(သခင်သာလျှင်) မှလိုက်လှဲစွာကြိုဆိုပါတယ်နော်

ကျွှန်တော်ရဲ့ဆိုဒ်မှာတင်သမျှပို့စ်များသည်မူပိုင်မဟုတ်ပါ တစ်ခြားခြားသော ဆိုဒ်များမှ ကူးယူတင်ပြခြင်းသာဖြစ်သည် တစ်ခြားဘာကိုမှ မရည်ရွယ်ပါ ကျွှန်တော်လိုအပ်တဲ့အခါ အလွယ်သုံးနှိုင်ရန်ယူထားခြင်းဖြစ်သည်

သခင်သာလျှင်

ဘ၀မှာ ဂုဏ်ယူစရာအကောင်းဆုံးဟာ တစ်ခါမှ မလဲကျဖူးတာ မဟုတ်ပါဘူး.. ဒါပေမယ့် ကိုယ်လဲကျတဲ့အခါတိုင်း ပြန်ထခြင်းဖြစ်တယ်..... ဆန္ဒနဲ့ရည်မှန်းချက်တို့သည် ပစ္စုပ္ပန်၌ ကျွှန်ုပ်တို့၏ ဘ၀ရှင်သန်ကြီးပွားအောင်မြင်အရေးအတွက် အလုပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အခြေခံအကြောင်ပင်ဖြစ်ပါကြောင်း မှတ်သားအပ်ပါသည်။

{သခင်သာလျှင်}မှလိုက်လှဲစွာကြိုဆိုပါတယ်နော်

ကျွှန်တော်ရဲ့ဆိုဒ်မှာတင်ပေးထားသောpostများသည်မိမိမူပိုင်မဟုတ်ပါ တစ်ခြားသောဆိုဒ်များမှကူးယူထားခြင်းဖြစ်သည် ဘာကိုမှမရည်ရွယ်ပါ လိုအပ်သောအခါ အလွယ်သုံးပြုနှိုင်ရန်သာယူထားခြင်းဖြစ်ပါသည်

( သခင်သာလျှင် )

နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ဘ၀သစ်ကို တည်ဆောက်နှိုင်ကြပါစေလို့ (သခင်သာလျှင်) ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်

(သခင်သာလျှင်)အမြဲကြိုဆိုလျှက်ပါနော်(lovingbird) fb သို့သွားလိုပါက ဒီပုံကို နှိပ်ပါ

အားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့.....သခင်သာလျှင်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်

1

(မန်ဘာဝင်ရောက်ခြင်းဖြင့်အားပေးကြပါနော်)

1/3/14

ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော် ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြရန် အစီအစဉ်ကို တန်ပြန်သွားမည်ဟု ထိုင်းရှပ်နီ ခေါင်းဆောင် ပြောကြား ....



အစိုးရ ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသော ထိုင်းနိုင်ငံတွင် ယင်းလပ် အစိုးရကို ဆန့်ကျင်သော အတိုက် အခံ ဆန္ဒပြသူများက ဇန်နဝါရီလ ၁၃ ရက်မှ စတင်၍ မြို့တော် ဘန်ကောက်မြို့၏ လုပ်ငန်း ဆောင်တာများ ရပ်ဆိုင်းသွားသည်အထိ ဆန္ဒပြမည်ဟု ပြောကြားခဲ့ပြီးနောက် ယင်းလပ်အစိုးရကို ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများကလည်း ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမှုများကို တန်ပြန်သွားမည်ဟု ပြောကြား လိုက်ေ ကြာင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းတွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့မှ စတင်၍ မြို့တော် ဘန်ကောက်၏ လုပ်ငန်း ဆောင်တာများ ရပ်ဆိုင်းသွားရန် ဆန္ဒပြမည့် အစီအစဉ်များကို အစိုးရ အတိုက် အခံ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (People's Democratic Reform committee) (PDRC) ခေါင်းဆာင် ဆူသက်သောင် ဆူဘန်က ဗုဒ္ဓဟူးနေ့ညက ကြေညာခဲ့သည်။

မြို့တော် ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုသည် အချိန်တစ်လ သို့မဟုတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာနိုင်သည့် ယင်းလပ်၏ အိမ်စောင့် အစိုးရ ပြုတ်သွားသည့် ကာလထိတိုင် ကြာမြင့်နိုင်ကြောင်း ယင်းလပ်အစိုးရ ဆန့်ကျင်သော အတိုက်အခံ ဆန္ဒပြ ခေါင်းဆောင် ဆူသက်သောင်ဆူဘန် က ပြောကြားသည်။

ယင်းလပ်အစိုးရကို ဆန့်ကျင်သူများက ယခုကဲ့သို့ မြို့တော် ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြရန် စီစဉ်လျက်ရှိစဉ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများကလည်း မြို့တော် ဘန်ကောက် ရပ်ဆိုင်းမည့် အစီအစဉ်များကို တန်ပြန်သွားရန် ရှပ်နီ ဆန္ဒပြ ခေါင်းဆောင် ဂျတူပေါင်ပရောင်ဖန် (JatupornPromphan) က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချရေး စီစဉ်နေသော အီလစ်အုပ်စု၏ လုပ်ရပ်များကို တန်ပြန်သွားရန် ပြည်သူတွေအတွက် အချိန်ကျပြီ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ရှပ်နီခေါင်းဆောင် ဂျတူပေါင် ပရောင်ဖန်က ပြောကြားသည်။

ထို့ပြင် ယင်းလပ်အစိုးရ ဆန့်ကျင်သူများက ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြမည့် ရက်ဖြစ်သော ဇန်နဝါရီလ ၁၃ ရက်နေ့ မတိုင်မီ ပဏာမ ဆန္ဒပြရက်အဖြစ် သတ်မှတ်ထားသော ဇန်နဝါရီလ ၅ ရက်နေ့တွင် ယင်းလပ် ထောက်ခံသော ရှပ်နီ ဆန္ဒပြသူများ ပဏာမ ဆန္ဒပြမှုများ ပြုလုပ်ကြရန် ၎င်းက တိုက်တွန်းလိုက် သည်။ 

ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော ယင်းလပ်အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများမှာ ယင်းလပ်၏ အစ်ကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆန့်ကျင်သူများ ဖြစ်ပြီး၊ ထိုင်းဘုရင်မင်းမြတ်ကို ထောက်ခံသူများ ဖြစ်သည်။

သက်ဆင်ကို ဆန့်ကျင်သော အင်အားစုများမှာ ထိုင်း တောင်ပိုင်းပြည်နယ်များနှင့် ဘန်ကောက်မြို့နေ လူလတ်တန်းစားနှင့် အီလစ်များ ဖြစ်ကြသည်။

သက်ဆင်ကို ထောက်ခံသော ရှပ်နီ အင်အားစုများမှာ ထိုင်း မြောက်ပိုင်းပြည်နယ်များမှ ဖြစ်ပြီး၊ အများစုမှာ ကျေးလက်နေ ဆင်းရဲသား လူတန်းစားများ ဖြစ် သည်။ ထိုင်းတွင် ယခုဖြစ်ပွားနေသော နိုင်ငံရေး ပဋိပက္ခများမှာ နှစ်ကာလ အတန်ကြာမြင့်လာပြီ ဖြစ်သော ဘန်ကောက်မြို့တော်နေ လူလတ်တန်းစားများ၊ ဘုရင်စနစ်ကို ထောက်ခံသူများနှင့် သက်ဆင် - ယင်းလပ်ကို ထောက်ခံသော အများစုမှာ ဆင်းရဲနွမ်းပါးသော ကျေး လက် နေသူများအကြား ဖြစ်ပွားေ သာ နောက်ဆုံး ပဋိပက္ခ ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
 Myanmar Express  

မှတ်ချက်.....myanmar cnn မှတင်သေားသတင်းကိုပြန်လည်မျှဝေပါသည်


သခင်သာလျှင်မှတင်သမျှ fb မှာဖတ်ချင်ရင်  ဒီမှာ like နှိပ်ပါ
ပျော်ရွင်ကြပါစေ.....

