1

(မန်ဘာဝင်ရောက်ခြင်းဖြင့်အားပေးကြပါနော်)

12/9/13

ကဗျာများ

တွေ့ချင်ပေမယ့်
မစွမ်းသာတစ်ကယ်ပါ
တွေးနေယုံကျေနပ်
နေတတ်ချင်လည်း
မှားယွင်းမှုတွေ
အလီလီဖြစ်မှာကို
စိုးထိတ်ပိုကဲ
အလွမ်းတိုးကာ
နွမ်းလျမှာစိုး....

ညတွေညတွေ
ထထထိုင်နေ
တွေးလို့ယောင်မှား
စိတ်ချောက်ခြားခဲ့
သက်တန့်ရယ်
ငှက်ကလေးရယ်
အမှောင်ထဲကမျက်နှာ
ရင်မခုန်လည်းကျေနပ်
နင်မယုံလည်း
မဖြေတတ်ပါကွယ်......။ ။


{မရိုးမရွစိတ်ကူးတွေနဲ့}

လှိုင်းခတ်ရာကို

ကမ်းလို့ထင်ပြီး

ကူးမိခဲ့ပါတယ်...............

အမောနွံထဲ

လက်ပန်းကျတော့မှ

အရမ်းဖြူစင်တဲ့

လက်တစ်စုံကို

ဘယ်လိုအားနဲ့များ

ကမ်းရက်မှာလဲ.................

နေပါစေတော့နော်

ငါစုံစုံမမြုပ်ခင်

ခဏလေးပဲ

ဖေးလို့ကူပေးပါ.........................

အဆိပ်လိုခါးတဲ့

ငါ့ကိုသာ

မြိုမချမိပါစေနဲ့......................

ထွေးဖို့အန်ဖို့

ခက်ခဲတဲ့စကားလုံးတွေကို

မင်းနားမလည်တဲ့

ဘာသာနဲပဲ

နေ့စဉ်ချပြမယ်နော်...........................

ငါ့ရင်ဝမှာ

စိုက်နေတဲ့မြားက

နှစ်ချောင်းဆိုရင်တောင်မှ

မင်းခွင်းခဲ့တဲ့

မြားကမှ

နာကျင်ခြင်းကင်းခဲ့တာ.......................


မိုးလေ၀သ အထူးသတင်း

အချစ်သက္ကရာဇ် ၁၅၀၀ ခုနှစ်

ယနေ့ အချစ်လဆန်း ၁ ရက်နေ့ ၅း ၂၈ မိနစ် တိုင်းထွာချက်အရ ချစ်သူအခြေအနေကို ဗဟိုပြု ၍ နှလုံးသားမြို့နှင့် အနီးတစ်ဝိုက်တွင် အမုန်းမုန်တိုင်းတစ်ခု အားပြုလျှက်ရှိပါသည်။



ထိုမုန်တိုင်းသည် ပိုမိုအားကောင်းလာကာ မျက်ဝန်းကမ်းရိုးတန်းတစ်လျှောက်နှင့် မျက်စိပင်လယ်တို့တွင်

ရံဖန်ရံခါ မိုးသက်လေးပြင်းများ ကျရောက်ပြီး ဝေဒနာလှိုင်းများ ကြီးနိုင်ပါသည်။



မုန်တိုင်းကျချိန် ဝေဒနာရေပြင် လေပြင်၏ ရင်ခုန်နှုန်း အတိုင်းတာသည် တစ်စက္ကန့်လျှင် အကြိမ် ၁၅၀၀ ထိ ပြင်းထန်စွာ တိုက်ခတ်နိုင်ပါသည်။

သို့ပါ၍ နှလုံးသားမြို့မှ အလွမ်းရွာသို့ အထီးကျန်လှေစီးပြီး ကြေကွဲခြင်းလှော်တက်ဖြင့်လှော်ကာ ဝေဒနာ

မြစ်ကြောအတိုင်း အဆွေးပင်လယ်သို့ရောက်အောင် ကြိုတင် သွားရောက်နေထိုင်ပါရန် လေးစားစွာဖြင့်

