မရမ်းကုန်းမြို့နယ်တွင် မီးလောင်မှုကြောင့် လူ (၇)ဦးသေဆုံးမှုဖြစ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
၁၀.၁၂.၂၀၁၃ရက်နေ့ ၀၀၂၅အချိန်မရမ်းကုန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ
မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့်ဂန္ဓမာလမ်းထောင့်ရှိ ဟိုဆေးကုန်တိုက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းအရ
သွားရောက်စစ်ဆေးရာ ၎င်းကုန်တိုက်၏အပေါ်ဆုံးထပ်ရှိ Venus Garden Spa အလှပြင်ဆိုင်တွင် လျှပ်စစ်မီးပူအားမီးပလပ်ထိုးထားရာမှ အပူချိန်လွန်ကဲကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး
အဆိုပါမီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂၄)စီး၊ အုပ်ချုပ်မှုယာဉ် (၆)စီးတို့ဖြင့်မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ ကျား (၃)ဦး၊ မ(၂)ဦး၊ ကျား/မခွဲမရ (၂)ဦး၊
စုစုပေါင်း (၇)ဦးသေဆုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၅၆၇၅၀၀၀)ခန့်
ဆုံးရှုံးခဲ့သောကြောင့် မီးကိုပေါ့ဆစွာသုံးစွဲသူ ထွန်းထွန်းနိုင် (ဘ)ဦဟုန်တုံငုံအပေါ် မရမ်းကုန်းမြို့မရဲစခန်း(ပ)၅၁၁/၂၀၁၃၊
ပုဒ်မ ၃၀၄-က/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း
သတင်းရရှိပါသည်။
Yangon Police

0 သခ်င်သာလျှင်:
Post a Comment