ဖိုးသုည(သို့)လာလဲသုည....အပြန်သုည
ရှိစုမဲ့စု ရောင်းပေါင်ကာ ထိုင်းနှိုင်ငံသို့လာရည်ရွယ်ချက်တွေ ကြီးစွာထား ကြိုးစားလိုက်မယ်တစ်အား
ရောက်ခါစမှာ ကြိုးစားရှာ ဘာမှမသိရိုးသားစွာ
ခဏကြာတော့ လာပြီပေါ့ ဖုန်းနဲ့ပါးစပ်ဆော့
ဘီယာကလပ် အရက်ဆိုင် တွေ့ရာအကုန်ထိုင်
သူပြိုင်ငါပြိုင် သုံးစွဲကြွား ငွေကြေးမစုအား
ဘ၀မေ့ကာ သောက်စားပျော် လမ်းပျောက်သွားပြီနော်
ရည်ရွယ်ချက်တွေ မှုံဝါးဝါး ဘာမှမစဉ်းစား
သောက်စားပျော်ပါး လိုက်ကာစား နေ့ညသူမနား
သွားလိုက်စားတဲ့ ဟိုအဆောင်မှာ ခဏခဏပါ
ကူးစက်ရေားဂါ ၀င်ပြီဗျ လေးလုံးရောဂါရ
ပုလိပ်တေားမောင်း ၀င်ရောက်ရှာ ဖမ်းဆီးပြန်တဲ့အခါ
မိတဲ့အထဲမှာ သူလဲပါ ထောင်ကျပြီးတော့ပြန်ရရှာ
ရွာပြန်ရောက်တော့ နေစရာမတွေ့ ဒုကွတွေနဲ့အပြည့်
အိမ်ပြန်လက်ဆောင် ပါခဲ့တာ ကူးစက်ရောဂါပါ
ကူးစက်ရောဂါ ပိုးတွေထ အနားကိုဘယ်သူမှမကပ်ကြ
ရွာအပြင်က တဲ့အစုတ်မှာ သူတစ်ယောက်တည်းနေရရှာ
အမိုက်နှောင်တ နှောင်မှရ ဘာမှသုံးမကျ
ခွေးလိုဝက်လို သေပါရ ဘယ်သူမှမသာလာမချ
လာလဲသုည အပြန်သုည သနားစရာသူ့ဘဝ
သူ့လိုဘ၀ မရောက်ရအောင် ကြိုတင်သတိရှိမောင်
ဘ၀နှောင်ရေး ရှုမျော်တွေး သတိပညာဆေး
.......မွေးကြိုင်သောပန်းများနဲ့ ဘ၀လမ်းကို လျှောက်လှမ်းနှိုင်ပါစေ...........
...................................lovingbird...............
0 သခ်င်သာလျှင်:
Post a Comment