကသိုလ်များတွင် သင်ယူခဲ့ပြီးသည့် ကျောင်းသားများအတွက် ချင့်ချိန်ရမည် ဖြစ်သောကြောင့် ပညာရေး ပြောင်းလဲမှုများအား အချိန်ယူညှိနှိုင်း နေရကြောင်း သိရသည်။

''B.Tech သင်တန်းတွေကို ရပ်နားလိုက်မယ် ဆိုရင်တော့ A.G.T.I ကနေ B.E ကို တန်းတက်ရမယ်'' ဟု သန်လျင် နည်းပညာ တက္ကသိုလ်တွင် တက်ရောက်နေသည့် ကိုတာရာဇံက ပြောကြားသည်။

''အင်ဂျင်နီယာကျောင်း တက်ခွင့်ရပြီ ဆိုရင်တော့ အင်ဂျင်နီယာပဲ ဖြစ်ချင်ပါတယ်။ ပညာရေးစနစ်တွေ စတင်ပြောင်းလဲနေတဲ့ နေရာမှာ လက်တွေ့ပိုင်းကို မြှင့်တင်သင့်ပါတယ်။ အခု ကျွန်တော်တို့ အပြင်လုပ်ငန်းခွင် ၀င်တဲ့အခါမှာ အင်ဂျင်နီယာဘွဲ့ ရထားပေမယ့်လည်း အဆင်မပြေဘူး ဖြစ်နေတယ်'' ဟု B.Tech ဖြင့် ကျောင်းပြီးထားသည့် ကိုတင်ကိုကိုက ပြောကြားသည်။

နည်းပညာ တက္ကသိုလ်များ၌ B.Tech၊ B.E သင်တန်းများသို့ ပေါင်းကူးတက်ရောက်ရာတွင် သတ်မှတ်ထားသည့် ၀င်ခွင့်အရည်အချင်း (Qualified) ပြည့်မီမှသာ ဆက်လက် တက်ရောက်ခွင့်ရှိပြီး ရိုးရိုးအောင်မြင်သည့် ကျောင်းသားများ အနေဖြင့် နောက်တစ်နှစ် စာမေးပွဲဖြေဆိုခွင့် မရှိဘဲ အဝေးသင် တက္ကသိုလ်များသို့ ပြောင်းလဲတက်ရောက်ရကြောင်း သိရပြီး ပထမနှစ် တက်ရောက်မည့် ကျောင်းသားများ အနေဖြင့် A.G.T.I သင်တန်းများတွင် ရမှတ်မြင့်မားမှသာ B.Tech၊ B.E သို့ ဆက်လက်တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

''အင်ဂျင်နီယာ ပညာရေးစနစ်က ပြုပြင်ပြောင်းလဲမယ်ဆိုတာ ကောင်းပါတယ်။ ခေတ်အဆက်ဆက် ကတည်းက ကျွန်တော်တို့တတွေ စမ်းသပ်ခံ ပညာရေးစနစ်ထဲမှာပဲ ရောက်နေခဲ့တာ။ ဘာပဲဖြစ်ဖြစ် အင်ဂျင်နီယာဘွဲ့ ရပြီးရင်တော့ သက်ဆိုင်တဲ့ လုပ်ငန်းခွင်မှာ တစ်ထောင့်တစ်နေရာက ပါဝင်တဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တာပေါ့။ အင်ဂျင်နီယာဘွဲ့ရပြီး လက်မှတ်ကိုင်ထားတာပဲရှိတယ် ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး'' ဟု နည်းပညာတက္ကသိုလ်၌ B.E ဘွဲ့ ရရှိထားသည့် ကျောင်းသားတစ်ဦးက ပြောပြသည်။

ယင်းသို့ နည်းပညာ တက္ကသိုလ်များတွင် သင်တန်းများအား ပေါင်းကူးဆက်လက် တက်ရောက်ခွင့်နှင့် စပ်လျဉ်းပြီး B.Tech နှင့် B.E တန်းသို့ ဆက်လက် တက်ရောက်ခွင့်ရရန် A.G.T.I၊ B.Tech ဖြင့် အောင်မြင်သူများအား ၀င်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ပြုရန် အတွက် နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်းများက ဒီဇင်ဘာလ ပထမပတ်အတွင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နည်းပညာ တက္ကသိုလ်ပေါင်း ၃၃ ခုနှင့် ကွန်ပျူတာ တက္ကသိုလ် ၂၅ ခု ရှိကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနမှ သိရသည်။


eleven media group 

ထိုင်းဘုရင်၏ မြေးတော်မင်းသမီး Sirivannavari Nariratana သည် ရွှေမှန်းနိုင်သည့် အနေအထား ရှိကြောင်း

ထိုင်းဘုရင်၏ မြေးတော်မင်းသမီး Sirivannavari Nariratana သည် ရွှေမှန်းနိုင်သည့် အနေအထား ရှိကြောင်း





ဆီးဂိမ်းမြင်း အလှ စီး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ထိုင်းဘုရင်၏ မြေးတော်မင်းသမီး Sirivannavari Nariratana သည် ရွှေမှန်းနိုင်သည့် အနေအထား ရှိကြောင်း မြန်မာနိုင်ငံမြင်း စီး အားကစားအဖွဲ့ချုပ်မှ တွဲဖက်အတွင်း ရေးမှူး ဦးသန်းဝင်းက ခန့်မှန်း ပြောသည်။

”ဒီပြိုင်ပွဲ အတွက် သူကောင်းကောင်း လေ့ ကျင့်ထားတယ်။ သြစတြေးလျ မှာတောင် သွားပြီးလေ့ကျင့် တာပါ။ ဒါကြောင့် သူကောင်း ကောင်းစီးနိုင်မှာပါ”ဟု ၄င်း ကပြော သည်။

ထိုင်း ဘုရင့်မြေးတော်သည် ဆီးဂိမ်း မြင်းစီး ပြိုင်ပွဲ အလှစီးပြိုင်ပွဲတွင် ဝင် ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကို ယခုလ ၁၃ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

ထိုင်း ဘုရင့်မြေးတော်သည် မြင်း စီး အားကစားအား အထူးခုံမင်နှစ် သက် သူဖြစ်ပြီး ထိုင်းနိုင်ငံ တွင်မြင်းစီးကလပ် များပင် ဖွင့်လှစ်ထားကြောင်းသိရသည်။

ထိုင်း ဘုရင့်မြေးတော် သည် ၂၆ကြိမ် မြောက် အင်ဒိုနီးရှားနိုင်ငံ ၌ ကျင်းပ သော ဆီးဂိမ်းတွင်မူ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘဲ လေ့လာမှုသာ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
Popular Myanmar News Journal 

12/12/13

ဆီးဂိမ်းဖွင့်ပွဲမကျင်းပမီ မြန်မာကိုအထင်သေးခဲ့ကြသော အာဆီယံဝန်ကြီးများ ယခုအခါ မြန်မာ၏ အဆင့်အတန်းမြင့်မားမှုကို ချီးကျူး၍ ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ်ကျင်းပပေးရန် ကမ်းလှမ်း