လွတ်လပ်ရေးနေ့.......ငါတို့နှိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့်......


လွတ်လပ်ရေးနေ့.......ငါတို့နှိုင်ငံရဲ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုသောအားဖြင့်.....သခင်သာလျှင် ဆိုဒ်မှ အခုလိုတင်ပြပေးလိုက်တာပါ သူငယ်ချင်းတွေအားလုံး
ပျော်ရွင်ပြီးဝမ်းသာပီတိ ဖြစ်ကြပါစေ ခေတ်ကာလကြီး ဘယ်လောက်ပဲ့ပြောင်းလွဲလာပါစေ ငါတို့ရဲ့ရင်ထဲ
ဘယ်တော့မှမပြောင်းဘဲ အမြဲရှိနေတာက ငါတို့နှိုင်ငံကိုသူ့ကျွှန်ဘ၀မှလွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်တဲ့ ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းပါပဲ့


အင်တာနက်နှင့်အီးမေးလ်အဆင့်မြင့်လက်တွေ့အသုံးပြုနည်းစာအုပ်



စာအုပ်အမည်း အင်တာနက်နှင့်အီးမေးအဆင့်မြင့်လက်တွေ့သုံးပြုနည်းစာအုပ်
ရေးသားသူး သူရအောင် (B.C.Sc)
အမျိုးအစားး pdf
အရွယ်အစားး 14.5 MB

ဒီစာအုပ်လေးကတော့ (အင်တာနက်နှင့်အီးမေးလ်အဆင့်မြင့်လက်တွေ့အသုံးပြု
နည်းစာအုပ်) ဖြစ်ပါတယ်ဒီစာအုပ်လေးကိုလေ့လာခြင်းအားဖြင့်အင်တာနက်ပိုင်း
ဆိုင်ရာများကိုပိုမို၍ကျယ်ကျယ်သိလာစေနိုင်မှာဖြစ်ပြီး၊အီးမေးဆိုင်ရာနှင့်ပတ်
သက်သည့်အချက်အလက်များကိုလည်းလက်တွေ့ကျကျပိုမို၍အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ကွန်ပြူတာ
သမားတိုင်းဆောင်ထားပြီးလေ့လာသင့်တဲ့စာအုပ်လေးတစ်အုပ်ပါ။မရှိသေးသူများအောက်ကdownload လင့်လေးမှာမြန်မြန်လေးဒေါင်းထားကြနော်။
                                                   







မှတ်ချက် ...ညီနေမင်းဆိုဒ်မှ ကူးယူဖော်ပြပါသည်...

ညီနေမင်းဆိုဒ်သို့  ဒီမှာ သွားလိုက်ပါ

ကျွှန်တော်တင်သမျှကို FB မှာဖတ်ချင်ရင် ဒီမှာ LIKE နှိပ်ပါ

သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်.....

1/2/14

တရုတ်ပြည်ကို ငြိမ်းချမ်းရေးသံတမန်အဖြစ်သွားခဲ့တဲ့ ပုဂံမင်းသားလေးနဲ့ ယူနန်က တရုတ်မလေးရဲ့ အချစ်စွန့်စားခန်း ဇာတ်လမ်းပါ။
















 (舞乐传奇) ဝူလဝ့်ချွမ်းချိ - The Legend of Songs and Dance လို့ခေါ်တဲ့ တရုတ်ရာဇဝင်သိုင်းကားအသစ်ဖြစ်ပါတယ်။ မြန်မာပြည်မှာ မကြာခင်ပြတော့မယ်။
ဒီလစ်တွေမှာ ကြည့်နှိုင်ပါတယ်

https://www.youtube.com/watch?v=YBtDRTT3nAA

https://www.youtube.com/watch?v=vUZvFz6NpdA

https://www.youtube.com/watch?v=NrDs6NOPP6g

သခင်သာလျှင်မှတင်သမျှဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ
ပျော်ရွင်ကြပါစေသူငယ်ချင်းတို့........


Myanmar song (mp4).....သီးချင်းလေးတွေပါ

                                            









                                                     
                                                           






ပျော်ရွင်ကြပါစေနော်
သခင်သာလျှင်မှတင်သမျှ fb မှာမြင်ချင်ရင် ဒီမှာ like နှိပ်ပါ

ကျေးဇူးတင်ပါသည်။

ဘီအီးဒီအောင်သိုက် ရဲ့  ဇတ်လမ်း တိတ်ခွေများစုစည်းမှု့ 


ဘီအီးဒီအောင်သိုက် ရဲ့  ဇတ်လမ်းအဟောင်းလေးတွေစုစည်းမှု့ ပါ။ ဒီဘက်ခေတ် ညီငယ် / ညီမငယ် တွေ နားမထောင်ဘူးသေးရင် နားထောင်ကြည့် ပါ။ အရမ်းကို နားထောင်လို့ ကောင်းပါတယ်။အပြောစွမ်းရည် ကတော့ ကြောက်ခမန်းလိလိ ပါပဲ အထေ့ အငေါ့ လေးတွေနဲ့  အရမ်းကို ပိုင်နိုင်လှတဲ့ ဘီအီးဒီအောင်သိုက် ရဲ့  ကက်ဆက်ခွေ ဇတ်လမ်းတွေကို
ကျွန်တော် ဆို ကွန်ပျူ တာ ဆော့ ရင်း အမြဲ စိတ်ပျေ လက်ပျောက် နားထောင်နေကြပါ။ ကျွန်တော့် မိတ်
ဆွေတွေ ပြန်လည်နားထောင်စေချင်တာရယ်။ တန်ဖိုး ရှိတဲ့  အသံဖိုင်လေးတွေကို အများသူငှာ နားဆင်စေနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။







တစ်စောက်ကမ်းဘဂျမ်း  ( a ) ,   ( b )





မြရင်ချစ်သောကိုရင် သြ  အပိုင်း ( ၁  )  ယ ( ၂  )  ,  ( 3  )


ပေါက်စီနှင့် ပါမုန့် 

A SIDE ( 1  )  ,  ( 2  )  SIDE  B  ( 1 )  , ( 2 ) 

ဒုတိယပိုင်း ( ၁ )    ,  (  ၂ )


ဘလော့ခရီးသည်သို့  ဒီမှာ နှိပ်ပါ

သခင်သာလျှင်မှာလည်ပတ်ချင်ရင် ဒီမှာ နှိပ်ပါ

ကျွှန်တော်တင်သမျှ fb မှာဖတ်ချင်ရင် ဒီမှာ like လုပ်ပါ

ပျော်ရွင်ကြပါစေ........

