1

(မန်ဘာဝင်ရောက်ခြင်းဖြင့်အားပေးကြပါနော်)

1/8/14

ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ (၂)

မင်္ဂလာပါနော်....ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ(၁)ကို ပြီးခဲ့တဲ့ ၃ ရက်ကတင်ပြီးပါပြီ အခု တင်တာကတော့ အပိုင်း(၂)ပါခင်ဗျား တရားကိုချစ်တဲ့မိတ်ဆွေအပေါင်း ပျော်ရွင်ဝမ်းမြောက်စွာ ဖတ်ရှုနှိုင်ပါပြီ.......


ပါဠိသက်သက် ရွတ်နေတာထက် ပါဠိ-မြန်မာတွဲပွားတာ၊ သိုမဟုတ် မြန်မာလိုသက်သက် ပွားတာက အခေါက်ရေ၊ အပတ်ရေတာ့ နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ကျပ်တန် အရွက်တစ်ရာထက် တစ်ထောင်တန်ရွက်က ပိုတန်ဖိုးကြီးတာမို့ အခေါက်ရေ၊ အပတ်ရေဆိုတဲ့ အရေအတွက်ကို အဓိကမထားပဲ တစ်ခေါက်ဆို တစ်ခေါက် အရည်အသွေးပြည့်ဝဖို့ကိုပဲ ဦးစားပေးစေချင်ပါတယ်။

မြန်မာလို ဆက်တိုက်ပွားနေပြီးမှ အဓိပ္ပာယ်ဆက်တိုက်သိပြီး ဘုရားကို ကြည်ညိုစေတဲ့စိတ်တွေလည်း ဆက်တိုက်ဖြစ်ပေါ်လာတတ်ပါတယ်။ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေလည်း နှလုံးသားမှာ ဆက်တိုက် ကူးစက်လာပါတယ်။

မြန်မာလို အဓိပ္ပာယ်သိမနေပဲနဲ့ မြန်မာတစ်ယောက်ရဲ့ နှလုံးသားမှာ ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေ ကူးစက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်ခဲ့ရင်တောင်မှ နည်းနည်းပါးပါး လျာလျားလှပ်လှပ် မဆိုစလောက်လေးပဲ ဖြစ်ပါလိမ့်မယ်။ ပါဠိသက်သက် ရွတ်ပွားနေတဲ့အတွက် ကုသိုလတ်တော့ ရချင် ရမှာပေါ့။ ဓာတ်ကူးစက်ဖို့တော့ သိပ်မလွယ်ပါဘူး။

မီးအားပြည့်မှ မိတ္တူအရည်အသွေးကောင်းသလို သတိဝီရိယ အားကောင်းမှလည်း ဓာတ်ကူးစက်မှု အရည်အသွေး ပြည့်ဝနိုင်ပါတယ်။ ဘုရားရှေ့ရောက်မှ ဂုဏ်တော်ပွားတာမျိုး မဟုတ်ပဲ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်း၊ စားရင်းသောက်ရင်း၊ လျှော်ရင်းဖွပ်ရင်းနဲ့ အမြဲမပြတ် မကြာမကြာ ပွားများသွားမယ်ဆိုရင် သတိဝီရိယမီးအား ကောင်းတဲ့အတွက် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ချင်တိုင်း ကူးစက်ပြီး ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားဟာလည်း အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်နေတော့မှာပဲ။

မိတ္တူစာရွက် အရည်အသွေးကောင်းမှ မိတ္တူပုံရိပ် ပိုထင်ရှားသလို စိတ်အခံ ဖြူဖွေးသန့်စင်မှ ဓာတ်ကူးစက်မှု ပိုထင်ရှားနိုင်ပါတယ်။ စိတ်အခံ ဖြူဖွေးသန့်စင်ဖို့အတွက် စိတ်ကောင်းနှလုံးကောင်း လည်းမွေး၊ လေ၀င် တိုင်း လေထွက်တိုင်း နှသီးဝမှာ လေထိသွားတဲ့ သဘောကိုလည်း မကြာခဏ သတိကပ် ရှုမတ်ပြီး ကိုယ့်စိတ်ကို ဖွပ်လျှော် ပေးသင့်တယ်။