ဆီးဂိမ်းဖွင့်ပွဲမကျင်းပမီ မြန်မာကိုအထင်သေးခဲ့ကြသော အာဆီယံဝန်ကြီးများ ယခုအခါ မြန်မာ၏ အဆင့်အတန်းမြင့်မားမှုကို ချီးကျူး၍ ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ်ကျင်းပပေးရန် ကမ်းလှမ်း



ဆီးဂိမ်းဖွင့်ပွဲမကျင်းပမီ မြန်မာကိုအထင်သေးခဲ့ကြသော အာဆီယံဝန်ကြီးများ ယခုအခါ မြန်မာ၏ အဆင့်အတန်းမြင့်မားမှုကို ချီးကျူး၍ ကမ္ဘာ့အဆင့်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ်ကျင်းပပေးရန် ကမ်းလှမ်း

စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်များစွာရှိသဖြင့် ဝေဖန်ခံနေရသော ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ အိမ်ရှင်မြန်မာနိုင်ငံမှာ အာရှအဆင့် အားကစားပြိုင်ပွဲများ လက်ခံကျင်းပနိုင်သည့် အနေအထားရှိနေပြီဟု အာဆီယံနိုင်ငံများမှ အားကစားဝန်ကြီးများက မှတ်ချက်ပြုခဲ့ကြောင်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားသည်။

SEA Games ပြိုင်ပွဲကျင်းပရန် တည်ဆောက်ထားသည့် အားကစားကွင်း၊ အားကစားရုံများမှာ နိုင်ငံတကာ အဆင့်ရှိပြီး အာရှအဆင့် ပြိုင်ပွဲများပင် လက်ခံကျင်းပနိုင်ပြီ ဖြစ်ရာ ယင်းပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် ကမ်းလှမ်းမှုများရှိကြောင်း ၎င်းက ဆိုသည်။ ယင်းသို့ အာရှအဆင့်၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းသည် နိုင်ငံဂုဏ်ကို မြင့်တက်စေကြောင်း၊ SEA Games ပြိုင်ပွဲ မကျင်းပမီ အစောပိုင်းကာလက ပြိုင်ပွဲဝင်နိုင်ငံများ၏ အားကစားဝန်ကြီးများအဆင့် တွေ့ဆုံပွဲတွင် အာဆီယံ နိုင်ငံများက အထင်အမြင် သေးခဲ့ကြသော်လည်း နောက်ဆုံးအကြိမ် တွေ့ဆုံပွဲတွင်မူ ၎င်းတို့၏ သဘောထား ပြောင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြားပစ်အားကစားနည်းတွင်ကမ္ဘာ့အဆင့်ရှိသည့် တောင်ကိုရီးယား နိုင်ငံသည်ပင်
မြန်မာနိုင်ငံ၏ မြားပစ်ကွင်းကို အံ့သြခဲ့ရပြီး ကမ္ဘာ့မြားပစ်ပြိုင်ပွဲ ကျင်းပရန် ကမ်းလှမ်းခဲ့ခြင်းကြောင့် ပြိုင်ပွဲကျင်းပနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။ ၂၇ ကြိမ်မြောက် SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရန် ဝဏ္ဏသိဒ္ဓိနှင့် ဇေယျာသီရိ အားကစားရုံများကို နေပြည်တော်တွင် အသစ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly Myanmar


တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိ

တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိ






လမ်းဖောက်ရာမှ တူးဖော်ရရှိသော ရွှေသန်လျက်ဟု ယူဆရသော ပစ္စည်းအား တွေ့ရစဉ်
မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကတော့ကမ်းရွာတွင် လမ်းဖောက်ရာမှ ရှေးမြန်မာ ဘုရင်များ ကိုင်ဆောင်သည့် ရွှေသန်လျက်ဟု ယူဆရသော အရာတစ်ခု တွေ့ရှိခဲ့ပြီး တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ကတော့ကမ်းရွာမှ အောက်ကမ်းသို့ မြေသားလမ်း ဖောက်လုပ်နေစဉ် တောင်စောင်းမှ မြေအောက်တစ်ပေခွဲ အနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ကတော့ကမ်းမှာ လမ်းဖောက်နေတုန်း လူငယ်တစ်ဦးက ပေါက်တူးနှင့် တူးလိုက်တဲ့ အချိန်မှာ သန်လျက်လို့ ယူဆရတဲ့ အရာကို ထိမိပြီး တွေ့ရှိခဲ့တာပါ။ ပေါက်တူးနှင့် ထိမိခဲ့တာကြောင့် အဖျားပိုင်းမှာ ငါးလက်မလောက် ပဲ့ထွက်သွားပါတယ်။ ရှေးခေတ် တနင်္သာရီနယ်က မြန်မာဘုရင်တွေ ကိုင်ဆောင်တဲ့ ခရင်းပုံစံ သန်လျက်ဖြစ်ဖို့ များပါတယ်။ အဖျားကနေ အရင်းအထိ တစ်တောင်လောက် ရှည်ပါတယ်။ အရင်းပိုင်းက ရွှေထည်ဖြစ်ပါတယ်။ ရတနာတွေ ပတ်လည်မှာ စီခြယ်ထားတာပါတယ်။ ဒါကို ကျွန်တော်တို့ သေချာစွာ မှတ်တမ်းတင်ထားပါတယ်။ ယဉ်ကျေးမှု ၀န်ကြီးဌာနကိုလည်း ဆက်သွယ်ထားပြီး အခုလောလောဆယ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ သိမ်းဆည်းထားပါတယ်" ဟု တနင်္သာရီမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ဒီဇင်ဘာ ၁၁ ရက်က ပြောကြားသည်။

ကတော့ကမ်းမှာ တနင်္သာရီမြစ်ကို ရေလမ်းဖြင့်သာ သွားရပြီး မော်တုန်းကျေးရွာ အုပ်စုအတွင်း ပါဝင်ကာ သမိုင်းမှတ်တမ်းများအရ ကောဇာသက္ကရာဇ် ၅၁၃ ခုနှစ်က ဗြစဣပိတ် မင်းကြီးမှာ ထောင့်ကွာမြို့မှ ပြောင်းရွှေ့လာပြီးနောက် ကတော့ကမ်းသို့ အရောက်တွင် မိမိ၏မယ်တော်နှင့် ဘေးလောင်းတော်များကို မှန်းဆရည်မှန်းကာ ကန်တော့ခဲ့သော နေရာဖြစ်ကြောင်း သိရသည်။ အဆိုပါ သန်လျက်ဟု ယူဆရသော လက်နက်မှာလည်း အရင်းပိုင်းတွင် အရိုးတပ်နိုင်သော သံလက်ကိုင် ပါရှိကာ ရာဇ၀င် မှတ်တမ်းများတွင် ပါရှိသော ဗြစဣပိတ်မင်းကြီးမှ နဂါးမင်းကြီးကို ထိုးသတ်ခဲ့သော ခရင်းပုံစံ လက်နက်မျိုးလည်း ဖြစ်နိုင်ကြောင်း သိရသည်။

eleven media group 

အာဏာရှင်စနစ်ကြောင့် မြန်မာ့ကျန်းမာရေး အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

