1

(မန်ဘာဝင်ရောက်ခြင်းဖြင့်အားပေးကြပါနော်)

12/5/13

သတင်း

မရမ်းကုန်းမြို့နယ် ယာဉ်တိုက်မှုဖြစ်ပွား အမျိုးသမီးငယ် သုံးဦးသေဆုံး ၊ တစ်ဦးဒဏ်ရာ အပြင်းအထန်ရရှိ
==========================

ရန်ကုန် ၊ ၆-၁၂-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၅) ရပ်ကွက် ၊ ဥက္ကလာလမ်း (လေဆိပ်လမ်း) ၌ ယမန်နေ့ နံနက် ၇ နာရီ မိနစ် ၅၀ တွင် ယာဉ်တိုက်မှု တ်စခု ဖြစ်ပွားခဲ့ရာ အမျိုးသမီး သုံးဦး အခင်းဖြစ်ပွား ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ညီစိုး ၃၇ နှစ် (ဘ) ဦးအောင်ချိန် ( ခရေဖြူလမ်း (၁၀) ရပ်ကွက် ၊ ရွှေပြည်သာ နေသူ ) မောင်းနှင် လာသော ခရီးသည်တင် ( ၄၈ အထူး ယာဉ်လိုင်း ) ဇူးစီးတီးဘတ် အမျိုးအစား ( အဖြူ/ အစိမ်း ) ရောင်မှန်လုံ ( ကားကြီး ) ယာဉ်သည် ဥက္ကလာလမ်း (လေဆိပ်လမ်း) အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင် လာစဉ် သုခလမ်း အလွန် အရောက်တွင် ဘရိတ် ချွတ်ယွင်းကာ ယာဘက် လမ်းဘေးတွင် လမ်းလျှောက် နေသော မရမ်းကုန်း မြို့နယ် အမှတ်(၅) ရပ်ကွက် နေထိုင် သူများ ဖြစ်ကြသည့် မကျော့ယဉ်ထွန်း ၃၄ နှစ် (ဘ) ဦးကျောက် ၊ မဆွေဇင်ထက် ၁၀ နှစ် (ဘ) ဦးဟန်သိန်း ၊ မမေမြတ်နိုး ၅ နှစ် (ဘ) ဦးဟန်သိန်း နှင့် မမိုးသူ (ခ) မခမ်းမို့မို့ထွေး ၂၈ နှစ် (ဘ) ဦးသံလုံးတို့ အား အရှိန် မထိန်းနိုင်ဘဲ တောက်လျှောက် ၀င်တိုက် ခဲ့ပြီး ဆက်လက်၍ လမ်းဘေးရှိ ဂျာနယ် အရောင်းဆိုင် အား တိုက်မိကာ ရပ်တန့် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မဆွေဇင်ထက် ၊ မမေမြတ်မိုး နှင့် မမိုးသူ (ခ) မခမ်းမို့မို့ထွေး တို့ သုံးဦးသည် အခင်း ဖြစ်ပွားရာ နေရာ၌ပင် သေဆုံး သွားခဲ့ပြီး မကျော့ယဉ်ထွန်း မှာ ယာတင်ပါး ပေါက်ပြဲ ဒဏ်ရာ ရရှိပြီး မြောက် ဥက္ကလာပ ဆေးရုံကြီး တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိသည်။

ထို ဖြစ်ပွားမှု နှင့် ပတ်သက်၍ အများ ပြည်သူ ဆိုင်ရာ နေရာတွင် ယာဉ် မဆင်မခြင် မောင်းနှင်၍ လူများ သေဆုံး ဒဏ်ရာရရှိပြီး ပျက်စီးခဲ့မှု အပေါ် ယာဉ်မောင်း ညီစိုး အား မရမ်းကုန်း မြို့မ ရဲစခန်း ၌ ပ/၉၄ အရ အမှုဖွင့်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၊ ၂၉၇ / ၃၃၈ / ၃၀၄(က) အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

0 သခ်င်သာလျှင်:

Post a Comment

တင်ထားသမျှပြန်ကြည့်ရန်

နည်းပညာများ (81) ဘလော့ပညာများ (44) သတင်း (44) ဖုန်းနည်းပညာ (14) Ebooks (11) Computer ဆိုင်ရာ (7) Wifi ဆိုင်ရာများ (7) ကဗျာများ (5) ဖုန်းဆော့ဝဲလ် (5) ဗဟုသုတများ (4) ဘုရား၊တရား၊သံဃာ (3) Android ဆိုင်ရာများ (2) Window ဆိုင်ရာ (2) စာပေများ (2) ဓမ္ဓ ကျမ်းစာများ (2) ဓါတ်ပုံ (2) သီချင်းများ (2) အွန်လိုင်းငွေရှာနည်း (2) ဆော့ဝဲ (2) ၀တ္ထုရှည် (2) (facebook hacker) (1) Facebook ဖျက်နည်း (1) Wifi Hack တဲ့ခါ ဘာတွေလိုအပ်လဲ (1) YoutubeမှဗီဒီယိုDownloadယူနည်း (1) facebook Cover photos (1) ios ဆိုင်ရာများ (1) zawgyi font for windows 8 (1) ကွန်ပြူတာမှviber သို့ (1) တရားတော်များ (1) ဖုန်း Myanmar Font (1) ဘန်ကောက် စာပေဟောပြောပွဲ(၁) (1) သီးသန့်စုဆောင်းထားခြင်း (1) အထွေထွေ (1) ရွှေပါရမီပညာဒါန (1) အောင်ဆန်း-အက်တလီ စာချုပ် (1) မြန်မာ ဇော်ဂျီ၁ (1) မြန်မာစာ facebook (1) နိုင်ငံရေး စာအုပ်များ အွန်လိုင်းမှာဖတ်ရန် (1)