စနစ်တကျ ဂုဏ်တော်ပွားခြင်းကြောင့် ဘုရားမှာရှိတဲ့ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်ပြီး စိတ်ကောင်းစိတ်မြတ် ပိုင်ဆိုင်သူ လူကောင်းလူမြတ် ဖြစ်နိုင်ပါတယ်။ မကောင်းမှု အကု သိုလ်တွေ ရှောင်ကြဉ်ဖြစ်ပြီး ကောင်းမှုကုသိုလ်တွေ တစ်နေ့တစ်ခြား တိုးပွားလာနိုင်ပါတယ်။ စိတ်ဓာတ်ခိုင်မာရင့်ကျက်ပြီး အသိဥာဏ် တိုးတက်မြင့်မား လာနိုင်ပါ တယ်။ ကောင်းမြတ်တဲ့ ကံဟောင်း၊ ကံသစ်တွေ လမ်းပွင့်ပြီး စည်းစိမ်အထွေထွေ၊ ကျက်သရေ အမျိုးမျိုးနဲ့ ပြည့်စုံနိုင်ပါတယ်။ ကံအရှိနဲ့ ထိုက်တန်စွာ လိုတိုင်းရ တတိုင်းပြီးနိုင်ပါတယ်။ အနာဂတ် သံသရာမှာလည်း ထူးခြားဆန်းကြယ် အံ့သြဖွယ်ကောင်းတဲ့ အကျိုးတရားတွေ အလျှံပယ် ရရှိနိုင်ပါတယ်။ နောက်ဆုံးမှာ မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်ပြီး သံသရာဇာတ်သိမ်း ဒုက္ခငြိမ်းနိုင်ပါတယ်။

ကိုယ့်စိတ်မှာ သောကတစ်ခုခု ဖြစ်နေတဲ့အချိန် ဘုရားဂုဏ်တော် ဘယ်လိုပွားရမလဲ စဉ်းစားမနေပါနဲ့။ ' သောက်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား' လို့သာ ထပ်တလဲလဲ ပွားလိုက် ပါ။ နှလုံးသား ထဲက သောကမီးတောက်တွေ ချက်ချင်း၊ သို့မဟုတ် တဖြည်းဖြည်း ငြိမ်းသွားပါလိမ့်မယ်။

'ကိုယ်တော်တိုင်သာ သောကငြိမ်းတာ မဟုတ်ဘူး၊ သတ္တ၀ါတွေရဲ့ သောကကိုလည်း ငြိမ်းအောင် လုပ်ပေးတယ်။ သတ္တ၀ါ ဝေနေယျတွေရဲ့ သောကဆူးငြောင့်ကို ပယ်နုတ်ပေးတော် မူသော မြတ်စွာ ဘုရား၊ သောကငြိမ်းကြောင်း တရားဟောင်းများကို ဟောကြားတော်မူသော မြတ်စွာဘုရား' လို့ပါ ပွားများနိုင်မယ်ဆိုရင်တော့ စိတ်ထဲက သောကမီးတွေ ငြိမ်းအေးသွားတဲ့အပြင် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးတဲ့ စိတ်တွေလည်း အလေးအနက် ပေါ်ပေါက်လာပါတယ်။ သူတစ်ပါးတို့ရဲ့ သောကကို ပယ်ပျောက်ပေးချင်တဲ့ မေတ္တာတရားတွေလည်း တိုးပွားလာပါတယ်။