ုမြန်မာစာ FONT ထည့်ရန် ROOT လုပ်ခြင်း သည် ဖုန်းအတွက် ထိခိုက်မှု မရှိနိုင်


ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်း၊ message ပို့ခြင်း၊ Contact အမှတ်ခြင်း များကို မြန်မာ ဘာသာဖြင့် အသုံးပြု နိုင်ရန် အတွက် မြန်မာ font ထည့်သွင်းရာတွင် root လုပ်ခြင်းသည် warranty seal ပျက်ယွင်းစေ သည်ဟု ဆိုကာ အများစုမှာ root မလုပ်လို ကြကြောင်း သိရသည်။
သို့သော် root လုက်လိုက်ခြင်းသည် မြန်မာစာ font အတွက်သာ မက အခြား root access ရမှသာ အသုံးဝင်မည့် apps များ အတွက်လည်း အသုံးဝင်ပြီး ဖုန်းအတွက် ကြီးမားသော ထိခိုက်မှု မျိုး မရှိနိုင်ကြောင်း သိရသည်။
“အမှန် တကယ်က root လုပ်တာနဲ့ မလုပ်တာက သိပ်မကွာ ပါဘူး။ root မလုပ်ဘဲ မြန်မာစာ font ထည့်တယ် ဆိုတာက ADB mood မှာဆိုရင် ဖုန်းကို ဖွင့်ထားပြီး Command line နဲ့ remount လုပ်ပြီး ထည့်လိုက်တာ။
အချို့ဖုန်းတွေ ဆိုရင်လည်း fastboot mood မှာရှိတဲ့ recovery file ထဲမှာ custom recovery အနေနဲ့ ထည့်ပြီး zip file လေးတွေကို ဖြည်ချ လိုက်တာပါပဲ။ root လုပ်တာ ကျတော့ system ထဲက font ကို ဝင်ပြောင်း ရတာမို့လို့ Admin အနေနဲ့ change လိုက်တဲ့ သဘောပါ။
ဖုန်းတော်တော် များများက သူတို့ရဲ့ ဖုန်းမှာ game တွေ၊apps တွေ တင်ခွင့် ရှိပေမယ့် System ထဲကို ဝင်ရောက် ခွင့်ပေး မထားပါဘူး။ ဒါကြောင့် warranty seal ပျက်တာပါ။ ဒါပေမယ့် အချို့ root access ရမှ သုံးလို့ရမယ့် apps တွေဆိုလည်း root လုပ်ရ မှာပဲလေ။ ဖုန်းကို မထိခိုက် ပါဘူး” ဟု လသာမြို့နယ်ရှိ Mobimax ဖုန်းဆိုင်မှ ကိုပြည့်စုံကိုက ပြောသည်။
ယခု နောက်ပိုင်း Samsung, Nokia ဖုန်းများ တွင်လည်း root လုပ်ရန်ပင် မဟုတ်သေးဘဲ boot လုပ်ရန် unlock ဖြည်ရုံဖြင့် warranty seal ပျက်ကြောင်း သိရသည်။ ထို့ကြောင့် အချို့သော ဖုန်းအသုံးပြုသူ များမှာ facebook, Gmail, message, ဖုန်း contact အတွက် မြန်မာလို ပေါ်စေရန် apps တစ်မျိုးချင်းစီကို ထည့်သွင်း ထားပြီး မြန်မာ Keyboard ထည့်ကာ အသုံးပြု ကြကြောင်း သိရသည်။
Ref: MMT (Yoyarlay)

ကျွှန်တော်ဖတ်လိုက်ရတာထဲကကောင်းတာလေးကိုပြန်မျှဝေပေးလိုက်ပါတယ်

သခင်သာလျှင်ဆိုဒ်လည်ပတ်လိုပါက ဒီမှာ နှိပ်လိုက်ပါ
ပျော်ရွင်ကြပါစေ......

1/1/14

pc ကနေ wifi ပြန်လွင့် ချင်သူများအတွက်



Connectify Hotspot   ဆော့ ဝဲလို့ ပြောလိုက်တာနဲ့  ကွန်ပျူတာကိုအသုံးပြုတဲ့ မိတ်ဆွေတော်တော်များများသိပြီးသားဖြစ်
မှာပါ.....မိမိတို့  pc  ကနေ wifi  ပြန်လွင့် ထုတ်ပြီးခွဲဝေ   အသုံးပြုချင် သူများအတွက် မရှိမဖြစ်ပါ။
ဒီကောင်လေးက Windows XP, Windows Vista, Windows 7, Windows 8 (64 & 32 bit) စတဲ့ အထိအသုံးပြုလို့  ရနိုင်တာကြောင့်  ငွေကုန်ကြေးကျ သက်သာပြီး အဆင်ပြေပါတယ်။
ဖိုင်ဆိုဒ်ကလည်း (8 MB )ပဲရှိပါတယ်...အသုံးလိုမယ်ဆိုရင်ဒေါင်းယူသွားလိုက်ပါ။အမြဲတမ်းအသုံးပြုလို့ ရအောင် Activator လေးပါထည့် သွင်းပေးထားပါတယ်။






ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ

Download link ကိုနှိပ်ပြီး နောက် tab တစ်ခုနဲ့ page တစ်ခုပေါ်လာပါလိမ့်မယ်။ ငါး စက္ကန့်လောက် စောင့်ပေးလိုက်ပါ။ ညာဘက်ထောင့်မှာ Skip ဆိုတဲ့ button လေးပေါ်လာပါလိမ့်မယ်။ အဲဒီ skip ဆိုတဲ့ button ကိုနှိပ်လိုက်ရင် download ဆွဲလိုရတဲ့ page တစ်ခုကျလာပါလိမ့်မယ်။ အဲ့ဒီမှာ download လုပ်နိုင်ပါပြီဗျာ


မှတ်ချက်။.......ပုသိမ်သားလေးစိုင်းသူဆိုဒ်မှ ကူးယူထားပါသည်

ပုသိမ်သားလေးစိုင်းသူဆိုဒ်သို့ ဒီမှာ  သွားလိုက်ပါ


သခင်သာလျှင်ဆိုဒ်သို့  ဒီမှာ   နှိပ်လိုက်ပါ


ရွင်လန်းချမ်းမြေ့ကြပါစေ..................





12/31/13

“မဟာ” ကြောင့် နောင်တမရခဲ့ဘူးဆိုတဲ့ ဇော်ဝင်းထွဋ်နဲ့ အင်တာဗျူး



အဆိုတော် ဇော်ဝင်းထွဋ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

နှစ်ပေါင်း ၄၀ ကြာမှ မြန်မာပြည်မှာ ပြန်လည်ကျင်းပခွင့်ရခဲ့တဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်း အားကစားပွဲတော် ဖွင့်ပွဲကြီးမှာ ပြဇာတ်တပုဒ် ကသလို ပါဝင် ဖျော်ဖြေ တင်ဆက်သွားခဲ့တဲ့ “မဟာ” ဆိုတဲ့ သီချင်းကို အားလုံး မြင်တွေ့ ခံစားမိလိုက် ကြမယ် ထင်ပါတယ်။ ဒီသီချင်း ဖျော်ဖြေမှုဟာ တခြားသော ဖျော်ဖြေမှုတွေထက် ပရိသတ် ပိုမိုနှစ်ခြိုက်ခဲ့တယ် လို့လည်း သိရပါတယ်။ဒီသီချင်းဟာ မြန်မာနိုင်ငံမှာ ရော့ခ်ဘုရင် တဆူဖြစ်တဲ့ အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ မူပိုင် တေးသီချင်းတပုဒ် ဆိုရင်လည်း မမှားပါဘူး။ ၁၉၉၅၊ ၉၆ ကာလတွေက ပေါ်ပေါက်ခဲ့တဲ့ ဒီ “မဟာ” သီချင်းဟာ သူ့ရဲ့ အတိတ်က သမိုင်းကြောင်းတွေလည်း ရှိခဲ့တာတော့ အမှန်ပါပဲ။ တချိန်က ဒီသီချင်းဆိုလို့ ဇော်ဝင်းထွဋ်ကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပေမယ့် ဆီးဂိမ်းမှာ ဒီသီချင်းကိုပဲ လူတွေက နှစ်ခြိုက်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီသီချင်းရဲ့ သမိုင်းအစကို သီချင်းမူပိုင် အဆိုရှင် ဇော်ဝင်းထွဋ်နဲ့ အတူ ဧရာဝတီ သတင်းထောက် မစပ်စုက ပြန်လည်တူးဖော် ပြောဆို ဖြစ်ခဲ့ပါတယ်။