အာဏာရှင်စနစ်ကြောင့် မြန်မာ့ကျန်းမာရေး အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော





ကိုထွေး၊ DVB - 11 December 2013

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ ကျန်းမာရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ ထိပ်သီးညီလာခံ (WISH မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက အကောင်းဆုံး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုစနစ်ကို နိုင်ငံကို နှစ်ပေါင်း ၆၀ ခန့် အုပ်ချုပ်ခဲ့တဲ့ ကိုလိုနီအစိုးရဆီကနေ လက်ခံရရှိခဲ့သလို လွတ်လပ်ရေးရပြီးတဲ့နောက် အစိုးရက အဲဒီအမွေပေါ်မှာ ဆက်လက်တည်ဆောက်ခဲ့ကာ ကျန်မာရေးစောင့်ရှောက်မှုမှာ မြန်မာဟာ ဒေသတွင်းမှာ အကောင်းဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ၁၉၆၀ နောက်ပိုင်း စစ်အစိုးရ အာဏာရပြီးတဲ့နောက်မှာတော့ ဒီအမွေဟာ ပျောက်ပျက်သွားပြီး ကမ္ဘာမှာ ကျန်းမာရေးစောင့်ရှောက်မှု အဆိုးဝါးဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တိုင်းပြည်ဟာ ဆင်းရဲပေမယ့် သဘာဝသံယံဇာတ အရင်းအမြစ်တွေ အများကြီး ရှိသလို ကောင်းမွန် သင့်တော်စွာ အသုံးပြုနိုင်ရင် အနာဂတ်မှာ ချမ်းသာနိုင်တဲ့အကြောင်းနဲ့ ဒီအထဲမှာ လူသားအရင်းအမြစ်က အဖိုးတန်ဆုံး ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆယ်စုနှစ်များစွာ မြန်မာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ညံ့ဖျင်းစွာ ပုံသွင်းခဲ့သလို ပြည်သူတွေက ပစ္စည်း အရင်းအမြစ်မရှိတာကိုသာမက ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု မရှိခဲ့တာကို ခံစားရတာဟာ နှစ်ပေါင်း ၅၀ အာဏာရှင် အုပ်ချုပ်မှုရဲ့ ရလဒ်လို့လည်း ပြောပါတယ်။
ကလေးသူငယ် အသေအပျောက်နှုန်းဟာလည်း မြန်မာနိုင်ငံမှာ အရမ်းကို မြင့်မားနေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံက သူနာပြုတွေဟာ တကယ့်ကို စိတ်ရှည်ပြီး ဂရုဏာကြီးတဲ့အတွက် ကမ္ဘာတ၀န်းက တန်ဖိုးထားတယ်လို့လည်း ဆိုပါတယ်။
အရင်ဆယ်စုနှစ်တခုလုံး တိုင်းပြည်အတွင်းက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေ ရတဲ့သူတွေကို ကူညီဖို့ ကြိုးစားခဲ့သလို ဆေးဝါးအထောက်အပံ့နဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးခဲ့တဲ့အကြောင်း ဒီလို လုပ်ဆောင်ရာမှာ အခက်အခဲတခုက အကူအညီ ကို ယူဖို့ သူတို့ကို တိုက်တွန်းရတဲ့ကိစ္စ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကို ရောက်နေတာဟာလည်း တိုင်းပြည်က အကြီးဆုံး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြန်လည် ပြုပြင် မွမ်းမံရေး စီမံကိန်းမှာ ပါဝင်တဲ့အတွက် ဖြစ်တယ်လို့ ဒီထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်နေတဲ့သူ တွေက မြန်မာပြည် ကျန်းမာရေးစောင့်ရှောက်မှုမှာ အောင်မြင်မှုရအောင် ကြိုးပမ်းချက်တွေကို စိတ်ဝင်စားဖို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

မိခင်ဟာလည်း သူနာပြုတဦးဖြစ်သလို အဲဒီအချိန်တုန်းက အဘိုးအဘွားတွေက သူနာပြုအဖြစ် လုပ်ဆောင်တာကို သဘောမတူခဲ့သလို ငယ်ရွယ်တဲ့ အမျိုးသမီးအဖြစ် မသင့်တော်ဘူး တွေးထင်ခဲ့ပေမယ့် အကောင်းဆုံး သူနာပြုတဦးဖြစ်အောင် ကြိုးစားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကမ္ဘာတလွှား ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးရဲ့ပမာဏ ခြေလှမ်းအဖြစ် ရည်ရွယ် လုပ်ဆောင်နေတဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ကမ္ဘာ့ ကျန်းမာရေး ဆန်းသစ်ထီထွင်မှုဆိုင်ရာ ထိပ်သီး ညီလာခံမှာ အစိုးရ၊ စီးပွားရေးခေါင်းဆောင်၊ ပညာရှင်နဲ့ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ပြီး ရင်ဆိုင်နေရတဲ့ ကမ္ဘာကျန်းမာရေး စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီနှစ် ဆွေးနွေးပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်တက်ရောက်နေပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှာက်မှု စနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မိုးညိုလည်း လိုက်ပါသွားတာ ဖြစ်ပါတယ်။ ဒါပြင် သီတဂူဆရာတော် အရှင်ဥာဏိဿရလည်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
ကာတာပညာရေး၊ သိပ္ပံနဲ့ လူမှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က WISH အဖွဲ့ကို စုစည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဗွီဘီ 

အစာအဆိပ်မသင့်စေဖို့

အစာအဆိပ်မသင့်စေဖို့




(၁) ဘေးကင်းတဲ့အသားကိုရွေးပါ...

စူပါမားကက်မှာ အသားဝယ်လျှင် ရေခဲသေတ္တာ အောက်ဆင့်က အသားကို ရွေးပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့်သလောက် မအေးဘဲ ဖြစ်တတ်သည်။

(၂) ကျကျနနသိမ်းပါ...
လတ်လတ်ဆတ်ဆတ် အသားများကို ရေခဲသေတ္တာအအေးခန်း (refrigerator) တွင် နှစ်ရက်အထိ ထားနိုင်သည်။ အခဲခန်း(freezer)တွင် လပေါင်းများစွာ အထားခံ သည်။အအေးခန်း (refrigerator) တွင် ၄၀ဒီဂရီဖာရင်ဟိုက်ရှိသင့်ပြီး အခဲခန်း (freezer) တွင်သုညဒီဂရီ ဖာရင်ဟိုက်ရှိသင့်သည်။

(၃) ကျကျနနရေခဲဖျော်ပါ...
အေးခဲထားသည့် အသားကို ရေထဲထည့်စိမ်၍ ရေခဲပျော်အောင် ထားပါ။ မီးဖိုစင်တွင် အတိုင်းသားတင်၍ ရေခဲပျော်အောင်ထားခြင်းသည် ဘက်တီးရီးယားများ ပွားလာစေသည်။