ဒီလိုဆိုရင် ဂုဏ်တော်ပွားတာဟာ အန္တရာယ်ကင်း၊ လာဘ်ရွှင်ဖို့၊ စီးပွားတက်၊ ရာထူးတိုးဖို့၊ အကြံအောင်မြင်၊ လိုအင်ပြည့်ဝဖို့ မဟုတ်ဘူးဆိုတာ သဘောပေါက်လောက်ပါပြီ။ ကိုယ့်စိတ်ဓာတ်နဲ့ ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင် ပြုပြင်ဖန်တီး တည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။

စိတ်ဓာတ်နဲ့ လုပ်ရပ်အကျိုးရနေမှတော့ အန္တရာယ်ကင်း၊ လာဘ်ရွှင် စတဲ့ဘေးထွက်အကျိုးတွေကို တမင်တောင့်တနေစရာ မလိုတော့ပါဘူး။ မလိုချင်အဆုံး ရမှာပါ။ တကယ်တော့ အဲဒီ ဘေးထွက် ဆိုး ကျိုးတွေက မလွမ်းလောက်စရာ ပါမွှားအကျိုးတွေပါပဲ။

ဂုဏ်တော်ပွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်သက်ဝမ်းမြောက်မှု၊ ငြိမ်းအေးကြည်လင်မှုတွေကို သတိပဋ္ဌာန်နည်းအတိုင်း ' ၀မ်းမြောက်တယ်'၊ 'ငြိမ်းအေးတယ် ' .... စသည်အားဖြင့် ဖြစ်ပျက်မြင်တဲ့အထိ ၀ိပဿနာ ဆက်ရှုနိုင်မယ်ဆိုရင် ဖြစ်ပျက်ဥာဏ် အထွတ်အထိပ် ရောက်သွားတဲ့အခါ မဖြစ်မပျက်ဥာဏ် ပွားခနဲ ပေါ်လာနိုင်ပါတယ်။ မဖြစ်မပျက်က နိဗ္ဗာန်၊ မဖြစ်မပျက်ဥာဏ်ဥာဏ်( မဖြစ်မပျက် မြင်တဲ့ဥာဏ်)က မဂ်ဥာဏ်ပါ။ ဂုဏ်တော်ကို ပင်တိုင်ထားပြီး ပွားရင်လည် နိဗ္ဗာန်ရောက်နိုင်တယ်လို့ ဆိုလိုပါတယ်။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ခုနစ်နှစ် သား ကလေးငယ်တစ်ဦး ဂုဏ်တော်ပွားရင်းနဲ့ ရဟန္တာဖြစ်ခဲ့ ဖူးပါတယ်။ ဂုဏ်တော်ပွားလိုက်၊ ဖြစ်လာတဲ့ ပီတိနဲ့တကွ ရုပ်နာမ်တွေကို ၀ိပဿနာရှုလိုက်၊ ဂုဏ်တော် တစ်လှည့်၊ ၀ိပဿနာတစ်လှည့် ပွားရှုလိုက်တာ တစ်ထိုင်တည်းနဲ့ ရဟန္တာဖြစ်သွားခဲ့ပါတယ်။ လူဝတ်နဲ့ ခုနစ်နှစ်အရွယ်မှာ ရဟန္တာဖြစ်ပြီးမှ ရဟန်းဘ၀ ကူးပြောင်းလိုက်တာပါ။

ပါဠိလို ဂုဏ်တော်ပွားတာထက် မြန်မာလို ဂုဏ်တော်ပွားတာက ဂုဏ်တော်ရဲ့ ဓာတ်သတ္တိတွေ နှလုံးသား ထဲပိုပြီး စိမ့်ဝင်ပျံ့နှံ့ကူးစက် စွဲထင်တယ်ဆိုတာကို လက်တွေ့စမ်း သပ်ကြည့်နိုင်ဖို့ အတွက် ဘုရားရှင်ရဲ့ ဂုဏ်တော်တစ်ချို့ကို မြန်မာလို လက်ဆင့်ကမ်းလိုက်ပါတယ်။

'စွဲလမ်းခြင်း ကင်းတော်မူသော မြတ်စွာဘုရား'