မေး။     ။ “မဟာ” သီချင်း စတင်သီဆိုဖြစ်ခဲ့တဲ့ အတိတ်က သမိုင်းကြောင်း အကျဉ်လေး အရင်ဆုံး ပြောပြပေးပါလား။

ဖြေ။     ။ အဲဒီတုန်းက ပုဂံကို တချိန်လုံး သွားတယ်။ ကြိုက်တယ်ပေါ့။ ကိုယ်က အညာမှာလည်း ကြီးလာတာဆိုတော့ အညာကိုလည်း သဘောကျတယ်။ ပုဂံကိုလည်း သဘောကျတယ်။ ကျနော် စပြီး “မျောလွင့်ခြင်း” ဆိုတဲ့ အခွေထွက်တော့ အဲဒီတုန်းက ပုဂံမှာ “အသစ်က ပြန်စ” ဆိုတဲ့ သီချင်း သွားရိုက်တယ်။ အဲဒီမှာ မြို့ဟောင်းကြီး ခွာကာ မြို့သစ်သို့သွားဆိုတဲ့ စာသားပေါ့။ အဲဒီအခွေ ထွက်ပြီးတော့ နောက်တခေါက် ပုဂံ ကိုသွားတဲ့အခါမှာ ပုဂံက မြင်းလှည်းသမားတွေက ဒီအခွေ ထွက်တော့ ခင်ဗျားတို့ကတော့ ပျော်နေ၊ ကျနော်တို့မှာ အခွေထွက်တဲ့ အချိန် မြို့ဟောင်းက လူတွေ မြို့သစ်ကို ပြောင်းရတယ် ပေါ့လေ။ တော်တော် ဒုက္ခရောက်တယ် ပေါ့လေ။ သူတို့မှာ အဲဒီ သီချင်းကြားတိုင်း စိတ်တိုရတယ်ပေါ့။ ကျနော်က ရယ်လည်း ရယ်ချင်၊ နောက် ဖီလ်းလေး တခုက ရင်ထဲကို ရောက်သွားတယ်။ ငါကတော့ ပုဂံအတွက်ကို အကြွေးရှိနေပြီ။ သီချင်း တပုဒ်တော့ လုပ်ပေးမယ်လို့ အဲဒီကတည်းက တေးထားတာပေါ့။ ၉၂ လောက်ကတည်းက တေးထားပြီး တကယ်လုပ်ဖြစ်တော့ ၉၅၊ ၉၆ လောက်မှ လုပ်ဖြစ်တယ်။ အဲဒီမှာ ပုဂံမှာ အဓိကက မြ၀တီ ရုပ်မြင်သံကြားက လွှင့်ချင်တယ် ဆိုတော့ လူမပါဘဲ ပုဂံရိုက်ကွင်း ရိုက်ကွက်တွေနဲ့ သီချင်းတပုဒ် လိုချင်တယ်ဆိုပြီး အဲဒီတုန်းက တာဝန်ခံထားတာ တေးရေး – မြသန်းစံပေါ့နော်။ သူက သီချင်း စာသားလေးတွေ ကျနော့်ကို လာပေးထားတယ်။ နောက် ကျနော်တို့ စတူဒီယို – D မှာ အဲဒီစာသားကို မယ်လိုဒီ ကောက်ထည့် ပြီးတော့ ၃ ရက်လောက် နေတော့ တခါတည်း ဆိုရင်း သွင်းလိုက်ပြီး အမှတ်တမဲ့ သီချင်းလေး တပုဒ် ဖြစ်သွားတာ ပေါ့လေ။ ဆိုပြီး တီးပြီးတော့လည်း ကိုယ့်ဘာသာကိုယ် သဘောကျကြပါတယ်။ နောက်တခါ နားထောင်တဲ့ သူတွေကလည်း ပြန်ကြားတာပေါ့နော်။ ပုဂံက လူတွေလည်း ကြိုက်ကြတယ်ဆိုတော့ တာဝန်တခုတော့လည်း ကျေသွားပြီ ပေါ့လေ။

မေး။     ။ ဆီးဂိမ်း ဖျော်ဖြေမှု အစီအစဉ်တခုအဖြစ်နဲ့ ပါဝင်ဖြစ်ခဲ့ပုံကရော။

ဖြေ။     ။ ဆီးဂိမ်းမှာကျတော့ အဓိကက ယဉ်ကျေးမှုဝန်ကြီးပေါ့။ သူက ဒီသီချင်းလေးနဲ့ အကတွေ ဘာတွေနဲ့ သေချာ လုပ်ချင်တယ်ပေါ့။ အဆင်ပြေတယ်ပေါ့။ ကျနော်ကတော့ ၀င်မဆိုတော့ဘူးပေါ့။ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ သူတို့ သရုပ်ဖော်မယ် ဆိုတော့ ကျနော်တို့ ပြန်တီး ပေးရတာပေါ့။ ပြန်တီးပေးတယ်၊ ပြန် ဆိုပေးလိုက်တယ်။ နောက်တခါ ဘယ်လို  ပြောင်းပေး လိုက်ရသလဲ ဆိုတော့ အရင် မဟာ ဆိုတုန်းက ကျနော်တို့ရဲ့ Arrangement က သီချင်းကတော့ ဒီအတိုင်းပါပဲ။ ဒါပေမယ့် နောက်ခံ တီးလုံးတွေကို နည်းနည်း ပြောင်းပေးလိုက်တယ်။ အရင်တုန်းက Orchestra ကို စစ်ချီတဲ့ဆန်ဆန် ဇာတိသွေး ဇာတိမာန်ကြွအောင် ဆိုပြီးတော့ အပို့တွေနဲ့၊ ဆိုင်းပုံစံမျိုးနဲ့ တယောတွေနဲ့ တီးတယ်။ ဒီတခေါက်ကျတော့ အရှည်ကြီးလည်း တီးရမယ်၊ သီချင်းရဲ့ အလယ်မှာလည်း လူတွေက ၀င်တာ ထွက်တာ ဇာတ်လမ်း အခင်းအကျင်းတွေနဲ့ နောက်ဆုံး အကတွေနဲ့ ပိတ်မယ်ဆိုတော့ သုံးပိုင်းပေါ့။ အလယ် Body ပိုင်းက တပိုင်း၊ နောက်ခံ Background ကို ကြမ်းကြမ်းတမ်းတမ်း မသွားဘဲနဲ့ နွဲ့လိုက်တာပေါ့။ ဒီသီချင်း Arrangement ပိုင်းကို ကျနော်တို့ အင်ပါယာတီးဝိုင်းက အစအဆုံး တီးပေးတယ်။ နောက် အဓိကက ဓီရာမိုရ်နဲ့ တိုင်ပင်ပြီးတော့ သူလုပ်ချင်တဲ့ Arrangement လေးတွေလည်း ထည့်တာပေါ့လေ။ သူတို့က တယော အစစ်တွေ ထပ်ထည့် လိုက်တယ်။ အတိတ်က သမိုင်းကြောင်းတွေကို ပြန်သွားတဲ့ ပုံစံမျိုး၊ နောက်က Backing ကို နည်းနည်း နွဲ့လိုက်တာပေါ့။ ဒါပေမယ့် သီချင်း စာသားကတော့ တလုံးမှ မပြောင်းဘူး။ ဒီတိုင်းပါပဲ။ အကုန်လုံး ပြန်ဆို၊ ပြန်တီးပြီးတော့ ပုဂံခေတ်က ဗုံတွေပုံစံ ပြန်ထည့်လိုက်တာပါ။ နောက် ဒီတီးလုံး တီးကွက်တွေကို မီးအလင်းအမှောင် လုပ်တဲ့သူတွေဆီ ပို့ရပါတယ်။ သီချင်းက အားလုံးပေါင်း ၁၈ မိနစ်အထိ ဆွဲဆန့်ပြီးတော့ Lighting နဲ့ အတိအကျ ဘယ်လို သရုပ်ဖော်ကွက်တွေကို ဘာနဲ့ထိုးမလဲ ဆိုတာမျိုးကို ဦးစင်ရော်မောင်မောင် တို့လည်း ပါတော့ သူတို့နဲ့ တိုင်ပင်ပြီး လုပ်ကြတာပါ။

