"ကျောင်းတော်ကြီးကသူငယ်ချင်းများ"
ဆုံစည်းရပ်ဝန်း ကျောင်းတော်ကြီးမှာ
ကျောင်းတက်ရက်တွေတဖည်းဖြည်းနဲ့
အမှတ်တမဲ့ကုန်ဆုံး သွားလည်း....
ပြောမဆုံးပေါင်တောသုံးထောင်က
ငယ်ချင်းတို့ရဲ့အကြောင်းတွေပါ
အကြောင်းဖန်လို့
ဒီနေရာကိုငါ့တစ်ယောက်တည်းရောက်ရှိ တိုင်းလည်း
တို့တစ်တွေရဲ့ရှင်သန် နေဆဲအငွေ့အသက် ကိုရှုရှိုက်မိတိုင်း
ကျောင်းတော်ကြီးမှ ခင်ခဲ့ရတဲ့ သူငယ်ချင်းတွေကိုလွမ်းမိပါရဲ့
အရာရာဟာမှုန်ဝါးသွားလည်း
ခင်မင်မှုစစ်အရောင် မညစ်ဘဲ
ခံစားချက်နဲ့နံရံတွေပေါ်
ရေးခြစ်ခဲ့တဲ့ကဗျာတွေဟာ
ယခုထိတိုင်မပျောက်ပျက်ဘဲ
သစ္စာရှိစွာတည်နေဆဲပါ
တစ်ချိန်ချိန်မှာအသက်ရွယ်ကြောင့်
ငါ့ဦးနှောက်ကမေ့သွားခဲ့လည်းနှလုံးသား ကမှတ်မိနေမှာ
ငယ်ချင်းတို့ရဲ့အကြောင်းတွေပါ
မူရင်း.....Than Sin
မှတ်ချက်။ ကဗျာနဲ့လှိုက်ဖက်အောင် ပုံကို google chrome မှယူထားပါသည်။
0 သခ်င်သာလျှင်:
Post a Comment