(၄) ဆေးကြောသန့်စင်ပါ...
အသားကိုင်မည့် လက်ကို ဆေးကြောသန့်စင်ပါ။ စဥ့်နှီတုံး၊ ပန်းကန်၊ ဓား၊ ဒယ်အိုးမှန်သမျှကို ဆေးကြောပါ။ ပန်းကန်ဆေးစင်(sink)ကို ဆေးကြောပါ။

(၅) အပူချိန်မှန်မှန်ချက်ပါ...
ကြက်သားကို (၁၆၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။ ၀က်သားနှင့် အမဲသားကို (၁၄၅)ဒီဂရီဖာရင်ဟိုက်၊ ငါးကို (၁၄၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။

(၆) မုန့်ဖုတ်ထားသည့် စားသောက်ကုန်များကို သတိထားပါ...
ကြက်ဥ ပေါင်မုန့်၊ ကွတ်ကီး စသည့် အသင့်စားထုတ်ကုန်များကို မစားပါနှင့်။ ၄င်းတို့တွင်ပါသည့် ကြက်ဥသည် မကျက်လျှင်ဖြစ်စေ၊ အထားကြာလျှင် ဖြစ်စေ ဘက်တီးရီး ယားဝင်တတ်သည်။

Love BUDS 

မရမ်းကုန်းက " မမကြီး" အမည်ရှိ အနှိပ်ခန်းကို ရဲစခန်းက၀င်ဖမ်းဆီး၍ အနှိပ်သမလေး ၁၀ ဦးကိုပါဖမ်းဆီးသွား

မရမ်းကုန်းက " မမကြီး" အမည်ရှိ အနှိပ်ခန်းကို ရဲစခန်းက၀င်ဖမ်းဆီး၍ အနှိပ်သမလေး ၁၀ ဦးကိုပါဖမ်းဆီးသွား



ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသည့် “မမကြီး” အမည်ရှိ အနှိပ်ခန်းကို ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်က ဘုရင့်နောင်နယ်မြေ ရဲစခန်းက၀င် ရောက်ဖမ်းဆီးလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ဘုရင့်နောင်ပွဲရုံဝင်း၊ ယုဇနလမ်း၊ အမှတ် (ဋ/၁၁)ရှိ “မမကြီး”ဆိုင်သည် အလှပြင်ဆိုင်အမည်ခံပြီး အနှိပ် ခန်းပြုလုပ်နေခြင်းဖြစ်သည်ဟုသတင်းရရှိထားသဖြင့်သက်သေများနှင့်အတူဝင် ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေရာတွင် ဆိုင်မန်နေဂျာ ထက်အောင်(ခ)အရှည်ကြီး (၁၉)နှစ်အား အဆိုပါအနှိပ်ခန်း၏ ဧည့်ခန်းကောင်တာစားပွဲတွင် တွေ့ရှိဖမ်းဆီးခဲ့သည်။

၎င်းထိုင်နေသည့် စားပွဲအတွင်းမှလည်း အနှိပ်ခန်းပြုလုပ်ရာမှရရှိသည့် ငွေကျပ် ၆၀,၀၀၀ နှင့်အတူ ဒီဇင်ဘာ ၈ ရက်ရက်စွဲပါ အနှိပ်သမများ၏အမည်နှင့် အခန်းဝင်ထွက်ချိန်များ ရေးသားထားသည့် စာရွက် စာနှစ်ရွက်၊ “မမကြီး” အမည်ပါ လိပ်စာကတ် ၁၆ ခုတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု ဆိုထားသည်။

ယင်းအပြင် ဆိုင်ခန်းအတွင်း၌ အနှိပ်လုပ်ငန်းလုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် အနှိပ်သမ ၁၀ ဦးကိုလည်း ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်တာဝန်ခံနှင့် အနှိပ်သမ ၁၀ ဦးတို့ကို အရေးယူပေးရန် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့နယ်တရားရုံးသို့ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့် ဦးတိုက်လျှောက်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

Mizzima Burmese 

မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ မြှုပ်နှံမည့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီမှ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများ စတင်

မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ မြှုပ်နှံမည့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီမှ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများ စတင်



မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ မြှုပ်နှံလုပ်ကိုင်မည့် ကာတာအခြေစိုက် Ooredoo ကုမ္ပဏီက မြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တယ်လီကွန်မြူနီကေးရှင်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့် အခွင့်အလမ်းများကို သိရှိနိုင်ရန် Ooredoo Myanmar Ltd; မှ အကြံပေး အရာရှိဖြစ်သူ Mr.Edwin Vanderbrueegn နှင့် တာဝန်ရှိသူများမှ ဒီဇင်ဘာ ၉ ရက်တွင် နေပြည်တော်၊ ရုံးအမှတ် ၃၂ ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်၍ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံကာ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပုဂ္ဂလိက ကုမ္ပဏီများ ၀င်ရောက်လုပ်ကိုင်ရန်အတွက် တင်ဒါခေါ်ယူမှုများ ပြုလုပ်ခဲ့ရာ လုပ်ငန်းဝင်ရောက် လုပ်ကိုင်ခွင့် ရရှိရန် လျှောက်ထားခဲ့သည့် ကုမ္ပဏီပေါင်း ၉၀ ကျော်အနက်မှ ကုမ္ပဏီနှစ်ခုအား လုပ်ငန်းဝင်ရောက်လုပ်ကိုင်ရန် စိစစ်ရွေးချယ်မှုများ ပြုလုပ်ခဲ့ရာ Ooredoo ကုမ္ပဏီမှာ တစ်ခုအပါအ၀င် ဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင် တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၌ ကမ္ဘာ့အဆင့်မီ တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက် ထူထောင်နိုင်ရန်အတွက် တာဝါတိုင်များ တည်ဆောက်ရန် Digical Asia Holdings ကုမ္ပဏီနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကိုလည်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

Ooredoo ကုမ္ပဏီသည် နိုင်ငံတကာ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများတွင် ဦးဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကာတာ၊ ကူဝိတ်၊ အိုမန်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ပါလက်စတိုင်းနှင့် မော်ဒိုက်ဗ်နိုင်ငံများတွင် ဈေးကွက်ဖြန့်ကျက်ထားပြီး ၂၀၁၂ ခုနှစ်တွင် ဆက်သွယ်ရေး ကွန်ရက်အား အသုံးပြုသူ စုစုပေါင်း ၉၂ သန်းကျော်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၀င်ငွေအမေရိကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အာရှဆင် ဒုတိယအများဆုံး ပိုင်ဆိုင်

မြန်မာနိုင်ငံတွင် အာရှဆင် ဒုတိယအများဆုံး ပိုင်ဆိုင်




မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကျင်းပနေချိန်တွင် မြန်မာနိုင်ငံသို့ ပြည်ပမှ ဧည့်သည်များ လာရောက်ချိန်တွင် တစ်ဖက်တစ်လမ်းမှ ပံ့ပိုး ဖြည့်ဆည်းသည့် အနေဖြင့် ကမ္ဘာပေါ်တွင် အာရှဆင်များ မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံး ဖြစ်ကြောင်း သိရှိစေရန် ထူးဖောင်ဒေးရှင်းနှင့် ပြင်သစ်နိုင်ငံ အခြေစိုက် Composs Flim တို့ ပူးပေါင်းပြီး မြန်မာ The Elephant