မေး။     ။ ဒီ “မဟာ” သီချင်းကို စီးရီး Title တခုအနေနဲ့လည်း အဲဒီကာလတွေမှာ ထွက်ခဲ့ သေးတယ်နော်။

ဖြေ။     ။ မဟာ စီးရီးမှာ မပါခင်၊ မြ၀တီ ရုပ်မြင်သံကြားအတွက် မဟာ သီချင်း တပုဒ်တည်း ဆိုပေးလိုက်တာပါ။ နောက် တော်တော် ကြာတော့မှ မဟာ စီရီး ထွက်ချင်တယ် ဆိုပြီးတော့ မဟာတေးသံသွင်းက လူတွေက သူတို့ရဲ့ မဟာဆိုတဲ့ နာမည်နဲ့၊ ဒီမဟာသီချင်းနဲ့ စီးရီးထွက်ချင်တယ်ဆိုပြီး ဒီသီချင်းကို ထပ်လုပ်ခိုင်းတာပါ။ ပထမဆုံးကတော့ ဒီ မဟာ တပုဒ်ထဲ လုပ်ထားတာပေါ့လေ။ နောက်အပုဒ်တွေ အစီအစဉ်မရှိဘူး။ ၉၅ ခုနှစ် လောက်ကပါ။

မေး။     ။ စစ်အစိုးရ လက်ထက်မှာပဲ ဒီ“မဟာ” သီချင်း စပြီးထွက်လာတယ်။ ပြီးတော့ ဒီသီချင်းဟာလည်း စစ်အစိုးရရဲ့ လက်ဝေခံ မြ၀တီ ရုပ်မြင်သံကြားအတွက် သီဆို ရိုက်ကူးပေးခဲ့ရတယ်၊ ဆိုတော့ အဲဒီကာလမှာ ပရိသတ်တွေအနေနဲ့ ဒီသီချင်းအပေါ် ဝေဖန်ခဲ့တဲ့ အနေအထား ဘယ်လိုရှိခဲ့တယ်လို့ မြင်မိခဲ့လဲ။

ဖြေ။     ။ ပထမ ဒီ မဟာသီချင်း တီဗီက စလာတဲ့ အချိန်တုန်းကတော့ ပုဂံသီချင်း တပုဒ်ပေါ့။ ကြိုက်ကြပါတယ်။ ကြိုက်ကြတယ် ဆိုတာက ပြန်ကြားရတာပေါ့လေ။ နောက် မဟာ စီးရီးထွက်တဲ့ အချိန်မှာ ကြိုက်တဲ့သူနဲ့၊ မကြိုက်တဲ့သူနဲ့ နှစ်မျိုး ကွဲပြားသွားတာရှိတယ်။ ကျနော့် တာဝန်ကတော့ ပြီးသွားတာပေါ့လေ။ ပထမကတော့ မဟာ ဆိုပြီး ပုဂံမြို့ကို တင်စားပြီး ဆိုလိုက်တာက တမျိုးပေါ့။ နောက်ကျတော့ ကိုယ်ကလည်း စီးပွားရေးအရ ပါသွားတာပေါ့လေ။ ဒီ တေးသံသွင်း ဆိုင်က ပိုက်ဆံကိုယူပြီး ကျနော်တို့က သူ့ကို အခွေတခွေ လုပ်ပေးရတယ်။ နောက် မဟာ ၁၊ ၂ ၊ ၃၊ ၄ ဆိုပြီး လုပ်ပေး ရတာကိုး။ ဆိုတော့ သတိလည်း ထားရတာပေါ့လေ။ အဲဒီခေတ်မှာ အဆိုတော်တွေက ဒီလို ပေါ်လစီ သီချင်းဆန်တာတွေ မဆိုကြဘူးလေ။ အကုန်လုံးက ရှောင်ကြတာကိုး။ ကျနော်တို့က အဲဒီအချိန်တုန်းက ကိုယ်ကလည်း တက်ကြွနေတဲ့အချိန်၊ ယုံယုံကြည်ကြည်နဲ့လည်း ဒါ ငါတို့ဆိုတာက၊ ငါတို့ တိုင်းပြည်အတွက်ဆိုပြီး ဖန်တီး ပေးလိုက်တာပါ။ အခု အချိန် မှာတော့လည်း ကျေနပ်ပါတယ်။ ကျေနပ်တယ် ဆိုတာက အခုလို နှစ် တော်တော်ကြာတော့ ပြန်လှည့် ကြည့်လိုက်တော့လည်း အဲဒီတုန်းက ဒီသီချင်းတပုဒ် အတွက် တော်တော် အချိန်ကုန်ခံပြီး သေချာ လုပ်ခဲ့တယ်၊ ကိုယ်တီးချင်တဲ့ တီးလုံးနဲ့ စာသားတွေ ဆိုခဲ့ရတယ်ပေါ့လေ။

မေး။     ။ အဲဒီကာလတွေမှာ ဒီ “မဟာ” သီချင်းကို ပရိသတ်တွေအနေနဲ့ စစ်အစိုးရရဲ့ ပေါ်လစီ သီချင်း တပုဒ်အဖြစ် သတ်မှတ် ခဲ့ကြမှုအပေါ် ကိုဇော်ဝင်းထွဋ်ရဲ့ သဘောထား ဘယ်လိုရှိခဲ့လဲ။

ဖြေ။     ။ အဲဒီတုန်းကတော့ ရှင်းရှင်းပြောရရင် တိုင်းပြည် အခြေအနေအရ တေးရေးကလည်း မြသန်းစံက အဲဒီအချိန်တုန်းက ဗိုလ်မှူး မြသန်းစံ ဖြစ်တယ်ဆိုတာကလည်း ပါတယ်။ နောက် အဲဒီကာလမှာ တုန်းက ကျနော့်အထင် သူက မြ၀တီမှာ ပေါ်လစီ ကားတွေ ရိုက်တာတို့၊ ဒါမျိုးတွေရှိတာကိုး။ အဲဒီလို အကန့်တွေ ရှိတဲ့အခါကျတော့  ရှင်းရှင်းပြောရရင် လူတွေကလည်း ဒီအချိန်မှာ ဒီလိုမျိုးပဲ မြင်မှာပဲလေ။ သူနဲ့ ကျနော်နဲ့ ကျတော့လည်း ဆယ်တန်း အောင်ကတည်းက ဂစ်တာ အတူ တီးခဲ့ ကြတာကိုး။ ကျနော်က သူ့ကို စစ်ဗိုလ် တယောက်အနေနဲ့ မမြင်ဘူး။ ဘော်ဒါ ညီအစ်ကိုလိုပဲ ငယ်ငယ်ကတည်းက နေလာတော့ အမှန်က ကျနော်က ဒီသီချင်းကလည်း စာသားလေး ကောင်းတော့ ဆိုတာပေါ့။ ဆိုတော့ ကျနော်က ရိုးရိုးသားသား ဆိုခဲ့တဲ့အတွက်ကြောင့် နောင်တတော့ မရဖူးပါဘူး။ ကျနော်တို့ ရိုးရိုးသားသားနဲ့ ဖန်တီးခဲ့တယ်။ ယုံယုံ ကြည်ကြည်နဲ့ လုပ်ခဲ့တယ်။ အဲဒီ အကျိုးဆက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုပဲလာလာ ကျနော်တို့ကတော့ ခံနိုင်တယ် ။ လက်ခံပါတယ်။