အသိပေးနှိုးဆော်အပ်ပါသည်။

အချစ်လေဗေဒဦးစီးရေးဌာန၊

မေတ္တာရေးဝန်ကြီးဌာန



ရိုးရိုးကျင့်လို့

မြင့်မြင့်ကြံဟု
ငယ်ငယ်တုန်းက
စာအံသံတွေ
နှလုံးသားမှာ
စူးနှစ်မြဲစွာ
ဒုကွအပေါင်း
သရဖူဆောင်း
အနာဂါတ်မှာ
နာကျင်ခြင်းနဲ့
ဆူးခင်းလမ်းမှာ
ဖိနပ်မပါပဲ
လျှောက်လှမ်းရကာ
ကူညီတောင်းဖို့
အနားမှာလဲ
ဘယ်သူမှမရှိ
ဆက်လျှောက်လှမ်းကာ
ဆူးတွေနှိမ့်စက်
နာကျင်လှလည်း
ကြိတ်မှိတ်ခံလျှက်
ဆုံးခန်းတိုင်အောင်
လျှောက်နေမြဲတည်း။.....
........lovingbird




လုံးပါးပါးဆဲ

ငါ့ဘ၀ကို
ဖောက်ပြန်မှု့များ
သည်ဆောင်လာတဲ့
ခါသီးမှု့နဲ့
နေ့ရက်များမှာ
တနေ့တစ်ခြား
တိုးတက်လာတဲ့
ဒုကွတွေကို
ထုခွဲရောင်ငြီး
မပြောင်းလွဲသော
မနက်ဖြန်မှာ
ချိုမြိန်ခြင်းကို
ငတ်မွတ်တမ်းတ
တရစ်ဝဲ၀ဲ
လမ်းဟောင်းထဲမှာ
စမ်းတ၀ါးဝါး
မျော်လက်ချက်တို့
ပြီးဆုံးသွားသော
နေ့ရက်များတောင်
နှစ်တွေအဖြစ်
အလီလီပြောင်းခဲ့ပြီ....။
..................lovingbird





(အခုတော့....ငါ့ဘ၀)

မိးတောက်ငယ်မို့
သတိမထား
အနားကပ်လို့
အားထားခိုလှုံ
လုံခြုံမိခဲ့
မိးတောက်ကြီးက
တစ်စစပွား
လောင်ကျွှမ်းလာသော်
အို..ပူလှချည်
လောင်လှချည်ရဲ့
အမိုက်သားငါ
လောင်မြိုက်မိပြီ
မငြိမ်းသတ်နှိုင်
ကြီးစွလောင်မီး
ငါခနွ့ာမှာ
လောင်စာအဖြင့်
လောင်မြိုက်ပြီးကာ
ပြာကျပျက်စီး
ငါ့ဘ၀ကြီး
ရလဒ်မဲ့ကာ
ဆုံးခန်းတိုင်ခဲ့ပြီ.....။
.....lovingbird




ဥယျဉ်မှုး

ရေလောင်းပေါင်းသင်
စိုက်ပျိုး အပင်
ပြုစုမွေးလည်း
ကောင်းသည့်ဟန်နဲ့
ဟိုသည်ယိမ်းငဲ့
မခိုင်ကျည်ဘဲ
မပန်ကောင်းသော
ပန်းများသာပင်
ဖူးပွင့်လာရ်ျ
ရင်ထုမနာ
ဥယျဉ်မှုးမှာ
တိုက်တိုက်တိုးတိုး
ခိုခိုက်ဆိုးရ်ျ
နာကျင်ခြင်းများ
ရင်ထဲပြည့်လျှံ
ရူးသလိုဟန်နဲ့
မျော်လင့်ချက်များ
မဆုပ်မနစ်ပဲ
ဘ၀၀င်ကဘာ
လူ့ဝန်းကျင်မှာ
ချာလည်ပတ်ကာ
ထွက်ပေါက်မတွေ့ခဲ့....။
(မှတ်ချက်) စာလုံးဆက်ရိုက်မရလို့စာကိုပြင်ပြီးဖတ်ပါရန်
.....lovingbird




(မှန်လား)
လူတို့ပြည်ရွာ
ဤကမ္ဘာမှာ
ပျောက်ကွယ်ရှားပါး
အမှန်တရား
ရိုးသားသူလည်း
အရူးထင်လို
မှားနေပါလည်း
လက်မခံလို
မိုက်ရဲသူကို
ဆရာကြီးဆို
ငွေသာရလျှင်
ကောင်းဆိုးမမြင်
ငွေသည်သာပင်
လောကဘုရင်
လးတိုင်းချစ်ခင်
တန်ခိုးကြီးရှင်
ပြုနှိုင်စွမ်းငင်
ဘ၀လိုအင်
သူခိုင်းစေရာ
ငိုသူတွေငို
ရည်သူတွေရည်
ပြုကြရပေသည်။
......lovingbird