'စိတ်ဆင်းရဲခြင်း ကင်းတော်မူသော မြတ်စွာဘုရား'

'ဒေါသအမျက် ကင်းစင်တော်မူသော မြတ်စွာဘုရား'

'မေတ္တာတရား ကြီးမားတော်မူသော မြတ်စွာဘုရား '

'သိစရာအားလုံး သိတော်မူသော မြတ်စွာဘုရား '

'မှန်ကန်၍ အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား'

' အမြဲတမ်း စိတ်အေးချမ်းတော်မူသော မြတ်စွာဘုရား'

'အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်တော်မူသော မြတ်စွာဘုရား '

ဘုရားဂုဏ်တော် ပွားတယ်ဆိုတာ . . . ဘုရားအကြောင်း စဉ်းစားတာပါပဲ။ ကိုယ်သိထားသလို ရိုးရိုးရှင်းရှင်း စဉ်းစားရင် ဘုရားကိုလည်း ပိုကြည်ညို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပြုပြင်ပြောင်းလဲပြီးသား ဖြစ်သွားပါတယ်။

သတ္တ၀ါအားလုံး ကိုယ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ နှလုံးသားမိတ္တူမှ ကောက်နှုတ်တင်ပြပါသည်။

သခင်သာလျှင်မှာ လာရောက်လည်ပတ်ကြသော မိတ်ဆွေများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့သခင်သာလျှင်ဆိုဒ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်....

သခင်သာလျှင်မှ တင်သမျှပို့စ်တွေကို fb မှာဖတ်ချင်ရင် ဒီမှာ like နှိပ်ပါ

သခင်သာလျှင်ဆိုဒ် တင်သမျှပို့စ်တွေကို မည်သူမဆို လွတ်လပ်စွာ ယူသွားနှိုင်ပါတယ်နော်.....
သခင်သာလျှင်ဆိုဒ်တွင် ဆက်လက်လည်ပတ်လိုပါက ဒီမှာ နှိပ်ပါ

0 သခ်င်သာလျှင်:

Post a Comment

တင်ထားသမျှပြန်ကြည့်ရန်

နည်းပညာများ (81) ဘလော့ပညာများ (44) သတင်း (44) ဖုန်းနည်းပညာ (14) Ebooks (11) Computer ဆိုင်ရာ (7) Wifi ဆိုင်ရာများ (7) ကဗျာများ (5) ဖုန်းဆော့ဝဲလ် (5) ဗဟုသုတများ (4) ဘုရား၊တရား၊သံဃာ (3) Android ဆိုင်ရာများ (2) Window ဆိုင်ရာ (2) စာပေများ (2) ဓမ္ဓ ကျမ်းစာများ (2) ဓါတ်ပုံ (2) သီချင်းများ (2) အွန်လိုင်းငွေရှာနည်း (2) ဆော့ဝဲ (2) ၀တ္ထုရှည် (2) (facebook hacker) (1) Facebook ဖျက်နည်း (1) Wifi Hack တဲ့ခါ ဘာတွေလိုအပ်လဲ (1) YoutubeမှဗီဒီယိုDownloadယူနည်း (1) facebook Cover photos (1) ios ဆိုင်ရာများ (1) zawgyi font for windows 8 (1) ကွန်ပြူတာမှviber သို့ (1) တရားတော်များ (1) ဖုန်း Myanmar Font (1) ဘန်ကောက် စာပေဟောပြောပွဲ(၁) (1) သီးသန့်စုဆောင်းထားခြင်း (1) အထွေထွေ (1) ရွှေပါရမီပညာဒါန (1) အောင်ဆန်း-အက်တလီ စာချုပ် (1) မြန်မာ ဇော်ဂျီ၁ (1) မြန်မာစာ facebook (1) နိုင်ငံရေး စာအုပ်များ အွန်လိုင်းမှာဖတ်ရန် (1)