Power, Life Size Memory ရုပ်ရှင်မှတ်တမ်းများကို ဓာတ်ပုံဘုတ်များဖြင့် တိရစ္ဆာန် ဥယျာဉ်နှင့် ဆာဖာရီ (နေပြည်တော်)တို့တွင် ဒီဇင်ဘာ ၉ ရက်မှစတင် ခင်းကျင်း ပြသထားကြောင်း သိရသည်။

"ယခုကဲ့သို့ ဓာတ်ပုံကြီးများကို ခင်းကျင်း ပြသခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအနေဖြင့် ဆင်များ၏ သဘာဝကို လေ့လာ ထိတွေ့နိုင်စေရန်၊ ဆင်များနှင့် လူသားတို့ ဆက်နွှယ်မှုများ သိရှိစေရန်၊ မြန်မာနိုင်ငံသည် အာရှတွင်သာမက ကမ္ဘာပေါ်တွင် ဒုတိယ အများဆုံး အာရှဆင်များ ပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်ကြောင်း သိရှိစေရန်၊ တစ်ဖက်ကလည်း ပိုင်ဆိုင်ထားသည့် အာရှမျိုးဆင်များကို ယခုထက် ပိုမိုမျိုးပွား တိုးတက်လာစေရန်၊ ရေရှည် တည်တံ့နိုင်ရေး အတွက် ပြည်သူများ ပိုမိုသိရှိပြီး ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို ပါဝင် ဆောင်ရွက် လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆီးဂိမ်း ကာလအတွင်း ထူးဖောင်ဒေးရှင်းနဲ့ ပြင်သစ် အခြေစိုက် Composs Flim တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း" တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ မြန်မာနိုင်ငံအပါအဝင် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ဆင်များ ကို ရတနာတစ်ပါးလို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အာရှဆင်ပေါင်း ၅၀၀၀ ကျော်ခန့်ရှိပြီး ကမ္ဘာပေါ်တွင် အာရှဆင် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။
Myanmaalinn 

မြန်မာပြည်ကိုယ်စားပြုပြီး ဆီးဂိမ်းဝင်ပြိုင်သူတိုင်းကို တသိန်းစီ ဆုချ

မြန်မာပြည်ကိုယ်စားပြုပြီး ဆီးဂိမ်းဝင်ပြိုင်သူတိုင်းကို တသိန်းစီ ဆုချ




လက်ရှိ ကျင်းပနေပြီဖြစ်တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သူတိုင်းကို အားကစားဝန်ကြီးဌာနက ၁ ဦးကို ၁ သိန်းစီ ဆုချခဲ့တယ်လို့ သိရပါတယ်။

၈၃၄ ဦးအတွက် ငွေကျပ် ၈၃၄ သိန်း ပေးအပ်ခဲ့တာလို့ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက်က ဧရာဝတီကို ပြောပါတယ်။

“မလျှော့တဲ့ ဇွဲ၊ သတ္တိနဲ့ နိုင်အောင်ယှဉ်ပြိုင်ကြပါ မောင်တို့မယ်တို့ဆိုပြီးတော့ ၁ သိန်းစီ ဆုချတာပါ... ကစားသမားအားလုံး ပွဲတိုင်းကို အကုန် လိုက်ပေးတာပါ။ အဓိကက သူတို့အနိုင်ရဖို့ အားတခုဖြစ်စေချင်လို့ပါ”လို့ သူက ပြောပါတယ်။

အားကစား ဒု ၀န်ကြီး ဦးသောင်းထိုက်ဟာ မနေ့က ငွေဆောင်မှာကျင်းပတဲ့ ရွက်လှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင် ရွက်လှေအသင်းက ကစားသမားအားလုံးကို ဒီလိုပေးအပ်ရာမှာ ဒုဝန်ကြီးကိုယ်တိုင် အားကစားသမားနာမည်ကို အော်ခေါ်ပြီး ကစားသမား လက်ထဲအရောက် ရင်းရင်းနှီးနှီးနဲ့ ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် “မြန်မာ - နိုင်ရမည်” ဆိုတဲ့ သံပြိုင်ဟစ်ကြွေးတာတွေကို ၀န်ကြီးက တိုင်ပေးပြီး ကစားသမားတွေက လိုက်အော်ခဲ့ပါတယ်။

ဆီးဂိမ်းမှာရွှေရဖို့ အဖက်ဖက်က ပံ့ပိုးပြင်ဆင်မှုတွေအပြင် ဒီလို စိတ်ဓာတ်ခွန်အားပေးမှုတွေဟာ ၀င်ပြိုင်မယ့်ကစားသမားတွေကို စိတ်ဓာတ်တက်ကြွစေမှာ အမှန်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ ရွေတံဆိပ် ၁၈ ခု ရရှိထားတာကြောင့် ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၆ ကြိမ်မြောက် ဆီးဂိမ်းထက်တော့ သာသွားပါပြီ။
အဲဒီတုန်းက မြန်မာနိုင်ငံက ရွှေဆု ၁၆ ခုပဲ ရခဲ့တာဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်ကတည်းက ရွှေတံဆိပ် ၂၀ ခုထက် ပိုမရဖူးတော့တဲ့ မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်း ၃၂ နှစ် အကြာမှာတော့ ဒီရလာဒ်ဆိုးကို ချေဖျက်နိုင်ဖို့ နီးစပ်နေပါပြီ။

တကယ်ဖြစ်လာမလားဆိုတာတော့ မကြာခင်ရက်ပိုင်းအတွင်း အဖြေပေါ်တော့မှာပါ။ ဆက်လက်စောင့်ကြည့်ကြဦးစို့လား...

ဆလိုင်းသန့်စင်
ဧရာဝတီ သတင်း Myanmar News 

ဆီးဂိမ်းမှာ မီဒီယာတွေ အခက်တွေ့ရတဲ့ ကိစ္စ ဦးရဲထွဋ်ရဲ့ ရှင်းပြချက်

ဆီးဂိမ်းမှာ မီဒီယာတွေ အခက်တွေ့ရတဲ့ ကိစ္စ ဦးရဲထွဋ်ရဲ့ ရှင်းပြချက်


နေပြည်တော်တွင် ဒီဇင်ဘာလ ၁၁ နေ့က ကျင်းပတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ ပွဲစဉ်တွင် လုံခြုံရေး အခြေအနေကြောင့် ဟုဆိုကာ ဆီးဂိမ်းဝင်ခွင့် (E) ကတ် ပြုလုပ်ထားကြတဲ့
သတင်းထောက်များကို ဖွင့်ပွဲအနီးကပ်မှ ကွင်းဝင်ခွင့်အရေအတွက် ကန့်သတ်ခံရမှုတွေရှိပါတယ်။