တိမ်ညိုမှိုင်းမှိုင်း
တေားအုပ်ဆိုင်းဆိုင်း
သားရှိုင်းထူပြော
တေားတွင်းနန်းမှာ
နိဗွာန်မသိ
အမှားများစွာ
လောဘလွမ်းခြုံ
မေားဟဘုံမှာ
အတ်တများနဲ့
အလင်းမမြင်
ခရီးအမှောင်မှာ
မျော်လင့်ချက်များ
မှုံဝါးခဲ့ပြီ
မဆုတ်မနစ်
ယုံကြည်ချက်များ
လမ်းရွေးမှားကာ
မုဆိုးထောင်ထား
ကျော့ကွင်းထဲသို့
သက်ဆင်းခဲ့ပြီ
ငါ့ဘ၀တည်း။............
...(မှတ်ချက်)...စာလုံးဆင့်ရိုက်လို့မရသောကြောင့် စာကိုပြင်ဖတ်ပေးပါရန်
.....lovingbird




(လူ့ဘ၀တစ်ခုရဲ့အစ)

ဘ၀မှာ ရှင်သန်ရပ်တည်နှိုင်ဖို့အိမ်တစ်လုံးမရှိမဖြစ်လိုအပ်တယ် အိမ်ဆိုသည်မှာလူ့ဘ၀ရဲ့ အရေးကြီးဆုံးဟုလည်းဆိုနှိုင်သည်အိမ်ရှိနေပေမယ့်လည်းဒီအိမ်ဟာ အကြာကြီးနေထိုင်ရဖို့အတွက် ခိုင်ခံ့မှု့ရှိရမယ် အမိုးလှုံရမယ် အကာဆီးကောင်းမွန်ရမယ်ထိုမှသာလျှင် ဘ၀တစ်ခုအတွက် စိတ်ချလက်ချ နသုံးဝင်တဲ့အိမ်တစ်လုံး ဖြစ်လိမ့်မယ်
သင့်ဘ၀လမ်း
အစပြုဖို့ရန်
လိုအပ်သည့်အိမ်
လှပခိုင်ခံ့
အမိုးလုံခြုံ
အကာဆီးမှာ
ကောင်းသည့်ဟန်တူ
ရှိပေသော်ကား
စိတ်ချလက်ချ
သင့်ရဲ့ဘဝ
ရောင်ရဲတင်းတိမ်
မရှိမဖြစ်အိမ်...

....lovingbird





ငါ့..(အနာဂါတ်)
မီးတောက်ငယ်မို့
ငါ့ပေါ့ဆလို့
လောင်ကျွှမ်းနှိုင်တာ
သတိမထား
အနားကပ်လို့
အားထားခိုလုံ
လုံခြုံမိခဲ့
မီးတောက်ကြီးမား
တစ်စစပွား
ကိုက်မြိုဝါးစား
အိုပူလှချည်
လောင်လှချီရဲ့
နှောင်မှသိခဲ့
အမိုက်သားငါ
လောင်မြိုက်မိပြီ
မငြိမ်းသတ်နှိုင်
ကြီးစွာလောင်ကာ
တစ်စစနဲ့
လောင်စာမီးဖြစ်
လောင်ကျွှမ်းပြီးကာ
ငါ့ဘ၀ကြီး
ထိုမီးလောင်စာ
ပြာကျပျက်သုန်း
အနာဂါတ်ဆုံးခဲ့ပြီပေါ့............
..............................lovingbird