မေး။     ။ အဲဒီ ကာလတွေမှာ ဒီလို ပေါ်လစီသီချင်းတွေ သီဆိုခဲ့ရတဲ့ အနုပညာရှင် တယောက်အနေနဲ့ အနုပညာ လုပ်ငန်းနဲ့ ပတ်သက်လို့ ထိခိုက်မှု၊ အပြင်းအထန် ဝေဖန်ခံခဲ့ရမှုတွေကို ဘယ်လောက် အတိုင်း အတာအထိ ခံခဲ့ရတာမျိုး ရှိပါသလဲ။

ဖြေ။     ။ အဲဒီလိုတော့ မရှိခဲ့ဘူး။ ပထမက ကျနော်တို့ အဲဒီလို ထင်တာပေါ့လေ။ ကျနော်တို့ ရှေ့မှာလည်း ရှိတယ်။ အဆိုတော်တွေ ဒီလို ဆိုလိုက်ရင် အဲဒီလို ဖြစ်သွားမယ်ပေါ့။ ကျနော်လည်း အဲဒီလိုထင်တာ။ ရတယ် … ထင်ပစေပေါ့လေ။ဒါပေမယ့် ကျနော်တို့က ဘာမှမဖြစ်ပါဘူး။ ဒီလိုပဲ ဘာလာလာ နဂိုကတည်းက ကိုယ့်ဘာသာကိုယ် လုပ်ချင်တာ လုပ်လာခဲ့တဲ့ ကောင်တွေဖြစ်တော့လေ။ တကယ်တမ်းကျတော့ ကျနော်တို့ ထင်သလိုတော့ မဟုတ်ဘူးပေါ့။ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်မှာ ကလည်း အမြင်ချင်းက တူမှမတူကြတာ။ ဒါကို ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူက တ၀က်စီတော့ အမြဲလိုလို ရှိနေတာကိုး။ ရှိနေတော့ တကယ်ကိုပဲ ခုနက ပြောခဲ့သလိုပေါ့။ ဒါ ငါတို့ တိုင်းပြည်အတွက် ဇာတိသွေး ဇာတိမာန်အတွက်ပေါ့။ ခုနကလို ကောင်းတာတွေ၊ မကောင်းတာတွေ၊ အစွန်းရောက်တယ်ပဲ ပြောပြောပေါ့။ တက်ကြွတဲ့ လူတွေက တအား ကြိုက်တဲ့သူကလည်း ကြိုက်တယ်၊ မကြိုက်တဲ့ သူကလည်း ဒါ လုံးဝ မဆိုသင့်ဘူးလို့ ပြောတဲ့သူလည်း ရှိပါတယ်။ ကျနော်တို့ ဆိုတဲ့ အချိန်မှာ ဟာ … မင်း ဘာလို့ ဆိုတာလဲ ဆိုပြီး ကျနော့်ကို ၀ိုင်းဖျက်တဲ့ သူကလည်း ရှိတာပေါ့။

နောက်ပြီး ကျနော် ကလည်း ရှေ့မှာ “စည်းလုံးခြင်းအတွက် သီချင်းတပုဒ်” ဆိုတဲ့ တိုင်းရင်းသား သီချင်းတပုဒ် ဆိုခဲ့တာကိုး။ ဒါကလည်း ကျနော်တို့က ခုနက ပြောခဲ့သလို  ယုံယုံ ကြည်ကြည်နဲ့ လုပ်ပေးခဲ့ရတယ်။ အဲဒီ အချိန်တွေက ကျနော်တို့က မလုပ်ပေး လို့လည်းမရဘူး။ ရှောင်လို့ မရတဲ့ အခြေအနေမှာ လုပ်ရတော့မယ်။ အဲဒီအချိန်မှာက န၀တ ခေတ်ကိုး။ န၀တရဲ့ မူဝါဒတွေကို သီချင်းလုပ်ပြီး ဆိုရမယ်ဆိုတဲ့ ပုံစံ၊ ဒါ မြန်မာ့အသံကနေ ကျနော်တို့ဆီ လာတော့ အဲဒီအချိန်မှာ ကျနော်တို့ ရွေးစရာမရှိခဲ့ဘူး။ မရှိတော့ တတ်နိုင်သမျှ ကိုယ့်ဘက်လည်း မပါ၊ သူ့ဘက်လည်း မပါ၊ တ၀က် ကြားကနေ ကြံဖန်ပြီးတော့ ရပ်တည် ပေးရတာ ပေါ့လေ။ ဒါပေမယ့် အဲဒီလိုလည်း ရပ်တည်ရမယ်၊ ကိုယ့် အနုပညာကလည်း စစ်မှန်ဖို့ လိုသေးတာပေါ့။ အဲဒီလို ရပ်တည်ခဲ့ပြီးကိုယ်ကလည်း အတုတွေ မလုပ်ပေးခဲ့ဘူးပေါ့။ စည်းလုံးခြင်းအတွက် သီချင်းတပုဒ် ဆိုလည်း အဲဒီလိုပဲ။ န၀တရဲ့ မူဝါဒ ၁၆ ချက်ရှိတယ်။ ဒီအထဲမှာမှ ကျနော်လက်ခံတာတော့ ဒီအချက်ရှိတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာတော့ န၀တမှ မဟုတ်ဘူး ဘယ်အစိုးရ တက်တက် ကျနော်တို့ ရင်ထဲကပဲ ပြည်ထောင်စုဆိုတာ ရှိခဲ့တဲ့အတွက် နောင်တချိန် မှာလည်း ဘယ်တော့မဆို ဒါကြီးက မတိမ်ကောတဲ့ အတွက် ဒီအချက်ကိုပဲ ဆိုပေးမယ် ဆိုပြီး ကျနော် လုပ်ပေးခဲ့တာ။ ဒါဟာလည်း ကျဉ်းထဲကျပ်ထဲ ကနေ အကောင်းဆုံး လုပ်ကြတဲ့ သီချင်းတပုဒ်ပေါ့။ အခုတော့လည်း ဒီအခြေအနေ တွေက မရှိတော့ဘူးပေါ့။ ဒါပေမယ့် ပြန်ကြည့်လိုက်တဲ့ အခါမှာလည်း အဲဒီလို လုပ်ခဲ့တဲ့အတွက်  နောင်တတော့ မရပါဘူး။ အတိုင်းအတာ တခုအထိတော့ အကျိုးရှိတယ်လို့ ထင်ပါတယ်။

မေး။     ။ ပေါ်လစီ သီချင်းတပုဒ်လို့ အများသိထားတဲ့ ဒီ “စည်းလုံးခြင်းအတွက် သီချင်းတပုဒ်” သီချင်းက “မဟာ” သီချင်းထက် ပိုစောပြီး ထွက်လာတယ်လို့ ပြောလို့ရလား။ ဘာအတွက် ရိုက်ခဲ့တာလဲ။

ဖြေ။     ။ ပိုစောပါတယ်။ သိပ်အကွာကြီးတော့ မဟုတ်ဘူး။ အဲဒါက မြန်မာ့အသံအတွက် ရိုက်တာပါ။ အဲဒီတုန်းကလည်း မြန်မာ့အသံနဲ့ မြ၀တီက အပြိုင်အဆိုင်လို ဖြစ်နေတော့ ဒီသီချင်းကို မြန်မာ့အသံအတွက် လုပ်ပေး လိုက်တာ။ အဲဒီတော့ မဟာ ကကျတော့ မြ၀တီက လာတာပါ။

မေး။     ။ မဟာသီချင်းနဲ့ ပတ်သက်လို့ အရင် စစ်အစိုးရ လက်ထက်က ဖြစ်ခဲ့တဲ့ အနေအထားတွေကနေ ဒီဆီးဂိမ်းဖွင့်ပွဲမှာ ဒီ သီချင်း ဖျော်ဖြေမှုကို သဘောကျ အားပေးတဲ့ အနေအထား ဖြစ်လာတဲ့အပေါ် ကိုဇော်ဝင်းထွဋ်ရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ။