“ပွဲကိုတက်ရောက်ကြမယ့် နိုင်ငံ့အကြီးအကဲ အပါအဝင် နိုင်ငံတကာက အကြီးအကဲတွေ အတွက်လည်း လုံခြုံရေးလည်း စီမံရတယ်၊ ကွင်းထဲကို လာကြမယ့် အားကစားသမားတွေ အတွက်လည်း နေရာစီစဉ်ပေးရ တာကြောင့် အိုလံပစ်ကော်မတီနဲ့ ညှိနှိုင်းတော့ ထိုင်ခုံ ၃၀၀ က မီဒီယာတွေအတွက် ရတာကြောင့် နိုင်ငံ တကာနဲ့ ပြည်တွင်း မီဒီယာတွေအတွက် အချိုးချ စီစဉ်ပေးလိုက်တာပါ” လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်ရှိ IBC ခန်းမမှာ ဧရာဝတီ သတင်းဌာနနဲ့ တွေ့ဆုံစဉ် ပြောကြား ပါတယ်။

ဆီးဂိမ်း ပြိုင်ပွဲများအတွက် ပြုလုပ်ထားသည့် မီဒီယာဝင်ထွက်ခွင့် (E) ကတ်များ ကိုင်ဆောင်ထားသည့် သတင်းမီဒီယာများ အနေဖြင့် ဂျာနယ်တိုက် (သို့မဟုတ်) သတင်းဌာန တခုလျှင် ၅ ဦးနှင့်အထက် စာရင်းတင်ပြထားပါက ကွင်းဝင်ခွင့်လက်မှတ် ၂ စောင်၊ ၅ ဦးအောက် စာရင်းပေးထားတဲ့ မီဒီယာတွေက ကွင်းဝင်ခွင့်လက်မှတ် ၁ စောင်နဲ့သာ ဝင်ခွင့်ရရှိတာကြောင့် အခက်အခဲတွေဖြစ်သွားခဲ့ပါတယ်။ ဒီကိစ္စ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က အခုလို ဖြေရှင်းထားပါတယ်။

Nayzawlin 

အပြည့်အစုံသို့ --> ဆီးဂိမ်းမှာ မီဒီယာတွေ အခက်တွေ့ရတဲ့ ကိစ္စ ဦးရဲထွဋ်ရဲ့ ရှင်းပြချက် http://www.myanmarcnn.com/2013/12/blog-post_4737.html#ixzz2nFVCx3GN

ပြည်တွင်း လေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးရာတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို ရာနှုန်းပြည့် ခွင့်ပြုမည် မဟုတ်

ပြည်တွင်း လေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးရာတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို ရာနှုန်းပြည့် ခွင့်ပြုမည် မဟုတ်



မြန်မာနိုင်ငံ၌ လေယာဉ်များ ဝင်ထွက် ဆိုက်ကပ် အသုံးပြုလျက် ရှိသည့် ပြည်တွင်း လေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးရာတွင် လေဆိပ် ဖွံ့ဖြိုးရေး စီမံကိန်း ပူးတွဲ တင်ပြမှသာ ဆောင်ရွက်ခွင့် ပေးမည် ဖြစ်ကြောင်းနှင့် ရာနှုန်းပြည့် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှုကို ခွင့်ပြုမည် မဟုတ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

''ပြည်တွင်းမှာ လက်ရှိ ဆင်းသက် အသုံးပြုနေတဲ့ လေဆိပ် သုံးခုကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အနေနဲ့ စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေက မိမိ လုပ်ကိုင်လိုတဲ့ လေဆိပ်ကို လာမယ့် ဇန်နဝါရီ ၁ ရက်မှာ လေကြောင်း ဦးစီးဌာနကို တင်ပြဖို့ ဖိတ်ခေါ် ထားတယ်။

ပုဂ္ဂလိကကို ပြောင်းလဲ လုပ်ကိုင်ခွင့် ပြုရာမှာ နိုင်ငံသား လုပ်ငန်းရှင်တွေကို ဦးစားပေးမယ်။ နိုင်ငံခြားသား တွေက ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်မယ်ဆိုရင် ရာနှုန်းပြည့် ရင်းနှီး မြှုပ်နှံမှုကို ခွင့်ပြုမှာ မဟုတ်ပါဘူး'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြည်တွင်း လေဆိပ်များကို လုပ်ကိုင်ခွင့် ပြုရာတွင် လေဆိပ် တစ်ခုလုံး လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုသည့် နည်းလမ်းကို ဦးစားပေး သွားမည်ဟု သိရသည်။

''ပုဂ္ဂလိက လုပ်ကိုင်တဲ့ အခါ ဘယ်လောက် အနေအထား ရင်းနှီး မြှုပ်နှံရမယ်၊ ဘယ်လောက် ပြန်ရမယ် ဆိုတာကို သေချာ တွက်ချက် ပြီးတော့မှ ဆောင်ရွက် စေလိုပါတယ်'' ဟု ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

အဆိုပါ လုပ်ကိုင်ခွင့်ကို စိတ်ပါ ဝင်စားသော အဖွဲ့အစည်း၊ ကုမ္ပဏီများ အနေဖြင့် သက်ဆိုင်ရာ လေဆိပ် များ၏ အခြေအနေ သတင်း အချက်အလက်များကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ရယူနိုင်ပြီး လေဆိပ်များကို ကွင်းဆင်း လေ့လာနိုင်ရန် ဌာနမှ ဖိတ်ခေါ်ထားကြောင်း သိရသည်။

Aသူ
Myawady News 

အပြည့်အစုံသို့ --> ပြည်တွင်း လေဆိပ်များကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးရာတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို ရာနှုန်းပြည့် ခွင့်ပြုမည် မဟုတ် http://www.myanmarcnn.com/2013/12/blog-post_166.html#ixzz2nFUJaSmc

12/11/13

Internet ဆိုင်ရာစာအုပ်များ

Internet ဆိုင်ရာစာအုပ်များ





ĊGoogleလျှို့ဝှက်ချက်များ(ဇေယျာစံ).pdf
View Download
ဇေယျာဇံ 4800k


ĊUSINGGMAILANDGTALK.pdf
View Download
မိုးသောက်လုလင် 20407k


Ċအင်တာနက်လိပ်စာများ.pdf
View Download
သန်းထိုက်(ရွှေရိပ်) 5274k


Ċအင်တာနက်အသုံးပြုနည်းလမ်းညွှန်(မျိုးသူရ).PDF
View Download
မျိုးသူရ 18834k


Ċအင်တာနတ်မှရှာဖွေနည်းများ(မျိုးသူရ).pdf
View Download
မျိုးသူရ


မှတ်ချက်...ဒီစာအုပ်ကို ဘလော့ခရီးသည်ဆိုဒ်မှတစ်ဆင့်ပြန်လည်မျှဝေပေးတာပါ

AusLogics BoostSpeed 6.4.1.0 Full

AusLogics BoostSpeed 6.4.1.0 Full




Auslogics BoostSpeed ကသူငယ်ချင်းတို့ရဲ့ကွန်ပြုတာနဲ့အင်တာနက်ကိုမြန်ဆန်အောင်လုပ်ဖို့ အစွမ်းထက်တဲ့ optimizer ဆော့လ်ဝဲဖြစ်ပါတယ်၊ကွန်ပြုတာကို သန့်ရှင်းပေးပြီး မြန်ဆန်အောင်
လုပ်ပေးပါတယ်။Startup မြန်ဆန်ခြင်း၊အင်တာနက်မြန်နှုန်းမြှင့်ပေးခြင်း၊ Internet Explorer, Firefox တို့မှာမလိုအပ်တဲ့ဖိုင်များကိုလည်းရှင်းလင်းပေးဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။Registry နှင့် Disks ကမလိုအပ်တဲ့ junk files တွေကိုလည်းရှင်းထုတ်ပေးပါတယ်၊ဒီဆော့လ်ဝဲကို Windows XP / Vista /7 / 8 တင်ထားတဲစက်မှာအသုံးပြုနိုင်ပါတယ်၊ဒီဆော့လ်ဝဲရဲ့လုပ်ဆောင်ချက် 
အပြည့်အစုံကိုအောက်မှာဖတ်နိုင်ပါတယ်။