.. (ပဒုမ္မာ)...နှိုင်ငံရပ်ခြားဤ ဝေးမြေမှာဒုက္ခတွေကြားရောက်နေငြားလည်းကိုယ်ကျိုးမငဲ့အများကျိုးကိုဆောင်ရွက်ပိုးလို့ပန်းလှမေတ္တာပဒုမ္မာလိုမုန်တိုင်းလေထန်တိုက်ခတ်ကြမ်းလည်းပျက်စီးမကြွေလန်းနေမြဲပေရနံ့ပြယ်လေနှောက်လူငယ်များကျင့်မှတ်သားလို့ပဒုမ္မာပန်းထာဝရလန်းထိုပန်းပွင့်ကိုနှိုင်းဆခြေခံကျင့်မှတ်သားကသင့်ဘ၀ချမ်းသာပန်းမျိုးပဒုမ္မာ............lovingbird
အလွမ်းကဗျာ
မျက်နှာ နေလမမြင်ရတဲ့ အခါဘ၀ဟာ မှောင်အတိအလှမရှိတော့ပြီ....
မျှော်လင့် ရင်မှာ
နွမ်းလျ ပူလောင်
အားလျော့ စိတ်ပန်း
အလွမ်း လက်တို့
နွမ်းဖို့ နမိတ်လေလား
သောက ..ရက်
ဝေဒနာ..ရက်
ခံစားရတဲ့...ရက်
တဖြည်းဖြည်း များလာရင်
ဝေးကွာခြင်း အသိ
စိုးထိတ် ရင်ထဲ
လှောင်မြှိုက် အသဲကို
သဲကျွမ်း ခံစား
လွမ်းရ ဝေဒနာ
အစုစုကို..........
လွမ်းကဗျာ အဖြစ်ဖန်တီးရင်း
ခရီးဆက်ကာ........
ကဗျာရှည်တစ်ပုဒ်...ငါဆက်ရေးနေတော့မည်။
မျှော်လင့် ရင်မှာနွမ်းလျ ပူလောင်အားလျော့ စိတ်ပန်းအလွမ်း လက်တို့နွမ်းဖို့ နမိတ်လေလားသောက ..ရက်ဝေဒနာ..ရက်ခံစားရတဲ့...ရက်တဖြည်းဖြည်း များလာရင်ဝေးကွာခြင်း အသိစိုးထိတ် ရင်ထဲလှောင်မြှိုက် အသဲကိုသဲကျွမ်း ခံစားလွမ်းရ ဝေဒနာအစုစုကို..........လွမ်းကဗျာ အဖြစ်ဖန်တီးရင်းခရီးဆက်ကာ........ကဗျာရှည်တစ်ပုဒ်...ငါဆက်ရေးနေတော့မည်။မျှော်လင့် ရင်မှာနွမ်းလျ ပူလောင်အားလျော့ စိတ်ပန်းအလွမ်း လက်တို့နွမ်းဖို့ နမိတ်လေလားသောက ..ရက်ဝေဒနာ..ရက်ခံစားရတဲ့...ရက်တဖြည်းဖြည်း များလာရင်ဝေးကွာခြင်း အသိစိုးထိတ် ရင်ထဲလှောင်မြှိုက် အသဲကိုသဲကျွမ်း ခံစားလွမ်းရ ဝေဒနာအစုစုကို..........လွမ်းကဗျာ အဖြစ်ဖန်တီးရင်းခရီးဆက်ကာ........ကဗျာရှည်တစ်ပုဒ်...ငါဆက်ရေးနေတော့မည်။




0 သခ်င်သာလျှင်:

Post a Comment

တင်ထားသမျှပြန်ကြည့်ရန်

နည်းပညာများ (81) ဘလော့ပညာများ (44) သတင်း (44) ဖုန်းနည်းပညာ (14) Ebooks (11) Computer ဆိုင်ရာ (7) Wifi ဆိုင်ရာများ (7) ကဗျာများ (5) ဖုန်းဆော့ဝဲလ် (5) ဗဟုသုတများ (4) ဘုရား၊တရား၊သံဃာ (3) Android ဆိုင်ရာများ (2) Window ဆိုင်ရာ (2) စာပေများ (2) ဓမ္ဓ ကျမ်းစာများ (2) ဓါတ်ပုံ (2) သီချင်းများ (2) အွန်လိုင်းငွေရှာနည်း (2) ဆော့ဝဲ (2) ၀တ္ထုရှည် (2) (facebook hacker) (1) Facebook ဖျက်နည်း (1) Wifi Hack တဲ့ခါ ဘာတွေလိုအပ်လဲ (1) YoutubeမှဗီဒီယိုDownloadယူနည်း (1) facebook Cover photos (1) ios ဆိုင်ရာများ (1) zawgyi font for windows 8 (1) ကွန်ပြူတာမှviber သို့ (1) တရားတော်များ (1) ဖုန်း Myanmar Font (1) ဘန်ကောက် စာပေဟောပြောပွဲ(၁) (1) သီးသန့်စုဆောင်းထားခြင်း (1) အထွေထွေ (1) ရွှေပါရမီပညာဒါန (1) အောင်ဆန်း-အက်တလီ စာချုပ် (1) မြန်မာ ဇော်ဂျီ၁ (1) မြန်မာစာ facebook (1) နိုင်ငံရေး စာအုပ်များ အွန်လိုင်းမှာဖတ်ရန် (1)