ဖြေ။     ။ ခုနက ပြောခဲ့သလိုပါပဲ။ ကျနော်တို့က စလုပ်ခဲ့ကတည်းက အတုမဟုတ်ဘူး။ အစစ်တခုကို လုပ်ခဲ့တာပါ။ သူ့အခြေအနေ သူ့အချိန်အခါ အရ အပြောအဆို ခံလိုက်ရတာ ရှိတယ်။ ကြိုက်တဲ့သူ ရှိတယ်။ ဒါပေမယ့် ကျနော်တို့က မရိုးမသား လုပ်ခဲ့ရင် ဒီဘက် အချိန်အထိ ပါလာစရာ အကြောင်း မရှိပါဘူး။ ကျနော့် အဖိုးရေးတဲ့ “နဂါးနီ” သီချင်းလိုပေါ့။ နှစ်ပေါင်း ၄၀၊ ၅၀ မှာလည်း လူတွေ ပါးစပ်ဖျားမှာ ရှိနေသေးတယ် ဆိုတာကလည်း မှတ်ကျောက် တင်ခံတယ်၊ သီချင်းတွေက ခေတ်ရဲ့ မှတ်ကျောက်တင်တာ ခံနိုင်မှလည်း နောင်ခေတ်တွေကို ဖြတ်သန်းနိုင်တာကိုး။ ကျနော်ကတော့ တခေတ်တော့ အောင်သွား ပြီပေါ့လေ။ ဒီအတွက်ကိုလည်း ဂုဏ်ယူရမှာပေါ့လေ။ ကျနော်လုပ်ခဲ့တာ စစ်မှန်လို့လည်း ဒီဘက်တခေတ်ကို ထပ်ပါလာပြီ ပေါ့လေ။ အဲဒီလိုပဲ ကျနော် ယူဆပါတယ်။

မေး။     ။ ဒီသီချင်းကို တချို့သူတွေက ကော်ပီသီချင်းပါလို့ ထင်မြင်နေကြတဲ့ အပေါ် ဘာပြောချင်ပါသလဲ။

ဖြေ။     ။ ကော်ပီ သီချင်းမဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်ရေးထားတဲ့ သီချင်းပါ။ ကော်ပီ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ သီချင်း၊ အထူးသဖြင့် နောင်ပိုင်းလည်း ကော်ပီက မဆိုဖြစ်ဘူးဆိုတော့ ကိုယ့်ဘာသာ ကိုယ်ပဲ ဖန်တီးပါတယ်။ ဒီ Music က ကျနော်ကိုယ်တိုင် ပါးစပ်က ရွတ်ထားတာ ဆိုတော့ ဒါကို အာမခံပါတယ်။ သူများဆီက ၀ယ်ထားတဲ့ သီချင်းလည်း မဟုတ်ဘူးလေ။

မေး။     ။ မဟာသီချင်းအနေနဲ့ နှစ်ပေါင်း ၄၀ ကျော်ကြာပြီးမှ ပြန်လည်ကျင်းပခွင့်ရခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲရဲ့ ဖွင့်ပွဲအခမ်းအနားမှာ အစီအစဉ် တခုအနေနဲ့ ပါဝင်ခဲ့မှုအပေါ်၊ ဒီ တင်ဆက်မှုကို မြန်မာ ပရိသတ်တွေအနေနဲ့ နှစ်ခြိုက်ခဲ့မှုအပေါ် ဘယ်လို သုံးသပ်ချင်ပါသေးလဲ။

ဖြေ။     ။ ဒီသီချင်းကို ရွေးတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်ရမှာပါ။ သတိတရနဲ့ ရွေးတဲ့အတွက်ပေါ့။ ကျနော့်ကို နှစ်ပေါင်းများစွာ အစဉ်အဆက် အားပေးလာခဲ့တဲ့ ကျနော့် မိတ်ဆွေတွေကို ဒီသီချင်းလေးနဲ့ ပြန်ပြီး ကျေးဇူးဆပ်ရတယ် လို့လည်း ယူဆပါတယ်။ ဒီလို လုပ်ပြခွင့်ရတဲ့ အတွက်လေ။

မေး။     ။ ဒီ မဟာ သီချင်းကို ဖန်တီးပေးခဲ့တဲ့ တေးရေး မြသန်းစံ အတွက်ကိုရော ဘာပြောချင်ပါသေးလဲ။

ဖြေ။     ။ ကျနော်တို့က ဒီသီချင်းကို စပြီး သူဖန်တီးကတည်းက မြင်မြင်ချင်းပဲ စာသား ဖတ်တာနဲ့ကို အရင်ဆုံး ကြက်သီး ထလောက်အောင် တကယ့်ကို ခံစားရတဲ့ စာသားတွေဖြစ်တယ်။ ဒါကြောင့်ကိုပဲ ကျနော်တို့ အင်ပါယာ တ၀ိုင်းလုံး တိုင်ပင်ပြီး ဂရုတစိုက်နဲ့ သေချာ စနစ်တကျ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် ဆရာ မြသန်းစံကို တသက်လုံး ကျေးဇူး တင်သွားရ မှာပါ။     ။

ဧရာဝတီ သတင်း 

မှတ်ချက်...myanmar cnn ဆိုဒ်မှကူးယူဖော်ပြပါသည်။


သခင်သာလျှင်သို့  ဒီမှာ  သွားလိုက်ပါ

ပျော်ရွင်ပါစေ

Viber v4.0.1.2 (For Andriod) ဒီဇင်ဘာ ၂ ရက်နေ့ နောက်ဆုံးထွက် Viber လေးပါ။



December 2, 2013 နေ့က Viber အသစ် Update လေး ထွက်လာလို့တင်ပေးလိုက်ပါတယ်။ အခု အသစ်ထွက် တဲ့ Viber ရဲ့ ထူးခြားချက်က ဖုန်း Free Call ရင် အသံက အရင်ကထက် ကြည်လင်ပြတ်သားတယ်။ စာပို့ရင်လည်း stickers ပုံတွေ အရင်ကထက် ပိုစုံလာတယ်။ နောက်ပြီး  voice messages အသံ Message လည်း ပို့လို့ရပါတယ်။

လိုင်းမကောင်းတဲ့ အခါ တယောက်နဲ့တယောက် အသံချင်းပို့ပြီး စကားပြောလို့ အဆင်ပြေပါတယ်။ အရင် Version တွေထက်ပိုလန်းပါတယ်။ Andriod Version 2.2 အထက်တွေမှာ အားလုံး အဆင်ပြေပါတယ်။ စိတ်ဝင်စားသောသူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

Download Viber


မှတ်ချက်............ဇော်မင်းသန်းဆိုဒ်မှ ကုးယူဖော်ပြပါသည်

ဒီမှာသွားလိုက်ပါ....ဇော်မင်းသန်း

သခင်သာလျှင်ဆိုဒ်သို့  ဒီမှာ နှိ ပ်လိုက်ပါ

ပျော်ရွင်ကြပါစေသူငယ်ချင်းတို့..............