Download >> Link 1 / Link 2
Features :
Speed Up PC With BoostSpeed
Modify Windows settings, file system and services to greatly increase system performance. Increase startup and shutdown speed, disable annoying CD autorun and error reporting features. BoostSpeed will keep monitoring your system for possible optimizations and let you know if such optimizations are possible. You can also run the System Optimization Wizard to periodically optimize your PC.

Speed Up Internet
Adjust your PC for faster images, music and software downloads, increased browsing speed and reliable Internet connections. View your download speed and graphs. To gain additional performance boost you can also turn on DNS Optimization.

Block Banner Advertisements
Tired of annoying banner advertisements accompanying many web sites? Now you can eliminate advertisements and also speed up your Internet browsing with BoostSpeed Banner Killer! You can add your own web sites to the black list to block them from showing their advertisements.
Keep Disk and Registry Clean
Get rid of junk on the disks and registry of your PC. Remove hazardous and space-wasting files left by untidy programs and crashes of your system. Dramatically increase the performance of your PC by cleaning, optimizing and defragmenting local disks and registry. 

Optimize Memory and Appearance
Badly written applications constantly steal memory without giving it back. That’s why your PC becomes unstable with time and you have to reboot. BoostSpeed automatically frees up computer memory to gain additional performance boost. You can also manually recover memory and clipboard.

Keep your PC fast and safe
BoostSpeed will detect most of the popular “PC-slowers” – bundle-software (such as eDonkey or Kazaa) which silently download malware and spyware to your computer, taking up internet traffic and slowing down the system. This will also keep your system safe from prying eyes of spyware programs.

Boost Software Products
BoostSpeed can improve performance of different software products, including Microsoft Office, Internet browsers (such as Internet Explorer, Opera, Mozzila), E-mail clients (Outlook, The Bat), MSN Messenger, ICQ, Media Player and others.
System Optimization Tools
Greatly increase your PC startup speed with Autorun Manager, where you can disable or remove the programs which try to load up when Windows starts up. Force-uninstall unwanted software products which take up space on your computer and slow it down.
Networks Tools
Keep your connection alive while you’re away, synchronize your computer clock with atomic clock over the Internet, lookup domain names and IP addresses, measure your Internet connection speed. Troubleshoot and improve your Internet connection and local network with an excellent selection of network management tools.
Changelog:
  • corrected a bug that under certain conditions may have led to removal of bookmarks in FireFox during temporary Internet file cleanup for this browser;
  • corrected a number of bugs that caused the program to crash in certain cases
Command line options:


  • Silent Installation: / S / I
  • Unpacking portable: / S / P
  • Siting: / D = PATH
  • Key / D = path should be the latest

12/10/13

Android File Data Error တွေကိုရှင်းဖျတ်ထုတ်နည်းပါ

Android File Data Error တွေကိုရှင်းဖျတ်ထုတ်နည်းပါ
ဖုန်းမှာ file အစုတ်ပလုပ်တွေ application Error တွေကြောင့် ဘာမှန်းမသိတဲ့ box ကလေးတတ်လာတာကို ဒီနည်းနဲ့ရှင်းပစ်လိုက်တာ ပိုစိတ်ချရတာပေါ့ဗျာ မကောင်းဆုံးကတော့ လက်ရှိသုံးနေတဲ့ ဆော့ဝဲတွေကို မသုံးတော့ပဲ နောက်ထက်ဆော့ဝဲအသစ်များကိုပြောင်းသုံးတာကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့  ဘာမှန်းမသိတဲ့ box တတ်လာတာကတော့ ဖုန်းဆော့ဝဲဗားရှင်းနိမ့်လို့အလုပ်မလုပ်တော့တာတို့ ဗိုင်းရပ်ပါတာတို့ကြောင့်လို့ ကျွန်တော်ထင်ပါတယ် ဒါကြောင့်အကောင်းဆုံးကတော့ ဆော့ဝဲအသစ်ပြောင်းသုံးတာပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်သိတဲ့သူငယ်ချင်းတွေအတွက်တော့ ကျော်ခွသွားလိုက်ပေါ့ဗျာ ကျွန်တော်လဲ အမတစ်ယောက်ကမေးထားလို့ နားလည်လွယ်အောင် ပုံလေးနဲ့ရှင်းပြပေးလိုက်ပါတယ်



 အပေါ်က ပုံမှာ backup ဆိုတဲ့ဆော့ဝဲလေးကိုဖွင့်လိုက်ပါ ဒါကတော့ဖုန်းတိုင်းမှာပါပြီးသား backup ဆော့ဝဲလေးပါ မတွေ့၇င်တွေ့အောင်ရှာကြည့်ပါ အောက်ကပုံကိုကြည့်ပါ




 backup လုပ်တယ်ဆိုတာဘာလဲဆိုတာတော့သိမှာပါ ဆော့ဝဲ data တွေကို ပြတ်သွားရင်ပြန်ယူလို့ရအောင် သိမ်းယူထားတာပေါ့ဗျာ နားမလည်မှာစိုးလို့ပါ သိမ်းထားချင်တဲ့ ဟာကိုအမှန်ချစ်ပေးပါ အကုန်လုံးသိမ်းယူထားချင်ရင်တော့ select all ဆိုတာကိုနှိပ်ပြီး စတင် buckup လုပ်လိုက်ပါ ဆော့ဝဲများရင်များသလိုအနည်းငယ်ကြာပါတယ်



ပြီးရင်တော့ ok လေးကိုနှိပ်လိုက်ပါ ဒါဆိုရင်တော့ ကျွန်တော်တို့ စတင်ပြီး file Error တွေဖျတ်ထုတ်ရှင်းပစ်လို့ရပါပြီ setting ကိုသွားပါ အောက်ကပုံလေးကိုကြည့်ပါ



 backup& reset ဆိုတာကိုနှိပ်လိုက်ပါ



 factory data reset ဆိုတာကိုနှိပ်လိုက်ပါ



 အမှန်ချစ်လေးပေးပြီး Reset phone ဆိုတာကိုနှိပ်လိုက်ပါ အောက်မှာဆက်ကြည့်ပါ


 Reset phone ဆိုတာကိုနှိပ်ပါ backup data ကတော့ ကျွန်တော်တို့အပေါ်ဆုံးမှာ ဆော့ဝဲနဲ့လုပ်ခဲ့ပြီးပြီဆိုတော့ လုပ်ပေးစရာမလိုတော့ပါဘူး ဆော့ဝဲနဲ့မလုပ်ရသေးရင်တော့ အဲ့ဒီမှာဆက်လက်ဝင်ရမှာပါ နှိပ်ပြီးသွားရင်တော့ ဖုန်းက restart  ကြသွားပြီး သူ့ဘာသာအလုပ်ဆက်လုပ်သွားပါလိမ့်မယ် root system now ဆိုတာကို ရွေ့ပြီး ပါဝါအဖွင့်အပိတ်နဲ့ ခလုပ်ကလေးကိုနှိပ်လိုက်ပါ စက်ပြန်ပွင့်လာရင်တော့ တရုတ်စာတွေပေါ်လာမှာပါ setting ကိုဝင်ပါlanguage & input ဆိုတာကိုနှိပ်လိုက်ပါ ထိပ်ဆုံးမှာတရုတ်စာလေးပေါ်နေပါလိမ့်မယ် နှိပ်လိုက်ပြီး english ဆိုတာကိုရွေးလိုက်ပါ ပြန်ထွက်ပါ settingကိုဝင်ပါ security ကိုဝင်လိုက်ပါ  Unknown sources ဆိုတဲ့ဘေးမှာအမှန်ခြစ်လေးပေးလိုက်ပါ အဲ့ဒါကိုအမှန်ခြစ်ပေးမထားမိရင်တော့ ဆော့ဝဲတွေတင်လို့မရပါဘူး အမှန်ခြစ်လေးပေးဖို့မေ့မနေပါနဲ့ ပြီးရင်တော့ ဆော့ဝဲလေးတွေပြန်ထဲ့ရန် backup ဆိုတဲ့ဆော့ဝဲကိုပြန်ဖွင့်ပါ SD ထဲမှာသိမ်းထားတဲ့အတွက် အထဲကိုဝင်လိုက်ပါ ပြီးတော့ဆော့ဝဲတွေ ဖုန်းနံပတ်တွေကို restore ပြန်လုပ်လိုက်ပါဒါကတော့နည်းနည်းလေးရှုပ်သွားတယ်ထင်တယ် ဒီနည်းကတော့ ဖုန်းထဲမှာရှိတဲ့ contacts တွေဖုန်းဆော့ဝဲလေးတွေပြန်ယူချင်လို့ဒီနည်းသုံးတာပါ ဘာဆော့ဝဲမှမယူဘူး ဖုန်း contacts တွေပဲယူချင်တယ်ဆိုရင်တော့


ဖုန်းထဲမှာမှတ်ထားတဲ့ သူငယ်ချင်းဖုန်းနံပတ်တွေကို ဖုန်းကဒ်ထဲကိုပြောင်းလိုက်ပါ ဒါဆိုရင်တော့ လုပ်ရတာလဲလွယ်ပါတယ် ဖုန်းပါဝါအဖွင့်အပိတ်နဲ့အသံချဲ့တဲ့ခလုတ်နှစ်ခုကိုကြာကြာတွဲနှိပ်လိုက် android ပုံလေးနဲ့စာမျက်နှာလေးပွင့်လာရင်တော့ လက်ကိုလွတ်လိုက်ပါ ပျက်သွားမှာကိုကြောက်မနေပါနဲ့ ပြီးရင်တော့ ဖုန်းသံအတိုးအချဲ့ကလေးနဲ့ အောက်နားလေးက wipe data/factory reset ဆိုတာကိုသွားလိုက်ပါ ရောက်ရင်တော့ ပါဝါခလုတ်ကလေးကိုနှိပ်လိုက်ပါ အလုပ်ဆက်လုပ်သွားပါလိမ့်မယ် စက်ပွင့်လာရင်တော့ ကျွန်တော်အပေါ်မှာပြေားထာခဲ့သလို setting မှာဝင်ရောက်ပြုပြင်လိုက်ပါ 
အခက်ခဲရှိခဲ့၇င်တော့ c-box မှာပြေားထားခဲ့ပါ ကျွန်တော်လဲသိသမျှ မေးသမျှကိုပြန်ဖြေပေးရတာပါ
အမှားပါရင်နားလည်ပေးစေလိုပါတယ်ခင်ဗျာ

အားလုံးအဆင်ပြေပါစေ


အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 

မှတ်ချက်။........ဒီဖုန်းနည်းပညာလေးကိုတော့ ကျွှန်တော်ရဲ့ဆရာတစ်ယောက်ဖြစ် ဘလော့ခရီးသည် ဆိုဒ်ကကူးယူဖော်ပြလိုက်ခြင်းဖြစ်ပါတယ်ကျွှန်တော်လိုအပ်တဲ့အခါယူသုံးရလွယ်အောင် ကျွှန်တော်ရဲ့ဆိုဒ်မှာတင်လိုက်တာပါ နားမလည်သေးတဲ့ကျွှန်တော်သူငယ်ချင်းတွေကိုလည်းမျှဝေပေးချင်လို့ပါ.......
ကျေးဇူးတင်ပါတယ်ခင်ဗျား.......................lovingbird..

တင်ထားသမျှပြန်ကြည့်ရန်

နည်းပညာများ (81) ဘလော့ပညာများ (44) သတင်း (44) ဖုန်းနည်းပညာ (14) Ebooks (11) Computer ဆိုင်ရာ (7) Wifi ဆိုင်ရာများ (7) ကဗျာများ (5) ဖုန်းဆော့ဝဲလ် (5) ဗဟုသုတများ (4) ဘုရား၊တရား၊သံဃာ (3) Android ဆိုင်ရာများ (2) Window ဆိုင်ရာ (2) စာပေများ (2) ဓမ္ဓ ကျမ်းစာများ (2) ဓါတ်ပုံ (2) သီချင်းများ (2) အွန်လိုင်းငွေရှာနည်း (2) ဆော့ဝဲ (2) ၀တ္ထုရှည် (2) (facebook hacker) (1) Facebook ဖျက်နည်း (1) Wifi Hack တဲ့ခါ ဘာတွေလိုအပ်လဲ (1) YoutubeမှဗီဒီယိုDownloadယူနည်း (1) facebook Cover photos (1) ios ဆိုင်ရာများ (1) zawgyi font for windows 8 (1) ကွန်ပြူတာမှviber သို့ (1) တရားတော်များ (1) ဖုန်း Myanmar Font (1) ဘန်ကောက် စာပေဟောပြောပွဲ(၁) (1) သီးသန့်စုဆောင်းထားခြင်း (1) အထွေထွေ (1) ရွှေပါရမီပညာဒါန (1) အောင်ဆန်း-အက်တလီ စာချုပ် (1) မြန်မာ ဇော်ဂျီ၁ (1) မြန်မာစာ facebook (1) နိုင်ငံရေး စာအုပ်များ အွန်လိုင်းမှာဖတ်ရန် (1)