(သခင်သာလျှင်)

တစ်ခါတစ်ရံ နားလည်ပေးလွန်းလို့

ငါ့ကိုငါတောင် သြချ ရတဲ့အဖြစ်။

ခွင့်လွှတ်ပေးဖို့ အကြိမ်ကြိမ်ကြိုးစားရင်းနဲ့


ဒူးထောက်ရတဲ့ ငါ... ။


မမြင်ချင်ယောင် ဆောင်နေမှန်းသိလျှက်နဲ့


သခင့်ခြေရင်းဒူးထောက်ခစားမြဲပါပဲကွယ်

ပူတာကိုသိပေမယ့်လည်း မီးပုံထဲတိုးကာဝင်တဲ့


ပိုးဖလန်ငယ်မပါ သခင်ရဲ့ခြေဖ၀ါးအောက်က


မြေမှုန့်မျှသာ တန်ဖိုးထားလည်း


သခင့်အလိုကျ အပြုံးမပျက်ခဲ့ပါဘူး


ဖြစ်ချင်တာကို ရင်မှာသိုသိပ်


သခင်ပြောသမျှ ခေါင်းညိတ်ခဲ့တာ


အသဲနှစ်အောင် ချစ်လို့ပါ...


ချစ်သူရယ်.........


တကယ်ချစ်ရင် အချစ်ဆိုတဲ့ ဆူးက


ဒီရင်ကို စူးစေတာလားဟာ။


ငါ အရမ်းချစ်လို့ ချစ်လွန
လို့

မျက်လုံးစုံမှိတ် ကြိတ်ပြီးငိုခဲ့တာလဲ များပါပြီ။

အိပ်မရတဲ့ညတွေ ငါ့အတွက်


အဆိပ်တစ်ခွက်လို ပြင်းလှပါတယ်။


အချစ် အလွမ်း တမ်းတ ခြင်းတွေ


ငါ့ရင်မှာ နေရာ အနှံ့ ဘာလို့ စိုးမိုးထားရတာလဲ။


ဆုံးရှုံးခြင်းဆိုတဲ့ စကားလုံး


ဝေးကွာခြင်းဆိုတဲ့ စကားလုံး


လမ်းခွဲခြင်းဆိုတဲ့ စကားလုံးေ
တွ

ငါ မကြားချင်ဆုံး အကြောက်ဆုံးတွေပါ။

တို့နှစ်ယောက်တစ်သက်မခွဲဘူး


သက်ရှူသံတွေရပ်တန့်မှ


တို့ရဲ့အချစ်တွေရပ်ကျမယ်လို့


တိုင်တည်ကာ ထားပေမယ့်လည်း


ကံကြမ္မာ အလှည့်ပြောင်းမှာ


ကံဇာတ်ဆရာ အလိုကျ


ကြိုးဆွဲရာ က လို့ ဝေးသွားခဲ့ရင်.....


ငါ့နှလုံးသားကိုထုတ်


အသဲကို မြေမြုပ်လို့


ငါ့ဝိဥာဉ်တွေ သခင်နဲ့အတူ သယ်သွားပါတော့.....


ငါ အရမ်းချစ်တယ်


ငါ အရမ်းမြတ်နိုးတယ်


ငါ ပြောမပြတတ်အောင်


သခင့်ပေါ်ထားတဲ့ သံယောဇဉ် တွေ


နှောင်ကြိုးတွေ အထပ်ထပ်နဲ့


ခိုင်မြဲလွန်းနေလို့ပါ ။


သခင့်ရဲ့နား အရိပ်တစ်ခုလို


အမြဲရှိနေချင်လို့ပါ။


ဝိဥာဏ်ဖြစ်လည်း သခင့်ရဲ့နှလုံးသားမှာ


ကျေးကျွှန်အဖြစ် ခစားပါရစေနော်....

.
ခွဲမသွားနှိုင်လို့ပါ..................


( lovingbird)........






ပျော်ရွင်ကြပါစေ.......





သခင်သာလျှင်လည်ပတ်လိုပါက ဒီမှာ နှိပ်ပါ




12/30/13

လပွတ္တာ ကန်ဘဲ့ ရွာလုံးကျွတ်မီးလောင်




ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘဲ့ကျေးရွာတွင်
ဒီဇင်လာလ ၃၀ရက် မနက် ၂နာရီ၁၀ ခန့်တွင် မီးလောင်ကျွမ်း
ခဲ့ရာ ရွာလုံးကျွတ် နီးပါးမီးထဲပါသွားကြောင်း ဒေသခံများက
ပြောကြားသည်။

ကနဦးသတင်းများအရ မုန့်ဟင်းခါးဖိုမှတဆင့် လောင်ကျွမ်းခြင်း
ဖြစ်ပြီး အိမ်ခြေ ၂၁၃အိမ်ခန့် မီးထဲပါသွားကြောင်း လပွတ္တာ မြို့နယ်အုပ်ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားသည်။

တာဝန်ရှိလူကြီးများ ကန်ဘဲ့သို့ ဆင်းသွားပြီး ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း သတင်းအချက်အလက်များ စိစစ်နေဆဲ ဖြစ်၍အသေးစိတ်ပြောဆိုရန်အခက်အခဲရှိသည်ဟု ၎င်းကဆိုသည်။

ကမ်းနားလမ်းရှိ အထည်ဆိုင်များ၊ ဆန်ဆိုင်များ၊ သံထည်ဆိုင်များ အကုန်လောင်ကျွမ်းသွားပြီး သိုလှောင်ထားသည့် လောင်စာဆီ ပီပါများ ပေါက် ကွဲမှု ရှိခဲ့ကြောင်း ဆန်ဆိုင်မီးထဲပါသွားသူ ဦးဘိုဘိုက
ပြောကြားသည်။

“လောင်စရာမရှိလို့ ငြိမ်းသွား ငြိမ်းလို့ ငြိမ်းတာမဟုတ်”ဟု
ခြောက်ကောင်ခွဲ အင်ဂျင်နှင့် ကြိုးစားမီးငြိမ်းသတ်ခဲ့သူ ဦးဘိုဘိုက
ဆိုသည်။

လက်ရှိ မီးဘေးဒုက္ခသည်အများစုကို မဟာအောင်မြေဇံကျောင်းတွင်
နေရာချပြီး လယ်ကွင်းများ နေထိုင်သူများရှိကြောင်း ဒေသခံတစ်ဦးက
ဆိုသည်။


People power 

သခင်သာလျှင်သို့( ဒီမှာ )သွားလိုက်ပါ

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ


ပျော်ရွင်ချမ်းမြေ့ကြပါစေ....


တင်ထားသမျှပြန်ကြည့်ရန်

နည်းပညာများ (81) ဘလော့ပညာများ (44) သတင်း (44) ဖုန်းနည်းပညာ (14) Ebooks (11) Computer ဆိုင်ရာ (7) Wifi ဆိုင်ရာများ (7) ကဗျာများ (5) ဖုန်းဆော့ဝဲလ် (5) ဗဟုသုတများ (4) ဘုရား၊တရား၊သံဃာ (3) Android ဆိုင်ရာများ (2) Window ဆိုင်ရာ (2) စာပေများ (2) ဓမ္ဓ ကျမ်းစာများ (2) ဓါတ်ပုံ (2) သီချင်းများ (2) အွန်လိုင်းငွေရှာနည်း (2) ဆော့ဝဲ (2) ၀တ္ထုရှည် (2) (facebook hacker) (1) Facebook ဖျက်နည်း (1) Wifi Hack တဲ့ခါ ဘာတွေလိုအပ်လဲ (1) YoutubeမှဗီဒီယိုDownloadယူနည်း (1) facebook Cover photos (1) ios ဆိုင်ရာများ (1) zawgyi font for windows 8 (1) ကွန်ပြူတာမှviber သို့ (1) တရားတော်များ (1) ဖုန်း Myanmar Font (1) ဘန်ကောက် စာပေဟောပြောပွဲ(၁) (1) သီးသန့်စုဆောင်းထားခြင်း (1) အထွေထွေ (1) ရွှေပါရမီပညာဒါန (1) အောင်ဆန်း-အက်တလီ စာချုပ် (1) မြန်မာ ဇော်ဂျီ၁ (1) မြန်မာစာ facebook (1) နိုင်ငံရေး စာအုပ်များ အွန်လိုင်းမှာဖတ်ရန် (1)